Part 20

2.4K 212 13
                                    

Unicode

အေးစိမ့်စိမ့်အရသာကြောင့် ညနေ ကူးလူးလာပြီဆိုတာ ဂျောင်ကုသိလိုက်သည်။ အိပ်ရေးဝမှုကြောင့် ဘယ်လိုတောင် အိပ်ပျော်သွားမိလဲဆိုတာ မသိသလို ဘေးတစ်ဖက်ကို ကြည့်လိုက်တော့ လစ်ဟာနေသည့် အိပ်ရာကွက်ကလေးကြောင့် ထယ်ယောင်းက ခေါင်းထဲကြီးစိုးလာတော့သည်။ 

ကုတင်ပေါ်မှ ဆင်းလိုက်ကာ ရေချိုးခန်းထဲကြည့်လိုက်တော့ ဘယ်သူမှ မရှိပေ။ အောက်ထပ်မှာ ရှိနေပါလိမ့်မယ်ဟု ထပ်တွေးမိလိုက်သည်။

ဗီရိုကို ဖွင့်ကာ အင်္ကျီတစ်ထည်ကိုကောက်ဝတ်လိုက်တော့ ထယ်ယောင်းရဲ့ တစ်ချို့ပစ္စည်းတွေဟာ ပျောက်ရှနေသည်။ မဟုတ်ဘူးမလား...ထင်နေသလိုတော့ မဟုတ်ဘူးမလား။

အိမ်ပေါ်ကနေ ဒုန်းဆိုင်းဆင်းလာခဲ့မိပြီး ဧည့်ခန်းထဲတွင် ထိုင်နေသည့် ရိုဝမ်ကို တွေ့လိုက်ရသည်။ မီးဖိုချောင် အိမ်နောက်တွေကော ပတ်ရှာမိပင်မဲ့ ထယ်ယောင်းနဲ့ အရိပ်ကလေးတောင် မတွေ့လိုက်ရသည်မို့ ရင်ထဲက ပူလောင်နေမိသည်။

"Original...ထယ်ယောင်းကော...မင်းဖွက်ထားတယ်မလား"

"ဘာတွေပြောနေတာလဲ ထယ်ယောင်းက မင်းနဲ့တစ်နေကုန် အခန်းထဲမှာ ရှိနေတာဘဲမဟုတ်ဘူးလား"

"မရှိတော့ဘူး...ငါအိပ်ပျော်သွားခဲ့တယ်...မရှိဘူးလို့"

"လက်စွပ်ရှိပြီမို့ တစ်နေရာရာသွားတာဆိုရင်ကော...မဖြစ်ဘူးဘဲ...တစ်ယောက်ယောက်ကို သူအန္တရာယ်ပြုနိုင်တယ်...မင်းသူသွားတတ်တဲ့နေရာတွေ သွားရှာ...ငါလည်း တွေ့နိုင်လောက်မဲ့နေရာတွေသွားရှာမယ်"

ရိုဝမ်က ခပ်ပြတ်ပြတ်ပြောခဲ့ကာ သူ့ရဲ့ Vampire အားဖြင့် လျင်မြန်စွာ ထွက်သွားတော့သည်။ ကျန်ခဲ့သည့် ဂျောင်ကုမှာ ကားသော့ကို ပြေးယူရင်း သူနဲ့ထယ်ယောင်းသွားတတ်သည့် နေရာတစ်ချို့ကို သွားကာ ရှာနေမိတော့သည်။

မိုးချုပ်လာတယ်...ညဉ့်နှက်သည်အထိ ကျွန်တော်သူ့ကို ရှာမိနေတုံး။

ကျွန်တော့်အနားကနေ ထွက်သွားဖို့ ရွေးချယ်လိုက်လေသလားဆိုသည့် အတွေးက ကျွန်တော့်ရင်ကို အစိမ်းလိုက် မီးရှို့နေသလိုပင်။

Born to Died (Completed) Where stories live. Discover now