ငါ့အဖေကစကြာ၀ဠာမင်းသားချောလေး(ယောင်စစ်)

166 15 0
                                    

Chapter 162
သွေးစာချုပ်

သူတို့ပတ်ဝန်းကျင်ရှိ သွေးများသည် လူတစ်စုဆီသို့ တည့်တည့် ပြေးလာကာ သွေးဓားပေါင်းတစ်ထောင် အဖြစ်သို့ အသွင်ပြောင်းသွားကာ သက်ဝင်လှုပ်ရှားလာသည်။ ၎င်းတို့က အလွန်များပြားပြီး သူတို့ကြားတွင် နေရာလွတ်မရှိပေ။

ထိုအုပ်စု၏ စွမ်းရည်များက သွေးဓားများနှင့် ယှဉ်ပါက အသုံးမဝင်တော့ပေ။ အကြီးအကဲများ အသတ်ခံရလုနီးပါး ဖြစ်နေသည့်အတွက် ယောင်စစ် ထိတ်ထိတ်ပျာပျာ ဖြစ်နေသည်။  ထိုနှာဘူးကောင်က ပထမမျိုးဆက် သွေးစုပ်ဖုတ်ကောင်ဖြစ်သည့်အတွက် အကြီးအကဲများက သူ၏ တိုက်ခိုက်မှုမှ ပြန်လည် ကောင်းမွန်မလာနိုင်ပေ။

ဒါဆိုရင် သူတို့သေမှာပေါ့...

သူမတွင်ရှိနေသော ခွန်အားများကိုစု၍ အကာအရံကို ဖြတ်ကျော်လိုက်သည်။

" ရပ်လိုက် ..."
စွမ်းအင်များတိုးလာပြီး သူမ၏ ခန္ဓာကိုယ်က စွမ်းအင်အင်များကို အလိုအလျောက် ထုတ်လွှတ်လိုက်သည်။

သူမ၏ အတွင်းမှ အဖြူရောင် အလင်းတန်းများ တဖြည်းဖြည်း ထွက်ပေါ်လာပြီး အာကာသ တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ကောင်းကင်တွင် ပြည့်နေသော သွေးဓားများနှင့် အကြီးအကဲများ၏ စွမ်းရည်တို့က ယခင်က မရှိခဲ့သလိုပင် ပျောက်ကွယ်သွားသည်။ 

ယောင်စစ်ကို ရစ်ပတ်ထားသည့် သွေးများလည်း မရှိတော့ပေ။ သူမ ခန္ဓာကိုယ်က မြောက်တက်သွားပြီးနောက် မြေပေါ်ပြန်ကျလာသည်။ နေရာတစ်ခုလုံး ရှင်းလင်းသွားပြီး နှာဘူးကောင်အပါအဝင် လူအားလုံးကို တအံ့တဩ ဖြစ်သွားစေသည်။

သူတို့ မတုံ့ပြန်နိုင်မီမှာပင် ယောင်စစ်က လူအုပ်ကိုကြည့်၍ အော်လိုက်သည်။
" နေရာကူးပြောင်း ကိရိယာတွေနဲ့ ထွက်သွားကြတော့ ..."

သူတို့ အလျင်အမြန် မလုပ်မည်စိုး၍ ပဉ္စမမျိုးဆက် သွေးစုပ်ဖုတ်ကောင်၏ ဖိနှိပ်မှုများကို ဆင့်ခေါ်လိုက်သည်။

လူအုပ်ကြီး မိန်းမောနေရာမှ နေရာရာကူးပြောင်းကိရိယာများ အကူအညီဖြင့် ထွက်သွားကြသည်။ ယောင်စစ်လည်း ထိုကိရိယာကို နှိပ်လိုက်သည့်အခါ အဖြူရောင် အလင်းတန်းများက အားလုံးအပေါ်တွင် ဖုံးလွှမ်းသွားသည်။

ငါ့ဖေဖေကကြာဝဠာမင်းသားချောလေးWhere stories live. Discover now