Part 5

2.9K 261 36
                                    

Unicode

ရေပြာကြည်ကျယ်ကျယ်တစ်ဝန်းတွင် လူတစ်ယောက်ဟာ ငေးကြည့်နေသည်။ နေရောင်တစ်ခုလုံးက ထိုရေပြင်ကျယ်ကြီးတွင် ကျရောက်နေပြီး လင်းပိုင်ငါးလေးတွေဟာ တစ်ချက်တစ်ချက်ရေပေါ်တွင် ပေါ်လျက်ကူးခတ်နေကြသည်။

ထိုစဉ် ရေထဲကနေ တက်လာသည့် မိန်းမပျိုလေးတစ်ယောက်ကို မြင်လိုက်သည့် ထိုလူရဲ့နှုတ်ခမ်းပါးဟာ တွန့်ကွေးလျက်ရှိသွားပြီး ဘေးမှာချထားသည့် ဘရန်ဒီခွက်ကို ကောက်ကိုင်ကာ တစ်ကြိတ်တည်းမော့ပစ်လျက်ရှိသည်။

"သခင် ကျွန်မကို အခေါ်ရှိတယ်ဆို"

သူမ၏ ဆံပင်တွေဟာ ခရမ်းရောင်သန်းနေပြီး မျက်ဝန်းတွေဟာလည်း ခရမ်းရောင်ရှိကာ လှပလွန်းသည့် အသံတစ်ခုကို ပိုင်ဆိုင်ထားပြီး ရေထဲကနေ တက်လာခြင်းမို့ သူမဟာ ရေသူမတစ်ကောင်ဖြစ်သည်ဆိုတာ ငြင်းစရာမရှိပေ။

ဘေးနားမှာချထားသည့် ဓာတ်ပုံကို ယူလိုက်ကာ သူမလက်ထဲသို့ ထည့်ပေးလိုက်ပြီး သူမက မျက်ခုံးတစ်ဖက်ပင့်ကာ စိတ်ဝင်စားဖွယ်ကြည့်နေသည်။

"Zoya(ဇိုရာ)...ဒီဓာတ်ပုံထဲက ကောင်လေးကို မင်းသေချာမှတ်ထားရမယ်"

"သူက ကျွန်မတို့ အစီအစဉ်နဲ့ ဘာဆိုင်လို့လဲ..."

"သူက ကိုယ်တို့လိုချင်တဲ့သူဘဲ...အဖိုးတန်တယ်။ သန့်စင်တဲ့သွေးကို ပိုင်ဆိုင်ထားတယ်။"

သူမ နောက်ကြောင်းထပ်သိချင်နေသေး၍ ထိုင်နေသည့် Jack (ဂျက်ခ်)ကို ကြည့်လိုက်ပေသည်။

"ကင်မ်ထယ်ယောင်း...အသက် 16နှစ်။ Omega ဖြစ်တယ်။ "

"အို...ကလေးလေးဘဲ"

"ကလေးဘဲ...ဒါပေမဲ့ ကိုယ်တို့ ထိဖို့မလွယ်ဘူး။ ကိုယ့်ရဲ့ စုန်းမပြောပြတာက ကင်မ်ထယ်ယောင်းရဲ့ စက်ဝန်းဘေးနားမှာ အနီးစက်နှစ်စက်ရှိနေတယ်"

"အဲ့တာ ဘာကိုဆိုလိုတာလဲ"

"ကင်မ်ထယ်ယောင်းနားမှာ အစောင့်အရှောက်နှစ်ယောက်ရှိနေတယ်။ အဲ့တာက ဆိုလိုရင်းဘဲ...Omega ဆိုပင်မဲ့ ကိုယ်တို့ လွယ်လွယ်ထိလို့မရဘူး...အဲ့တာမို့ကြောင့် မင်းအတွက် မစ်ရှင်းရှိတယ်"

Born to Died (Completed) حيث تعيش القصص. اكتشف الآن