Part 17

2.3K 189 13
                                    

Unicode

ဆိုးလ်မြို့။

ဂျောင်ကုရဲ့ အိမ်တွင် ပြန်ရောက်နေခဲ့ခြင်းဖြစ်သည်။ အရင်နဲ့ မတူသည်ကား ရိုဝမ်ပါလာခဲ့ခြင်းဖြစ်ပြီး ဂျောင်ကု၏ မိဘနှစ်ပါးရှေ့တွင် ကျွန်တော်တို့သုံးယောက်ထိုင်နေခြင်းဖြစ်သည်။

နေရောင်ကြောင့် အပြင်မထွက်နိုင်သည့် ကျွန်တော့်မှာ ညဘက်ဘဲ ခရီးထွက်နိုင်ခြင်းဖြစ်ပြီး ညဘက်သို့ ရောက်လာခဲ့ခြင်းဖြစ်ကာ ချက်ချင်းသိသွားသည့် ဂျောင်ကုရဲ့ ပါးနဲ့မားကလည်း လက်ရှိပြောင်းနေသည့် ဂျောင်ကုအိမ်သို့ညတွင်းချင်းရောက်လာခြင်းဖြစ်သည်။

"မင်းတို့က ပြန်လာတာတောင် မားတို့ကို အကြောင်းမကြားနိုင်ဘဲ ညကြီးရောက်လာတယ်...မင်းတို့ဘယ်လိုများလုပ်နေကြတာလဲ"

"ကျွန်တော်ထယ်ယောင်းကို လက်ထပ်ချင်တယ်...."

အမေးတခြား အဖြေတခြားဖြစ်ခြင်းကြောင့် ထိုင်နေသည့် ရိုဝမ်ကော ကျွန်တော်ပါ မောင့်ကို ကြည့်မိလျက် ပါးနဲ့မားကလည်း ဂျောင်ကုကို အံ့ဩစွာ ကြည့်လာပေသည်။

"ရက်ပိုင်းအတွင်း။ ကျွန်တော်တို့ အတူတူဖြတ်သန်းပြီးပြီ...အဲ့တာမို့ကြောင့် ကျွန်တော် ထယ်ယောင်းကို လက်ထပ်ချင်တယ်"

"မင်းတို့က ကျောင်းတက်တုံး...စောသေးတယ်မထင်ဘူးလား"

"နောက်ကျသွားတောင်နေပြီ...အဲ့အတွက် ပါးတို့က စီစဉ်ပေးပါ...ပြီးတော့ ခရီးပန်းလာလို့ ကျွန်တော်တို့နားချင်ပြီ"

ထိုသို့ပြောပြီး မောင်က ကျွန်တော့်လက်ကိုဆွဲကာ အပေါ်ထပ်သို့ တက်လာခဲ့ပြီး ကျွန်တော်တို့နှစ်ယောက်နေခဲ့သည့် အခန်းထဲသို့ ဦးတည်လိုက်သည်။

"နားတော့ ထယ်ယောင်း။"

"ရိုဝမ်အတွက် အခန်း..."

"သူတို့စီစဉ်ပေးလိမ့်မယ်။ ပင်ပန်းနေပြီး နားတော့"

"မင်းစိတ်တိုနေတာလား မောင်"

"မဟုတ်ဘူး။ ဒီတိုင်းဘဲ...."

အင်္ကျီချွတ်ကာ မောင်က ရေချိုးခန်းထဲသို့ ဝင်သွားလေသည်။ အရင်လို မတွေးတောနိုင်သည့် အခြေအနေမို့ အိတ်ကို ဖွင့်ကာ အင်္ကျီတွေကို ပြန်ထုတ်လျက် စီထည့်လိုက်ပြီး မောင့်အဝတ်တွေထဲက ရှပ်အင်္ကျီအဖြူကို ကိုင်လိုက်ကာ အနည်းငယ် ပြုံးမိသွားသည်။

Born to Died (Completed) Where stories live. Discover now