ငါ့အဖေကစကြာ၀ဠာမင်းသားချောလေး(ယောင်စစ်)

241 22 0
                                    

Chapter 78
စင်ကြယ်ဂြိုလ်၏မြေပုံ

သူတို့လမ်းတလျှောက်လုံးအရှိန်ပြင်းပြင်းဖြင့် ခရီးနှင်လာခဲ့သောကြောင့် လေတိုးသံများက နားထဲတွင်ဗုံသံအလားဆူညံနေသည်၊ လေပြင်းများက မျက်နှာကိုဖြတ်ရိုက်သကဲ့သို့ခံစားနေရသည်။ သို့သော်လည်း ထိုကြီးမားလှသော သဲသားရဲကြီး၏ လက်ထဲမှလွတ်မြောက်ရန် ခက်ခဲလွန်းလှသောကြောင့် သူတို့လုံးဝမငြီးငြူနိုင်ကြပေ။

ယောင်စစ် ထိုသားရဲကိုမမြင်နိုင်လုနီးပါးအခြေအနေသို့ရောက်မှသာ သူမ၏ ကွန်ပျူတာလက်ပတ်ကိုဖွင့်၍ စစ်ဆေးကြည့်လိုက်သည်။မျက်နှာပြင်ပေါ် တွင်အနီရောင် စကားလုံးတစ်ချို့ပေါ် လာသည် 'အဆင့် S+ သားရဲ'

သောက်ကျိုးနည်း...တစ်ခုခုတော့မှားနေပြီ... S+ သားရဲ ဒီနေရာမှာပေါ် လာတယ်ဆိုတာ ယုတ္တိမရှိဘူး...

ဇန်ဇီချန် နာရီဝက်မျှကြာအာင်ပျံသန်းခဲ့ပြီးနောက် သားရဲကိုမမြင်ရတော့ကြောင်း သေချာသောအခါမှသာ မြေပြင်ပေါ် သို့ပြန်လည်ဆင်းသက်လိုက်သည်။

ထို့နောက်မြေကြီးပေါ် တွင် ကျောက်တုံးတစ်တုံးကိုမှီ၍ထိုင်ချလိုက်သည်...

"ကျေးဇူးတင်ပါတယ်...ဘဒို.."

ယောင်စစ် နဖူးမှချွေးများကို သုတ်၍ပြောလိုက်သည်။ဒီလိုအခြေအနေမျိုးမှာတောင် သူမကိုရအောင်ဆွဲခေါ် လာတယ်ဆိုတော့ သူကလူကောင်းတစ်ယောက်ပဲဖြစ်ရမယ်...

ဇန်ဇီချန်ကစွမ်းအင်အားလုံးကုန်ဆုံးသွားပုံပေါ် လေသည်။သူအချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ အသက်ရှူမှန်သွားလေသည်။

"ရပါတယ်..မင်းကနတ်ဆိုးစွမ်းအင်တွေကို ခံနိုင်ရည်ရှိပုံရတယ်...အဲ့တော့မင်းအနားမှာဆိုလို့ရှိရင် ငါကနတ်ဆိုးစွမ်းအင်တွေ လွှမ်းခြုံခံရမှာကိုစိတ်ပူနေစရာမလိုဘူး...တကယ်တမ်းဆိုရင် ငါကသာမင်းကိုကျေးဇူးတင်ရမှာပါ...."

အင်း...သူပြောတာလဲ အကျိုးအကြောင်းသင့်သားပဲ...

ယောင်စစ် အစောပိုင်းကခံစားနေရသော အဆက်မပြတ်ဖိနှိပ်ခံနေရသလို ခံစားချက်ကရပ်တန့်သွားလေသည်။‌နောက်ဆုံး၌နတ်ဆိုးစွမ်းအင်များ ကျူးကျော်မှုကိုတွန်းလှန်ရန် သူမသဘောပေါက်သွားလေသည်။

ငါ့ဖေဖေကကြာဝဠာမင်းသားချောလေးWhere stories live. Discover now