Part 6

2.8K 272 22
                                    

Unicode

ကြမ်းပြင်ပေါ်မှာ ထိုင်နေသည့် ထယ်ယောင်းကို ပွေ့ချီလိုက်တော့ လက်ကလေးတွေဟာလည်း လည်ပင်းကိုသိုင်းဖက်လာပြီး ငိုကြွေးနေသည်မှု ရှိုက်ခနဲ ရှိုက်ခနဲ နှင့်ပင်။

စားပွဲပေါ်တွင် ထိုင်စေလိုက်ကာ လည်ပင်းပေါ်က လက်ကလေးနှစ်ဖက်ကလည်း ဖယ်ရှားသွားပြီး သူ့ရဲ့ ပေါင်လေးပေါ်တွင် လက်သီးဆုပ်လေးတွေ ပြန်ရှိနေကာ ရှိုက်ငိုနေသည်မို့ ဂျောင်ကု မှေးမှိန်စွာဖြင့် ကြည့်လိုက်သည်။

"ငါ့...ငါ့ဆံပင် ပျက်စီးသွားပြီ...ဟင့်...မင်းကြောင့်"

ဂျောင်ကု၏ လည်ပင်း လည်ဇလုပ်လေးဟာ လှုပ်ရှားသွားပြီး လက်ကလေးကို အုပ်ကိုင်ရန်ပြင်တော့ ထယ်ယောင်းက ရှောင်ဖယ်မှုကို ပြုလေသည်။

"မထိနဲ့...မင်းကို မုန်းတယ်"

"တကယ်မုန်းတာလား Omega"

သိသိသာသာ ထွက်ပေါ်လာသည့် နှင်းဆီရိုင်းရနံ့ Pheromone ကြောင့် ငိုရှိုက်နေသည့် ထယ်ယောင်း ခန္ဓာကိုယ်လေးသည် ပို၍ကာဖြင့် တုန်ရီလာတော့သည်။

"ဂျောင်ကု...မင်း မမိုက်ရိုင်းနဲ့"

"မင်းက ကိုယ့် Omega...ကိုယ်တို့က စေ့စပ်ထားကြတာလေ။ မင်းနားမှာ ကိုယ့်ရဲ့ Pheromone တွေနဲ့ ဆွဲဆောင်တာက သဘာဝဘဲကို။ မင်းကြိုက်တယ်မလား...ကိုယ့်ရဲ့ နှင်းဆီရိုင်းအနံ့ကို...ဟမ်"

ပန်းရောင်သန်းလျ ရှိနေသည့် ပါးကလေးကို နှာခေါင်းဖြင့် ထိကပ်ထားကာဖြင့် လေသံတိုးတိုးခပ်ရှရှ ထွက်ပေါ်လာသည်။

"ဘာလို့...ငါ့...ငါ့ကို မုန်းနေတာလဲ ဂျောင်ကု"

"အမြင်ကတ်လို့။ မင်းကို သိပ်အမြင်ကတ်တယ်"

ထယ်ယောင်းသည် ဂျောင်ကု၏ Pheromone ကို မခံနိုင်တော့သည်မို့ သူ၏ ထိန်းထားခဲ့သည့် ဆောင်းဦးရနံ့ဟာလည်း ထွက်ပေါ်လာတော့ ဂျောင်ကု၏ နှုတ်ခမ်းပါးဟာ တွန့်ကွေးလျက်ရှိသွားသည်။

"ကိုယ့်ကို ဆွဲဆောင်နေတာလား"

ပို၍ နီးကပ်လာသည့် အနေအထားတွင်ရှိနေပြီး လက်လေးနှစ်ဖက်ဟာ ရုန်းကန်ချင်လာသည်မို့ လက်နှစ်ဖက်ကို ဖမ်းချုပ်ထားကာ ဂျောင်ကု၏ မျက်နှာဟာ ထယ်ယောင်း၏ မျက်နှာနှင့် နီးကပ်စွာ ရှိနေလျက်ဖြစ်သည်။

Born to Died (Completed) Tahanan ng mga kuwento. Tumuklas ngayon