ငါ့အဖေကစကြာ၀ဠာမင်းသားချောလေး(ယောင်စစ်)

176 9 0
                                    

Chapter 172
အေ အပေါင်း တစ်

သုံးနာရီခန့် လက်ချာပေးပြီးနောက် ကွန်ပျူတာလက်ပတ်ထဲတွင် ပစ္စည်းအပြည့်အစုံကို ထည့်ပြီးသောအခါမှ မူရွှမ် သံသယကင်းသွားသည်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အလုပ်များ ပြီးစီးသွားချိန်တွင် ယောင်စစ်က တစ်ခဏတွင်း အာကာသစခန်း၏ အပြင်ဘက်သို့ ရောက်နေပြီဖြစ်သည်။ သူမက အရွယ်ရောက်ခြင်းအခမ်းအနားကို အောင်မြင်ရန် ဆုံးဖြတ်ထားသည်။

ဒါက အခြားဂြိုလ်တစ်ခုပဲလေ ... သူမ တစ်ယောက်တည်း ဆိုရင်တောင် ခရီးစဉ်တစ်ခုလို့ပဲ ယူဆလို့ရတယ် ...

" သေစမ်း ... ရှင်တို့ကရော ဒီကို ဘာလာလုပ်တာလဲ ..."
ယောင်စစ် သူမနှင့် တစ်ချိန်တည်း ရောက်လာသူနှစ်ယောက်ကို ကြည့်လိုက်သည်။

"သခင်မလေး ... တော်ပါသေးရဲ့ဗျာ... နောက်ဆုံးတော့ ကျွန်တော်တို့ လိုက်မှီနိုင်ခဲ့ပြီ ..."
ပိုင်ရိက ပြုံးပြလိုက်သည်။

" သခင်မလေးလည်း အရွယ်ရောက်ခြင်း အခမ်းအနား စစ်ဆေးချက်ကို တက်ရောက်မယ် မထင်ထားမိဘူး ... တိုက်ဆိုင်လိုက်တာ ..."

" တိုက်ဆိုင်တယ်ဆိုတာ ဘာသဘောလဲ ... ငါ့နောက်က လိုက်လာကြတာ မဟုတ်ဖူးလား ..."

" ဒါ ... ကျွန်တော့်မှာ ရွေးချယ်စရာမရှိခဲ့ဖူး ..."
သူ အလိမ်ပေါ်သွားသဖြင့် ‌သနားစဖွယ် ‌ညည်းညူလိုက်သည်။

"သခင်မလေး ... ကျွန်တော့်ရဲ့စွမ်းရည်က တိုက်ခိုက်နိုင်စွမ်းအား မရှိတာ သိတယ်မလား ... ကျွန်တော်တစ်ယောက်တည်းဆို  အောင်မှာမဟုတ်ဘူး ...ဒါ ကျွန်တော့်ရဲ့ တတိယမြောက် ကြိုးပမ်းမှုပဲ ... ကျွန်တော်တစ်ယောက်တည်း နေခဲ့ရတာကြာပြီ ... အရင်တုန်းက အတန်းဖော် ဖြစ်ခဲ့ဖူးတာတွေကို ထောက်ထားပေးပါလား ... ကျွန်တော်တစ်ယောက်တည်း ဆက်ခံသူမရှိပဲ ထာဝရနေရမှာ ရက်စက်လွန်းပါတယ် ..."

အရွယ်ရောက်ခြင်း အခမ်းအနားစစ်ဆေးချက်ကို ပိုင်ရိ ပြောပြခဲ့သည့် ရည်ရွယ်ချက်ကို ယောင်စစ် နောက်ဆုံးတွင် နားလည်သွားသည်။

ကြည့်ရတာ သူ ကြံစည်နေတာ ကြာပြီထင်တယ် ...

" သူကရော ..."
ပိုင်ရိ၏ အကြောင်းပြချက်ကို သူမ နားလည်နိုင်သည်။
ဒါပေမဲ့ လီကျန်းကိုပါ ဘာလို့ ဆွဲခေါ်လာတာလဲ ... သူမနဲ့ ယှဉ်မယ်ဆိုရင် သူကတောင် ပိုငယ်တဲ့ ဆက်ခံသူလို့ ပြောရမယ် ...

ငါ့ဖေဖေကကြာဝဠာမင်းသားချောလေးWhere stories live. Discover now