အခန်း ၃

1.1K 219 12
                                    

ရှောင်းကျန့်ရဲ့ မျက်ခုံးတွေက သူ့ကိုကြည့်ပြီး တွန့်ချိုးနေတာကို ရိပေါ်မြင်နေရတာကြောင့် စေ့စေ့ မော့မကြည့်ရဲဘူး။

ဘယ်တုန်းကများ ဝမ်ရိပေါ် အဲဒီ့လူ ကို ကြောက်တတ်သွားတာလဲ၊
ဘယ်တုန်းကရော အဲ့ဒီ့လူက စပြီး ကြောက်စရာကောင်းသွားရတာလဲ၊

"မင်းအလုပ်ကို သေချာမလုပ်ရင်တော့ ငါက မန်နေဂျာနဲ့ ရှင်းခိုင်းရမှာပဲ"

ရိပေါ်ရဲ့ခေါင်းမွေးတွေ ထောင်တတ်သွားသလိုပဲ ၊ ချက်ချင်း အလုပ်ပြုတ်သွားမှာတော့ မဟုတ်မှန်းသိပေမဲ့ သတိပေးခံရတဲ့ အလုပ်သမားကို ဘယ်အလုပ်ရှင်ကရော ကြည်ဖြူတော့မလဲ။

"ကျွန်တော် တောင်းပန်ပါတယ်... အော်ဒါယူတဲ့နေရာမှာ ပြဿနာလေး ရှိသွားလို့ပါ"

ရှောင်းကျန့်က စိတ်ဆတ်နေတယ်။ အရင်လို အကြောတင်းတင်းလေးနဲ့ သူ့ကို ဘိုးတော်လို ကျိန်ဆဲတတ်တဲ့ အဲ့ဒီ့ကလေးက အခုတော့ ခပ်ကုပ်ကုပ်နဲ့ သူပြောသမျှ ငြိမ်ခံနေရတာကို သဘောမကျသလိုလည်းဖြစ်မိတယ်။

"တောက်"

ရိပေါ်က ငုံ့နေလျက်သား ခေါင်းကို ပိုပြီး ငုံ့လိုက်တယ်။

"တောင်းပန်..."

"ငါဗိုက်ဆာနေတာလေ ... မှာထားတာတွေ မဟုတ်ဘဲ ငါစားလိုက်ရတဲ့အထိ စေတနာတွေ ယိုဖိတ်မနေဘူး"

"တောက်"

ရိပေါ်စကားမဆုံးခင်ပဲ တောက်ခေါက်သံတရစပ်နဲ့အတူ အပြစ်တင်သံတွေက ထွက်လာတာပဲ။ ရိပေါ်တကယ်ပဲ အငွေ့ပျံပြီး ထွက်ပြေးချင်တယ်။

"ကျွန်တော်လျော်ပေးပါ့မယ်"

ရှောင်းကျန့် ပိုလို့တောင် တင်းသွားသေးတယ်။

"မင်း!"

ရှောင်းကျန့်က ဘာမဟုတ်တဲ့ကိစ္စနဲ့ စိတ်က အဆုံးထိ ပေါက်ကွဲခါနီးဖြစ်နေတာမို့ မသိလိုက်ခင်မှာပဲ လက်ဖဝါးနှစ်ဖက်က ရှေ့က ကောင်လေးရဲ့ အင်္ကျီလည်ပင်းကို ဆွဲဆောင့်ပြီးသားဖြစ်နေနှင့်ပြီ။

"ကျွန်တော် လျော်ပေးမယ်လို့ ပြောပြီးပြီိကို ဘာလို့ မစ္စတာရှောင်းန်က စိတ်တိုနေတာလဲ"

Love u Hate u Where stories live. Discover now