ငါ့အဖေကစကြာ၀ဠာမင်းသားချောလေး(ယောင်စစ်)

274 30 0
                                    

Chapter 37
ဓားစာခံ သေရလိမ့်မယ်

"ကောင်းပြီလေ... မမလေးယောင်... ကျန်တာတွေတပ်ဆင်ဖို့အတွက် ကျွန်တော့်ကို အချိန်နည်းနည်းလောက်ပေးပါဦးဗျာ..."
ဆိုင်ရှင်ယူလာပေးသော သေတ္တာကိုဖွင့်လိုက်သောအခါတွင် အစိမ်းရောင်ပန်းပွင့်လေးတစ်ပွင့် လွင့်ပျံလာသည်။ အဘိုးလျှိုက ဂါထာကဲ့သို့ တစ်ခုခုကိုရွတ်ဆိုလိုက်သောအခါ သူ့လက်ဖဝါးပေါ်ရှိ သွေးစက်လွင့်ပျံလာကာ အစိမ်းရောင်ပန်းပွင့်လေးနှင့် ဆုံသွားပြီး ပန်းပွင့်လေးက အနီရောင်အဖြစ်ပြောင်းသွားသည်။ ခဏအကြာတွင် သူ့ခြေထောက်အောက်၌ အဖြူရောင်စက်ဝိုင်းကြီးတစ်ခုထွက်ပေါ်လာကာ ယဇ်ပူဇော်နေသည့်ပုံနှင့်ပင် တူနေသည်။ ခဏအကြာတွင် သူမ၏ကွန်ပျူတာလက်ပတ်ကာ ထိုပန်းပွင့်နှင့် ပေါင်းစပ်သွားသည်။

မြင်ကွင်းတစ်ခုလုံးက မှော်ဆန်ဆန်အငွေ့အသက်တို့ လွှမ်းခြုံနေသည်။

ငါတွေးထားတဲ့  နည်းပညာမြင့်လုပ်ဆောင်မှုတွေက ဘယ်မလဲ... ငါ စိတ်ကူးယဉ်ရုပ်ရှင်ရိုက်ကွင်းထဲများ လွဲဝင်မိသွားတာလား...

-_-|||

"အာကာသမျိုးနွယ်တွေက သိုလှောင်ပစ္စည်းပေါင်းစပ်ပေးတဲ့ နေရာမှာ အချိန်တော်တော်ကြာလိုတတ်တယ်..."
မန်နေဂျာက ယောင်စစ်တစ်ယောက် စောင့်နေရသည်ကို မကြိုက်လောက်ဘူးဟု ထင်သောကြောင့် ကြိုးကြိုးစားစားရှင်းပြလာသည်။
"ဒါပေမယ့် အဘိုးလျှိုက တော်တော်လေးအတွေ့အကြုံရှိပြီး သူ့ရဲ့ကျွမ်းကျင်မှုနဲ့ လုပ်နိုင်စွမ်းက  အတော်လေးအရည်အချင်းရှိပါတယ်..."

"အိုး... "
အဘိုးလျှိုရဲ့ မှော်ဆန်ဆန်လုပ်ဆောင်မှုတွေအကုန်လုံးက သူက အာကာသမျိုးနွယ်ဝင်ဖြစ်နေတာကြောင့်ကိုး... ကြည့်ရတာတော့ ဒီလိုလုပ်ဖို့လည်း လွယ်မယ့်ပုံမပေါ်ပါဘူးလေ...

ယောင်စစ် သူမကို အနီရောင်ဂြိုလ်သို့ ဓားပျံနှင့်လိုက်ပို့သော လူတစ်ယောက်ကို သတိရမိသွားသည်။ ၎င်းသည် နည်းပညာနှင့် ရိုးရာနည်းလမ်းများကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ထိုလူများက အလွန်ဉာဏ်ကောင်းကြပေသည်။ သူမထိုအရာအားလုံးကို တွေ့ကြုံပါများလာပါက နေသားကျသွားမည်ဖြစ်သည်။

ငါ့ဖေဖေကကြာဝဠာမင်းသားချောလေးWhere stories live. Discover now