အခန်း ၁၁

1.3K 173 29
                                    

ရိပေါ် အိပ်မက်တစ်ခုမက်တယ်။ ပီပြင်လွန်းလို့ အိပ်မက်မှန်းတောင် မသိတော့ပဲ ရိပေါ်က စီးမြောနေမိတော့တာပဲ။

အိပ်မက်ထဲမှာ ရှောင်းကျန့်လို့ ထင်ရတဲ့ လူတစ်ယောက်ကိုပဲ သူမြင်တယ်။ ရယ်တယ်။ ရှောင်းက ရယ်နေခဲ့တာ။

ရှောင်းရဲ့ သိပ်ကြည်လင်တဲ့မျက်ဝန်းတွေထဲ သူပိတ်မိချင်လိုက်တာ ။ ဘာလို့များ သူက ဒီလိုလူကို ထားခဲ့ပြီး ပြေးထွက်ခဲ့ရတာလဲ ရိပေါ်ကလေ... ရိပေါ်ဆိုတဲ့ သူက။

"ရိပေါ်..."

ခေါ်သံတစ်ခုက ဝေးသထက် ဝေးလာတယ်။ ရိပေါ်က ထွက်ပြေးခဲ့တာ။ ကျန်ခဲ့တဲ့ ခေါ်သံက ဝေးရင်း ဝေးလာခဲ့တယ်

ရိပေါ်က ခြေထောက်တွေ ပြုတ်ထွက်သွားတော့မလို ထွက်ပြေးခဲ့တယ်။ ပြီးတော့ မောဟိုက်လာတယ် ။ ရိပေါ် အိပ်မက်လှလှလေးမက်နေတယ်လို့ ထင်ခဲ့တာ။ မဟုတ်ဘူး ။

သူ အဝေးကြီးကို ပင်ပင်ပန်းပန်းပြေးနေရတာပဲ။

ရှောင်းကျန့်က လမ်းကြိုလမ်းကြားတွေ အထိကားကို ရအောင်ဝင်လိုက်တယ်။ ရိပေါ်နေထိုင်တဲ့ နေရာက သူစာသင်တုန်းက သွားခဲ့သလိုမျိုး ခြံကြီးဝန်းကြီးနဲ့ ခပ်ကျယ်ကျယ်လမ်းတွေကြားထဲမှာ မဟုတ်တော့ဘူး။

လောကဓံရဲ့ ရုတ်တရက်ဆန်တဲ့ အပြောင်းအလဲတွေကို ဒီကလေး ဘယ်လောက် သည်းခံခဲ့ရသလဲလို့ ရှောင်းကျန့်တွေးမိတိုင်း သက်ပြင်းကျယ်ကျယ်ချမိတာပဲ။

ရိပေါ်က ခေါင်းမာတဲ့ကလေးလေးပေမဲ့ ကွယ်ဝှက်ထားတဲ့ တစိတ်တပိုင်းမှာ လူမြင်မခံနိုင်တဲ့ စိတ်နုနုကလေးတစ်ခုရှိတာကို ရှောင်းကျန့်က သိတယ်။

အဆင်ရော ပြေနေခဲ့ရဲ့လား...။ သူက သိပ်နာကျဉ်းနေတဲ့ ရက်တွေမှာ ဒီကလေး အဆင်ပြေနေခဲ့ပါရဲ့လား။

လမ်းချိုးလေးတစ်ခုရောက်တော့ ရှောင်းကျန့်က ကားကိုရပ်လိုက်တယ်။ သာမန်လူတန်းစားတွေရဲ့ ပံုမှန်လူနေရပ်ကွက်လေးတစ်ခုပေမဲ့ လမ်းတွေက ပုံမှန်ထက်ကို ကျဉ်းကျပ်နေတာ။

ကားကို ရပ်ပြီးနောက်တော့ လိပ်စာအတိုင်းရောက်ဖို့ ခြေလှမ်းတွေကို ခပ်သွက်သွက်အလုပ်ပေးလိုက်တယ်။

Love u Hate u Where stories live. Discover now