အခန်း ၂

1.1K 239 16
                                    

ပထမဦးဆုံး အလုပ်ဝင်တဲ့နေ့မှာ ရိပေါ်က အဆင်ပြေခဲ့တယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကျ အဆင်မပြေပြန်တာ သူကိုယ်တိုင်အသိဆုံးဖြစ်တယ်။

ဟက်ကနဲ လှောင်ရယ်လိုက်တဲ့အသံ၊ တိကျပြတ်သားနေတဲ့ ချိုးချိုးနှိမ်နှိမ်စကားတို့ဟာ ရိပေါ်ရဲ့ မှတ်ဥာဏ်ထဲမှာ တရိပ်ရိပ်ပေါ်လာတယ်။

"ရိပေါ်... ငါလာခေါ်ရမလား"

ဖုန်းထဲမှာ ဝင်ထားတဲ့ စာက မားပေါ်ချန်ဆီကဖြစ်တယ်။ ရိပေါ်ရဲ့ ဘဝကသာ မုန်တိုင်းဝင်သွားတဲ့ ကမ်းရိုးတန်းလို ဖြစ်ခဲ့ပေမဲ့ ပေါ်ချန်ရဲ့ ဘဝကတော့ ရေသေမျဉ်းလိုမျိုး တသမတ်တည်းဖြစ်နေခဲ့တယ်။

အခြေအနေတွေ ကွာခြားသွားပေမဲ့ ပေါ်ချန်က ရိပေါ်အပေါ်တော့ သိပ်ကို ကောင်းမွန်တဲ့ သူငယ်ချင်းတစ်ဦးဖြစ်နေတုန်း။

"ရတယ် ပေါ်ချန် ... ငါ နောက်အလုပ်တစ်ခု ဝင်ရဦးမယ်"

ရိပေါ်က ဟိုတယ်တစ်ခုမှာ Room Service ဝင်လုပ်တာ ဒီနေ့မှ ပထမဆုံးဆိုပေမဲ့ ရှေ့မှာလုပ်ခဲ့တဲ့ အချိန်ပိုင်းအလုပ်တွေရှိနေသေးတယ်။

ညတွေဆို ၂၄ နာရီဖွင့်တဲ့ စတိုးဆိုင်တစ်ခုမှာ ညဆိုင်းဆင်းတယ်။ အစပိုင်းတွေက သိပ်ခက်ခဲခဲ့ပေမဲ့ အခုဆို အိပ်ချိန်တွေ မမှန်တော့ရင်တောင် ပုံမှန်လိူ ဖြစ်ပြီး အသားကျနေချင်ပြီ။

အလုပ်လုပ်တဲ့ စတိုးဆိုင်က အခု ဟိုတယ်ရဲ့ မနီးမဝေးမှာမို့ ရိပေါ်က လမ်းလျှောက်သွားလိုက်လို့တောင်ရတယ် ။

ရိပေါ်က ရင့်ကျက်တယ်ပဲပြောရမလား။ ကိုယ့်အခြေအနေကိုယ် နားလည်လက်ခံတတ်တယ်ပဲ ပြောရမလား။ အခုလို အချိန်တွေမှာ သူက သူများအတွက် ဝန်တစ်ခုဖြစ်ရမှာကို တကယ် စိုးရိမ်တယ်။

ဖုန်းရယ် နားကြပ်ရယ် ပြီးတော့ မာမားထည့်ပေးထားတဲ့ လက်သန့်ဆေးရည်ရယ် သူငုံတတ်တဲ့ စျေးကြီးကြီး သကြားလုံးတွေအစား အတန်သင့်စျေးရှိတဲ့ ချိုချဉ်လုံးတချို့ပါတဲ့ ဘေးလွယ်အိတ်ကို သိုင်းလွယ်လိုက်တယ်။

ယူနီဖောင်းချွတ်ပစ်ခဲ့ပြီး အပြင်အင်္ကျီနဲ့ အချိန်ပိုင်းလုပ်ရမယ့် စတိုးဆိုင်ကို ဦးတည်လိုက်တယ်။

Love u Hate u Where stories live. Discover now