ဝမ်ရိပေါ် ဒီနေ့ အလုပ်ချိန်ဝင်တာနောက်ကျတယ်။ မိုးတွေက သည်းသည်းမည်းမည်းရွာနေတဲ့ အပြင် ညက ညဆိုင်းမှာ အလုပ်များတာမို့ တအားပင်ပန်းပြီး အိပ်ပျော်သွားတာကြောင့် မနက်နိုးတာနောက်ကျပြီး timing တွေ မမှန်တော့တာပဲ။
ကံကောင်းတာလေးတစ်ခုကတော့ ရိပေါ်ပြေးလာတဲ့ အချိန် ဘတ်စ်က ရောက်နှင့်နေပြီ။
လူအပြည့်ရှိနေတဲ့ ဘတ်စ်ပေါ်ရောက်တော့ ရိပေါ်က ဘေးလွယ်အိတ်ကလေးကို လက်နဲ့ ဖိပြီး ရင်ဘတ်မှာ ပိုက်ထားရတယ်။
အလုပ်ချိန်မမှီရင် အလုပ်ချက်ချင်းမပြုတ်ပေမဲ့ ခဏခဏအမှားများနေတဲ့သူမျိုး မဖြစ်ချင်ဘူး။ အဲ့ဒါကြောင့် စိတ်က လောနေတော့ အဲကွန်းဖွင့်ထားတဲ့ ဘတ်စ်ပေါ်မှာတောင် ရိပေါ် နားထင်မှာ ချွေး အပျိုက်ပျိုက်နဲ့။
သိပ်တော့မကြာလိုက်တဲ့ အချိန်မှာပဲ ရိပေါ်က အလုပ်လုပ်နေတဲ့ ဟိုတယ်ကြီးရှေ့ကိုရောက်သွားတယ်။
ခပ်သွက်သွက်လျှောက်သွားပြီး အဝတ်လဲခန်းထဲကို ဝင်သွားကာ သက်ဆိုင်တဲ့ uniform ကို ခပ်မြန်မြန်ပဲ ဝတ်လိုက်တယ် ။
"ဟူး"
နောက်ကျခါနီးလေးမှာမှ ရောက်သွားတာမို့ ရိပေါ် အလုပ်စဝင်တော့ သတ်မှတ်ချိန်တော့ နည်းနည်းလေး ကျော်နေပါပြီ။
"ရိပေါ်"
"ဒီ order ကို အမြန်ပို့ပေးပါ ... အခန်းနံပါတ် ၃၀၀၆ ကိုလေ ..."
အလောတကြီး လာပြောသွားတဲ့ အစ်ကိုတစ်ယောက်ကြောင့် ရိပေါ်က trolley ကို တွန်းပြီး သက်ဆိုင်ရာ အခန်းကို မြန်မြန်သွားရတာပဲ။
လမ်းတစ်လျှောက်မှာ ဘေလ်ကို ကြည့်ရင် order တင်ထားတဲ့ အစားအသောက်တွေကိုပါ နည်းနည်းတီးလိုက်ခေါက်လိုက်တယ်။
Steak တစ်ပွဲတည်းမို့ အများကြီးတော့ မရှိ။
အခန်းရှေ့ရောက်တော့ လုပ်နေကျအတိုင်း အခန်းတံခါးခေါက်ပြီး အလုပ်ကိုပြီးမြောက်အောင်လုပ်လိုက်ပြီးနောက်တော့ ရိပေါ်က kitchen ထဲကို ပြန်ဝင်လာတယ်။
မီးဖိုချောင်က စားဖိုမှူး ဖုန်းကောက ရိပေါ်ကို တအားခင်တွယ်တယ်။ ရိပေါ်ကလည်း အချိန်ရှိတိုင်း အဲ့ဖုန်းကောနား သွားပြီး အာလူးရိုက်လေပစ်လုပ်နေတာလေ။