ဟိုကို ဒီကို သွားလာနေတဲ့ မြို့ပြရဲ့ လှုပ်ရှားမှုတွေကြားမှာ ပုံမှန်လည်ပတ်နေတဲ့ နေ့စဉ်ဘဝတွေရှိတယ်။
ဒီလိုလည်ပတ်နေကြတဲ့ လူသားတွေထဲမှာ ရိပေါ်ကလည်း အပါအဝင်ပါပဲ။
"ဒါက အခန်းနံပါတ် ၂၀၀၂ အတွက်နော်"
အဆင်သင့်ပြင်ထားပြီးပြီဖြစ်တဲ့ စားသောက်ဖွယ်တွေကို ဗန်းပေါ်တင်ပေးနေတဲ့ ရှန်ကောက ရိပေါ်ကို သေချာမှာနေတယ်။ ရိပေါ်က ဒီနေ့မှ အလုပ်စဝင်တာမို့လို့ အလွဲတွေမလုပ်ဖို့ သတိထားစေချင်တာ သိသာနေတယ်။
"မသေချာရင် ဟိုဘက်က ကောကို မေး... ကျန်းချန်တဲ့"
မေးငေါ့ပြတဲ့ ဖက်ကို ကြည့်လိုက်တော့ ခပ်တည်တည်နဲ့ လူတစ်ယောက်က ဝမ်ရိပေါ်က အသိအမှတ်ပြုရုံပဲ ခေါင်းညိတ်ပြတယ်။
"ကဲ သွားပို့လိုက်တော့...ကြာနေရင် complaint တွေ ရှိလိမ့်မယ်"
ရိပေါ်က အစားအသောက်တွေတင်ထားတဲ့ ဗန်းတွေကို လှည်းနဲ့တင်ပြီး ပြင်ဆင်တဲ့နေရာကနေ ထွက်သွားဖို့ ပြင်လိုက်တယ်။
"Bill receipt ပါပြီလား"
ခုနကလေးတင် သူ့ကို ရုပ်တည်တည်နဲ့ ဆက်ဆံလိုက်တဲ့ ကျောက်ခဲလို လူတစ်ယောက်က အနားကနေ ဖြတ်ရင်း သူ့ကို ပြောသွားတယ်။
တကယ်တော့ bill ယူဖို့ကျန်ခဲ့တာမို့ ရိပေါ်က ခပ်သွက်သွက်ပဲ ပြန်လှည့်ပြီးတော့ cashier counter ကနေ သွားယူလိုက်တယ်။
"ကျေးဇူး ကော"
ရိပေါ်ကို အကြည့်တောင် မပေးဘဲနဲ့ သူ့အလုပ်သူဆက်လုပ်နေတယ်။ ရိပေါ်ကတော့ ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်ဖို့ ဓာတ်လှေကားရှိရာ သွားလိုက်တော့တယ်။
တကယ်တော့ ဝမ်ရိပေါ်က မျိုးရိုးမြင့်တဲ့သခင်လေးလို ပေါ်ကျော့နေခဲ့ရတဲ့ ကောင်လေး။ အတိတ်တစ်ချိန်က သူ့စိတ်နဲ့သာဆို ဘယ်သူမှ လူမထင်တဲ့အထာနဲ့ အားလုံးကို ချေမိုးကုဋေစိုးပစ်နေဦးမှာ။
ဒါပေမဲ့ အခုတော့ ဘဝက အမြဲတမ်း တသတ်မှတ်တည်း ဖြစ်မနေဘူးဆိုတာကို အခြေအနေတွေအရ ရိပေါ်သိလာရတာပါပဲ။
"တင်"
သွားရမယ့် အထပ်ရောက်တော့ ဓာတ်လှေကားက အချက်ပေးသံနဲ့အတူ တံခါးပွင့်သွားတယ်။