Part 11

2.6K 273 14
                                    

Unicode

ဒီနေ့ညတော့ အိမ်ကြီးတစ်ခုလုံးဟာ တိတ်ဆိတ်နေလျက်ရှိပြီး အိမ်ကြီးသခင်ဟာလည်း အိမ်အပေါ်ထပ် သူ့ရဲ့အခန်းထဲတွင် ပြတင်းပေါက်နားတွင် ရပ်နေကာ ကိုင်ထားသည့် ဘရန်ဒီကို တစ်စိမ့်စိမ့်သောက်နေလေသည်။

ဂျောင်ကုရဲ့ မျက်ဝန်းဟာ မသိမသာ ခြံထဲတွင် ဒူးထောက်လျက်ထိုင်နေကာ ရှိနေသည့် ထယ်ယောင်းထံတွင်ရှိနေလေသည်။

ရိုဝမ်နဲ့ သိပ်ရောနေတတ်သည့် သူ့ရဲ့ပုံစံကို စိတ်တိုမိပြီး တစ်ညလုံးအိမ်ပြင်ထုတ်ထားဖို့ ရည်ရွယ်ထားတာဖြစ်နေခဲ့သည်။

သူ့ရဲ့ လက်ဖဝါးသေးသေးလေးတွေက ခြင်တွေကိုပတ်ရိုက်နေပြီး မျက်နှာငယ်လေးဖြင့် ခြံကိုပတ်ကြည့်နေကာ တစ်ချက်တစ်ချက် အခန်းဘက်ကို ထယ်ယောင်းမှာ မော့ကြည့်လျက်ရှိသည်။

သဝန်တိုလို့ပါ....

အေးစိမ့်စိမ့်ကြားမှာ ထယ်ယောင်းသည် ညဉ့်နှက်သည်အထိ ခြင်တစ်ကိုက်ကိုက်ဖြင့် ခြံထဲတွင်ထုတ်ခံထားရကာ ဖြစ်ကာ အခန်းဘက်ကိုလည်း ငေးကြည့်လျက်နှင့် ဝမ်းနည်းစိတ်ကို ချုပ်တီးထားလျက်ရှိပေသည်။

ညတစ်နာရီ...လူခြေတိတ်ချိန်ဆိုပင်မဲ့ ထယ်ယောင်းသည် ဂျောင်ကုရဲ့ဝင်ခဲ့ဆိုသည့် အသံကိုမကြားမချင်း ထိုင်နေမိတာဖြစ်ပြီး ဒီနေ့ရိုဝမ်နဲ့ စကားထိုင်ပြောမိခဲ့တာကို နောင်တအရဆုံး ဖြစ်နေခဲ့ပြန်သည်။

သမိုင်းကြောင်းတွေ စိတ်ဝင်စားမိသည့် ထယ်ယောင်းမှာ သိချင်တဲ့အတိတ်တစ်ချို့ကို ကြံဖန်မေးနေခဲ့ခြင်းမှာ ရုတ်တရက်ရောက်လာခဲ့သည့် ဂျောင်ကုကို သိပ်ဒေါသထွက်စေခဲ့တာဖြစ်မည်။ တောင်းပန်စကားအား တိတ်တဆိတ်ဆိုခဲ့ပင်မဲ့ မောင်ဟာ ကျေနပ်ခြင်းအလျင်မရှိခဲ့ဘဲ အခုလို ညလုံးပေါက် အိမ်ပြင်မောင်းထုတ်ခဲ့တာဖြစ်သည်။

ငြိုငြင်ခြင်းစိတ်သည် လုံးဝမှမရှိခဲ့ဘဲ ကျွန်တော်သည် မောင့်စကားကို နားထောင်မိခဲ့ပြန်သည်။ မောင် စိတ်ချမ်းသာတယ်မလား....ငါက သေပျော်တယ်လေ အချစ်ရယ်....

ရုတ်တရက် မိုးချိန်းသံတွေကြောင့် ရာသီဥတုက ကျွန်တော့်ဘက်မှာ လုံးဝရှိမနေဘဲ ကျွန်တော့်ကို မုန်းတီးနေသလိုမျိုးဘဲ။

Born to Died (Completed) Where stories live. Discover now