Unicode
ရိုဝမ်က ရှေ့ကသွားနေပြီး ဂျောင်ကုသည် ထယ်ယောင်းရဲ့ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပေသည်။ လေဝေ့တွေကြား Pheromone ရနံ့လေးတွေဟာလည်း နှာခေါင်းထဲသို့ မသိမသာ ရှိုက်ဝင်နေလျက်ရှိနေစသည်။
စံအိမ်အတွင်းထဲသို့ ရိုဝမ်က ဝင်သွားလေသည်။ ထယ်ယောင်းမှာ သူနဲ့အတူ လိုက်မဝင်သေးဘဲ ဂျောင်ကုနဲ့အတူ အိမ်ကြီးကိုအပြင်ကနေ တစ်ချက်ကြည့်လိုက်သည်။
အိမ်ကြီးက ခြောက်ခြားစရာကောင်းမနေဘဲ သိပ်ကိုအထီးကျန်စွာရှိနေလျက်ဖြစ်သည်။
"တစ်ခုခုဖြစ်လို့လား"
"ဘယ်သူ့အိမ်လဲ"
"ရိုဝမ်အိမ်...တစ်ခုခုဖြစ်လို့လား"
"အဲ့ဆိုအထဲမှာ သူ့မိသားစုရှိနေမှာပေါ့"
"ဘယ်သူမှမရှိဘူး...အဲ့တာမို့ကြောင့် အထဲရောက်ရင် မင်းစိတ်ဝင်စားမှာလေးတွေ လိုက်ကြည့်လို့ရပါတယ်"
"မင်းကိုယ့်ကို ခွင့်ပြုပေးတာလား မောင်"
"အင်း...ဝင်ရအောင်..."
အိမ်ထဲသို့ ဝင်လိုက်သည်နှင့် လေအေးလေစိမ့်အနံ့လေးက ရှိနေပြီး နံရံထက်တွင်လည်း အညိုရောင်သန်းနေကာ ဖုန်တွေတစ်ချို့နဲ့ ပင်ကူအိမ်တစ်ချို့ကလည်း ကပ်ညှိနေသေးသည်။
နန်းတော်ကြီးအလား ရှိနေသည့် အိမ်ကြီးက သိပ်ကို ကြီးလွန်းတာဘဲ။ ရိုဝမ်က မသေခင်တုံးက မျိုးရိုးကြီးထဲက ဖြစ်မည်လို့ ထယ်ယောင်းကောက်ချက်ချလိုက်ပေသည်။
"မင်းကြည့်ချင်တာ လိုက်ကြည့်ပါ ထယ်ယောင်း..."
ရိုဝမ်က လှေကားထိပ်တွင်ရောက်နေကာ ထယ်ယောင်းနဲ့ဂျောင်ကုကို ကြည့်ရင်း ပြောလာသည်။ သို့ပင်မဲ့ ရိုဝမ်စကားအဆုံး ထယ်ယောင်းက ဂျောင်ကုမျက်နှာကို အရင်ဆုံးကြည့်လိုက်ပေသည်။
ခွင့်ပြုချက်တောင်းနေသလို အနေအထားရှိနေပြီး ရိုဝမ်က ရှေ့က ပုံရိပ်ကို ကြည့်နေကာ မသိမသာရယ်လိုက်မိသည်။
"မင်းစိတ်ဝင်စားတာ ရှိလောက်မှာမို့ လှည့်ပတ်ကြည့်လို့ရပါတယ်...ဒီအိမ်က နှစ်ပေါင်းရာချီနေပြီမို့ မင်းစိတ်ဝင်စားမှာပါ...မောင်ခွင့်ပြုတယ်"
YOU ARE READING
Born to Died (Completed)
Fanfiction"မောင်...ငါ့ကိုချစ်ခဲ့ရဲ့လား..." မောင်ကအကြည့်တွေနဲ့အတူ ခေါင်းယမ်းပြနေခဲ့တယ်။ "မောင် ညာတယ်" Jeon Jungkook ♡ Kim Taehyung Written by Minjanuarymoe