Part 15

2.7K 232 11
                                    

Unicode

သူ့ရဲ့ Rut နဲ့ ကျွန်တော့်ရဲ့ Heat ဝင်ခြင်းကြောင့် နှစ်ယောက်သားအတူတူ ကုန်ဆုံးပြီးခဲ့သည့်အချိန်တွင် နောက်ထပ် သုံးရက်လောက် ကျွန်တော့်မှာ အဖျားဝင်သွားခြင်းကြောင့် ထိုဟိုတယ်တွင်ဘဲ ထပ်သောင်တင်နေခဲ့ကြလေသည်။

ရိုဝမ်နဲ့လည်း အဆက်အသွယ်ပြတ်နေသည်မို့ သူကတော့ ဘာမှကို အာရုံမရှိနေဘဲ ကျွန်တော့်ကို အသေးစိတ်ကအစ ဂရုစိုက်ပေးခဲ့ခြင်းမှာ အချစ်ဆိုသည့် ခေါင်းစဉ်းအောက်ကို လုံးဝတပ်ပစ်လိုက်ချင်သည်။

ဂျောင်ကု....ဒါမှမဟုတ် မောင်က ကျွန်တော့်ကို ချစ်နေခဲ့ပြီလား။ ဒါမှမဟုတ်ရင် သူနဲ့အတူ Rut ကာလကို ကျွန်တော်က ကုန်ဆုံးပေးခဲ့ခြင်းကြောင့် အားနာခြင်းတွေနဲ့ ဒီလိုတွေလုပ်ပေးနေခဲ့သည်လားဆိုတာ မသဲကွဲသေးပေ။

သို့ပင်မဲ့ ကျွန်တော်ဟာ သူ့ကို ချစ်နေမိလို့ အရာအားလုံး လိုက်လျောခဲ့ခြင်းဖြစ်ပေသည်။

"ဟိုတယ်က ဆိုင်ထဲမှာ မောင့်ကို စောင့်နေပေးမလား...စားချင်တာလည်း မှာထားလိုက်ပေါ့...ရိုဝမ်ကို သွားခေါ်လိုက်အုံးမယ်"

"သူ့အခန်းထဲမှာ ရှိတယ်လား....ဒီရက်တွေ သူပျောက်နေသလားလို့ မောင်"

"ထင်တာပါဘဲ...အခုမှ သွားကြည့်မှာ...အဲ့တာမို့ကြောင့် မောင်တို့ကို စောင့်ရင်း စားချင်တာတွေ မှာထားလိုက်နော်"

"အော...ဟုတ်ပြီ...မင်းအတွက် ကော်ဖီထည့်မှာထားမှာမို့ မအေးခင်လာခဲ့နော်"

"မောင်သိပါပြီ"

ကျွန်တော့်ရဲ့ နဖူးထက်မှာ သူ့ရဲ့ခပ်နွေးနွေး နှုတ်ခမ်းပါးက ရောက်ရှိလာတော့ ကျွန်တော့်မှာ ပြုံးမိလျက်သားပင်။

ဘယ်လောက်တောင် ရင်ခုန်စရာကောင်းလိုက်သလဲ။ ချစ်ရသူစီက အနမ်းကို မတောင်းဆိုဘဲ ရလိုက်တဲ့အချိန်လေ။

နှစ်ယောက်အတူတူ အခန်းထဲက ထွက်လိုက်ပြီး သူက အခန်းကိုပြန်ပိတ်ကာ သွားရမည့်နေရာက မတူသည်မို့ နှစ်ယောက်သား လမ်းကမတူပေ။

"သွားတော့နော်...စားချင်တာမှာထားစားထား...မောင့်ကိုမစောင့်နဲ့"

Born to Died (Completed) Where stories live. Discover now