"ရှောင်း... မိုးတွေရွာတော့မယ်ထင်တယ်နော်"
ကောင်းကင်ကို ငေးမောပြီး ဆိုလာတဲ့ စကားသံအေးအေးလေးကို ရှောင်းကျန့်က လိုက်နားထောင်ရင်းနဲ့ ခြေလှမ်းတွေကို တိတ်တိတ်လေးမှတ်နေတယ်။
ဒီကလေးလေးကို သူသိပ်သံယောဇဉ်ရှိတာပဲ။
"အောက်ကိုကြည့်လျှောက်လေ ရိပေါ်"
လေသံအေးအေးလေးနဲ့ သတိထားဖို့ ပြောလိုက်တာဆိုပေမဲ့ မျက်ပေတုံးလေးနဲ့ မျက်စောင်းလှမ်းရွယ်လိုက်ဖို့ကို သူ့ကလေးက မမေ့ခဲ့ဘူး။
"ရှောင်း"
"အင်း"
"ကျွန်တော်လေ ..."
"အင်း"
"မိုးရေထဲမှာ လမ်းလျှောက်ချင်တယ်"
ခပ်ဆိုးဆိုးဆိုတဲ့ တဇွတ်ထိုး ကျောင်းသားလေးရိပေါ်က ရှောင်းကျန့်ရှေ့မှာတော့ ချွဲချွဲပြီးဆိုးတတ်တာများ သိပ်ချစ်စရာကောင်းတာ။
"မိုးမှ မရွာသေးဘဲ"
ရှောင်းကျန့်က ဒီလိုပြောတော့လည်း လူမိုက်ပြုံးလေးနှုတ်ခမ်းချိတ်လို့ ပြန်ပြောလာတယ်။
"မိုးရွာရင် လမ်းလျှောက်ကြမယ်နော်"
ရှောင်းကျန့်စိတ်ထဲ ဘာလို့မှန်းမသိ အလိုလိုက်ချင်နေတယ်။
ဝမ်ရိပေါ်က အဆိုးလေးလေ။ ဒါပေမဲ့ ချစ်ဖို့ကောင်းအောင် ဆိုးတတ်တာလေးက ချွင်းချက်တစ်ခုလိုမျိုး။
ရှောင်းကျန့်တို့ခြေလှမ်းတွေ ၁၀ လှမ်းလောက်မရောက်ခင်မှာပဲ မိုးဖွဲဖွဲကလေးတွေ စတင်ကျဆင်းလာတယ်။ ရှောင်းကျန့်က ထီးပါပေမဲ့ ထီးမဖွင့်ဖြစ်တော့ဘူး။
"ရှောင်း မိုးတွေရွာလာပြီ"
"ဟုတ်တယ် ရွာလာပြီ"
ညနေခင်းမို့ အုံ့မှိုင်းမှိုင်းကောင်းကင်နဲ့ လေနုအေးက စိတ်ကို ကြည်နူးစေတာတော့ တကယ်။ ရှောင်းကျန့်လေ သူ့ရှေ့က ကလေးလေးကိုချစ်လိုက်ရတာ။
"ချစ်သူနဲ့အတူတူ မိုးရေထဲမှာ လမ်းလျှောက်ရတာ ကြည်နူးစရာတဲ့ ရိပေါ်သိလား"
"မသိဘူး ကျွန်တော် ရှောင်းနဲ့ ရှိရတာကိုပျော်တယ်"
ကဗျာဆန်လို့မရတဲ့မျက်ပေတုံးကလေးက ဝမ်ရိပေါ်ဖြစ်တယ်တဲ့။