"ရှောင်းကို ကျွန်တော် ချစ်တယ်"
ဒီစကားကြားတုန်းက ရှောင်းကျန့်အိပ်လို့မပျော်နိုင်အောင်ပဲ ရင်ထဲမှာ လိပ်ပြာလေးတွေဝဲနေခဲ့တယ်။ ဆုပ်ကိုင်ထားတဲ့ လက်ကလေးကို စိတ်ကူးထဲ ပြန်ပုံဖော်ရင်း ရှောင်းကျန့်က ပျော်ရွှင်နေခဲ့တာ။
"ချစ်တယ် တဲ့လား"
ဟားကနဲ သက်ပြင်းရှိုက်ထုတ်လိုက်ပြီးနောက် ရှောင်းကျန့်ရဲ့ အခန်းထဲမှာ ပျော်ရွှင်ခြင်းအငွေ့အသက်တွေ ပျံ့လို့ လွင့်လို့နေပါတယ်။
သူ့ရဲ့ ကျောင်းသားလေးက သူ့ကိုချစ်ပါတယ်တဲ့။
•
•
•
ရှောင်းက ဒိတ်ကြမယ်ဆိုလို့ ရိပေါ်က စောင့်နေတာ။ ဟိုတခါ ခြေချော်ကျသွားတော့ စိုးရိမ်တကြီးနဲ့ သူ့ကိုစိတ်ပူနေတဲ့ ရှောင်းကို မြင်ရတာ သူသိပ်ပျော်တယ်။ ရှောင်းက သူ့ကို လိုအပ်နေတာကို သူကျေနပ်ပါတယ်။
ရှူးဖိနပ်ထိပ်လေးနဲ့ မြေကြီးကိုတူးဆွလိုက်တော့ ရှောင်းက စက်ဘီးလေးနင်းပြီး သူ့ရှေ့ရောက်လာတယ်။
"ကားနဲ့ သွားလို့ရတာကို ဘာလို့ စက်ဘီးလဲ"
"ရှောင်းမှ စက်ဘီးစီးမကျွမ်းသေးတာ"
ရှောင်းက ပြုံးစိစိနဲ့ မျက်စောင်းထိုးတော့ ရိပေါ်က ပျော်ပျော်ရွှင်ရွှင်ပဲ ရှောင်းပုခုံးပေါ်ကို ခေါင်းနဲ့ တိုးချပစ်လိုက်တယ်။
"ရှောင်းကိုချစ်တယ်"
ဒါပေမဲ့ ရှောင်းကျန့်က ချစ်တယ်လို့ ပြန်မပြောခဲ့ဘူး။
ချစ်တယ်ဆိုတဲ့စကားထက် မြတ်နိုးမှုကို သိသာပေါ်လွင်စေတဲ့ အပြုအမူတွေက အရေးကြီးတယ်လို့ ရှောင်းကျန့်က ခံယူထားတယ်။
"ရှောင်း ..."
"ဟွန်"
"ကျွန်တော် မချစ်တော့ရင်ရော ရှောင်းက ချစ်မှာလား"
"အွန်း"
"ကျွန်တော်ထားခဲ့ရင်ရော ရှောင်းက လက်ခံမှာလား"
"မင်းက ထားခဲ့ချင်လို့လား"
"မေးကြည့်တာပါ"