အပိုင်း - ၉ (Unicode)

2.1K 196 19
                                        

                    အခွင့်

      ညနေခင်း၏လေပြေညှင်းတို့ ဆော်သွေးတိုက်ခတ်ရာ ကမ်းနားလမ်းတွင် ကားနှစ်စီးဘေးချင်းယှဉ်ရပ်ထားသည်။မြစ်ဘက်ကိုခေါင်းထိုးရပ်ထားသည့်ထိုကားများရှေ့တွင် အမျိုးသမီးနှစ်ဦးကလည်း မြစ်ဘက်ကိုမျက်နှာမူလျက် မြက်ခင်းစိမ်းပေါ်တွင် ဣန္ဒြေကျနစွာထိုင်နေသည်။နေကျချိန်လည်းဖြစ်နေ၍ ကမ်းနားလမ်းတစ်လျှောက်လူသူများပြားလှသည်။

      ကမ်းနားလမ်းက သရေစာဆိုင်လေးများကလည်း ညနေနေရီရီတွင်ရောင်းအားပိုကောင်းလှသည်။ဆိုင်စေ့ လူစေ့ဖြစ်နေကြပေသည်။တစ်ဖက်ကမ်းဖြစ်သည့် အင်း၀ဘက်ခြမ်းဆီမှ လွမ်းမောဖွယ်မြင်ကွင်းကလည်း ဧရာ၀တီမြစ်၏တစ်ဖက်ကမ်း စစ်ကိုင်းဘက်မှသာမြင်ရသည်။ကမ်းနားကိုတံတားဟောင်းအောက်ဘက်မှလာခဲ့ပါမူ လမ်းဆုံးလျှင်၀င်တိုက်မည်က စစ်ကိုင်းပညာရေးကောလိပ်။ဆရာဆရာမငယ်လေးများပျိုးထောင်ပြုစုပေးရာရိပ်မြုံကြီးဖြစ်ပေသည်။

        ထိုကောလိပ်နှင့်မနီးမဝေးမြက်ခင်းပြင်တွင်ဆင်းထိုင်နေကြသည့် ဆရာမနှစ်ဦးသည်လည်း မြစ်ပြင်ကိုငေးမောကြည့်ရင်း ဈာန်၀င်နေကြပုံပင်။အတန်ကြာမှ ဒေါ်နှင်းရည်သန့်က -

"သီတာ မင်းတို့ကိုဒီကိုခေါ်လာတာအကြောင်းရှိတယ်မဟုတ်လား"

"မင်းက မင်းမပြောမချင်းမမေးပါနဲ့ဆိုလို့သာမမေးတာ"

"ဟုတ်တယ်"

"မင်းအားမအား တမင်လှမ်းမေးတာ တိုင်ပင်ချင်လို့"

"တို့စိတ်တွေလည်းမွန်းကြပ်နေတာလည်းပါတာပေါ့ရည်သန့်"

"ဘာတွေမွန်းကြပ်လဲ ပြောလေသီတာ"

"တို့များရဲ့ဧရာ၀တီက လျို့ဝှက်သိပ်သည်းစွာသိမ်းဆည်းပေးမှာပါ မင်းခံစားချက်တွေကို"

"တို့နဲ့အတူနားထောင်မယ့်ဧရာ၀တီရှိတယ်"

"မင်းမှာဘယ်လိုအသက်ရှုမ၀မှုတွေဖြစ်နေလဲ"

"တို့ပြောရင်မင်းယုံနိုင်မှာတောင်မဟုတ်ဘူး"

"မယုံနိုင်ဘူးဟုတ်လား"

"တို့ကိုတူအရီးနှစ်ယောက်လုံးကချစ်တယ်တဲ့"

"ဘယ်တူအရီးလဲသီတာ"

သီတာရေကြည်(Completed) Where stories live. Discover now