ရိပေါ်က ဒီနေ့ အထက်တန်းကျောင်းရဲ့ နှစ်ပတ်လည် အားကစားပြိုင်ပွဲမှာ လက်ဆင့်ကမ်းပြီးပြေးတဲ့ အားကစားမှာ ဝင်ပြိုင်ဖို့ စာရင်းသွင်းထားတယ်။ နှစ်တိုင်း ဘတ်စကတ်ဘောမှာ ဝင်ကစားနေကျပေမဲ့ ဒီနှစ်ကတော့ ပေါ်ချန်ကလည်း မပါဝင်တာကြောင့် လက်ဆင့်ကမ်း အပြေးပြိုင်ပွဲကိုသာ ပါဝင်ဖို့ စိတ်ဆုံးဖြတ်လိုက်တာ။
အထက်တန်းရဲ့ ဘတ်စကတ်ဘော အသင်းအတွက် နစ်နာမှုကြီးဆိုပေမဲ့ ရိပေါ်က ငြင်းတာပဲ။ ကိုယ်အဆင်မပြေတာကို သူများအတွက်ဆိုပြီး ဟန်ဆောင်ပြီးတောင် အဆင်မပြေချင်ပါဘူး။
"အားကစားပြိုင်ပွဲမှာ အနာတရမဖြစ်စေနဲ့"
ရှောင်းကျန့်က သူတွက်ထားတဲ့ ပုစ္ဆာတွေကို စစ်ဆေးနေရင်းနဲ့မှ ပြောလိုက်တာကြောင့် ရိပေါ်က နှုတ်ခမ်းကို တတန်းတည်းထားလိုက်ရင်း မျက်လုံးအဝိုင်းသားနဲ့ လှမ်းကြည့်လိုက်မိတယ်။
ဖျက်ကနဲမြင်လိုက်ရတဲ့ ချစ်ဖို့ကောင်းမှုကို ရှောင်းကျန့်က မြင်လွှာကနေတစ်ဆင့် ဦးနှောက်မှတ်ဉာဏ်ထဲက ချစ်စရာကောင်းမှုများဆိုတဲ့ ခေါင်းစဉ်ေအာက်မှာ သိမ်းဆည်းလိုက်မိတယ်။
ဆိုးနေပေမဲ့ ချစ်စရာကောင်းတဲ့ဘက်အခြမ်းကို ရှောင်းကျန့်က တိတိကျကျမြင်ပြီးတော့ကို တဖြညး်ဖြည်း သံယောဇဉ်တိုးလာရတယ်။
"စာမေးပွဲနီးပြီ... တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ"
"မဖြစ်ပါဘူး"
ဆောင့်အောင့်ပြီး ပြန်ပြောတဲ့ အသံကိုက အမြင်ကပ်ချင်စရာလေးပင်။
"ဖြစ်ရင် ထိပ်ပေါက်အောင်ခေါက်မယ်"
ပေစောင်းစောင်း ကြည့်တာကို ခံလိုက်ရတယ်။ မင်း မြေမြိုမယ်လို့ပြောမိရင် ထများ ထိုးမလားမှတ်ရတယ်။
"သေချာလေ့ကျင့်မှာ မပူနဲ့"
ဆရာလို့ ခေါ်တဲ့ အရေအတွက်က လက်ချိုးရေရင် လက်ဆယ်ချောင်း ပြည့်ဖို့တောင် မလွယ်တဲ့အနေအထားမှာရှိတယ်။
"အင်း"
အမှတ်စစ်လို့ ပြီးသွားတဲ့ စာအုပ်ကိုကြည့်တော့ English စာ စာလုံးပေါင်းတွေ မှားချက်က မင်နီတွေ ရဲရဲကိုတောက်လို့။
![](https://img.wattpad.com/cover/346332844-288-k31174.jpg)