Part 1

5.1K 365 15
                                    

Unicode

လိုက်ကာစ အမဲရောင်တွေ ဖုံးလွှမ်းနေသည့် အခန်းထဲဝယ်တွင်။ လိုက်ကာစအမဲရောင်ရဲ့ လွှတ်နေသည့် ကြားကနေ အလင်းရောင်က ဟိုတစ်စ ဒီတစ်စ ဝင်ရောက်နေသည်ကို မနှစ်သက်သည်မို့ ကုတင်အစွန်းတွင် ထိုင်နေရင်းမှ မျက်မှောင်ကြုတ်ကာ သူသည် မျက်နှာလွှဲလိုက်သည်။

မျက်ဝန်းဟာ အနီရောင်ရှိနေပြီး မှောင်မဲနေသည့်အခန်းထဲ၌လည်း နှင်းဆီရိုင်းရနံ့ရှိသည့် Pheromone ဟာ သိသိသာသာ ပျံ့နှံ့လျက်ရှိပြီး ရနံ့ဟာလည်း သိပ်ကိုစူးရှနေလွန်းသည်။

ထုတ်ထားသည့် အစွယ်ကိုလည်း တစ်ချက်တစ်ချက် လျှာဖျားလေးဖြင့် ထိုးနေကာ တစ်ခုခုကို သည်းကြီးမဲကြီး စဉ်းစားနေသလိုမျိုး။

တမင်တကာ ထုတ်ထားသည့် မီးခိုရောင်မြေခွေးအမြှီးဟာလည်း ပွယောင်ယောင်ဖြင့် သိပ်ကိုကြီးမားနေပြီး အိပ်ရာခင်းထက်တွင် ဟိုရွေ့လိုက် ဒီရွေ့လိုက် လှုပ်ရှားနေသည်။

လက်ထဲက ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ တစ်ယောက်ယောက်ကို ခေါ်ဖို့ သူ စဉ်းစားနေသလိုမျိုးနှင့်။ ထို့နောက် တစ်ခုတည်းသော ထိပ်ဆုံးတွင်ရှိနေသည့် ရင်းနှီးလွန်းလှသည့် နံပါတ်တစ်ခုကို ခေါ်ဆိုလိုက်ပြီး နှုတ်ခမ်းပါးဟာလည်း အလိုကျစွာဖြင့် တွန့်ကွေးသွားသည်။

သို့ပင်မဲ့ တစ်ခနအတွင်း မျက်ဝန်းတွေဟာ ပိုပြီးနီရဲကာ စူးရဲလာလျက် ဖုန်းသည်လည်း နံရံနှင့်မိတ်ဆက်သွားကာ ကြမ်းပြင်ထက်တွင် တစ်စစီ ကွဲကြေသွားတော့ပြီး အခန်းတံခါးကို ဖွင့်လိုက်ကာ ဒုန်းဆိုင်ထွက်လာပြီး တစ်ဖက်ခန်းက တံခါးကို ထုရိုက်ကာ တစ်ယောက်ယောက်ကို ဒေါသကြီးစွာဖြင့် သူခေါ်ဆိုနေသည်။

"Kim Taehyung...တံခါးဖွင့်စမ်း...Kim Taehyung...ငါခေါ်နေတုံး တံခါးမဖွင့်ရင် ဒီတံခါးကို ချိုးဖြတ်ပြီး ဝင်လာမှာနော်...တံခါးဖွင့်"

'ချောက်'ကနဲ ပွင့်လာသည့်တံခါးနောက်တွင် မှိုင်းပြပြ အပြာရောင်မျက်ဝန်းတစ်စုံဟာရှိနေပြီး သိပ်ကိုအားနည်းနေလွန်းသည့် ခန္ဓာကိုယ်လေးတစ်ခုကို ဂျောင်ကု တွေ့လိုက်ရပေသည်။

Born to Died (Completed) Where stories live. Discover now