အခန်း ၁၀

1.6K 201 20
                                    

ရိပေါ်က အိမ်တော်သခင်လေးလိုမျိုး ဆိုးဆိုးပေပေတေလေနေတဲ့ နေ့တွေဟာ ရှောင်းကျန့်နဲ့ စာမသင်ဖြစ်တော့တဲ့အချိန်မှာ ပြန်ပြီး ရှင်သန်လာတယ်။

စာမေးပွဲလည်းဖြေနိုင်ခဲ့ပေမဲ့ ရိပေါ်က ညဆို လွတ်လွတ်လပ်လပ်ပျော်ပါးချင်တဲ့ ဆယ်ကျော်သက်လေးတစ်ဦးဖြစ်လာတာပဲ။

မီးရောင်စုံတွေ ပျိုးပျိုးပျက်ပျက် ထနေတဲ့ အမှောင်ခန်းထဲမှာ သူ့စကားကိုယ့်စကားတိုးမပေါက်လောက်တဲ့အထိ သီချင်းသံကျယ်ကျယ်တွေကြားမှာ နေရတာကို ရိပေါ်က သဘောကျလာတယ်။

အဲ့ဒီလိုဆို ရှောင်းကျန့်ကို မေ့နိုင်သွားမယ်။

ရှောင်းကျန့်က သူ့အနားမှာ စာပြဆရာမဟုတ်တော့တာကို သူဘာမှ စောဒကတတ်လို့မရတော့ဘူး။ ဒါမှန်းသိရင် စာမေးပွဲကို အောင်အောင်မဖြေခဲ့ဘူးလို့ ခပ်ကြောင်ကြောင်တွေ တွေးမိတယ်။

ရှောင်းကျန့် သူ့အနားရှိနေတာကို ဝမ်ရိပေါ်က သိပ်သဘောကျနေခဲ့တာလေ။

"ပေါ်ချန်"

"ဟေ့ကောင် ကဲလေကွာ ... ငြိမ်လှချည်လား"

ရိပေါ်က လက်ထဲက ဘီယာပုလင်းကို စားပွဲပေါ်တင်လိုက်ရင်းနဲ့ မှ ပေါ်ချန်ပြောသလိုပဲ ခပ်သွက်သွက်ထပြီး ပျော်ပါးဖို့ဆံုးဖြတ်လိုက်တယ်။

ဒါပေမဲ့ တစ်စုံတစ်ယောက်က သူ့ရဲ့ လက်ကောက်ဝတ်ကို ဖြတ်ကနဲ လှမ်းဆွဲလိုက်တာကို ခံစားမိလိုက်တယ်

"ရိပေါ် ဟုတ်နေတာပဲ"

မျက်မှောင်တွေ တွန့်ချိုးခါနီးအနေအထားနဲ့ ရှောင်းကျန့်က သူ့လက်ကောက်ဝတ်ကို လွှတ်ပေးဖို့ အစီအစဉ်မရှိပံုပဲ။

ရိပေါ်ရဲ့ မျက်လုံးလေးတွေက လက်ကနဲ ဖြစ်သဦးတယ်။ သိပ်ကို အနားမှာရှိနေစေချင်ခဲ့တဲ့ အကြောင်းပြောပြဦးမလို့ဆိုပေမဲ့ရှောင်းကျန့်ရဲ့ နောက်ဘက်ကရှိနေတဲ့ မိန်းကလေးကြောင့် ရိပေါ် စိတ်တွေ ရှုပ်ယှက်ခပ်သွားတယ်။

ရှောင်းကျန့်ရဲ့ လွတ်နေတဲ့ နောက်လက်တစ်ဖက်ကို ထိုမိန်းကလေးက သူ့လက်တွေနဲ့ ဆုပ်ကိုင်ထားတာ။

"ကိုကို သွားရအောင်"

သီချင်းသံတိုးချိန်မှာ အချိန်ကိုက်ထွက်လာတဲ့ အသံဟာ ရိပေါ်ကို ပြာယာခပ်သွားစေတယ်။

Love u Hate u Where stories live. Discover now