ငါ့အဖေကစကြာ၀ဠာမင်းသားချောလေး(ယောင်စစ်)

247 22 0
                                    

Chapter 76
လေ့ကျင့်ရေးဂြိုလ်

" တစ်ခေါက်လောက် ထပ်ကြည့်ကြည့်ပါဦး...ဒါတွေကတကယ်ကိုပဲအရမ်း အသုံးဝင်ပါတယ်...ဒါလေးဆိုရင်ရော...ဒါကိုယူမယ်ဆိုရင်မီးအကာကွယ် ရေးအဆောင်တစ်ခုအလကားပေးမယ်လေ ဘယ်လိုသဘောရလဲ..."

"ကျွန်မတကယ်ကို မလိုအပ်ဘူး..."

ယောင်စစ် နောက်တစ်ခါထပ်ငြင်းလိုက်သည်။ ထိုသူကမကျေမနပ်ဖြစ်သွားပြီး သူလက်ထဲမှအဆောင်ကို ရမ်းခါလိုက်သည်။

ထို့နောက်ယောင်စစ် ကိုလှောင်ပြောင်အထင်သေးဟန်ဖြင့် ခြေဆုံးခေါင်းဆုံးတစ်ချက်အကဲခတ်လိုက်ပြီး ဆိုင်းဘုတ်ချိတ်ထားသောအခန်းငယ်လေးကိုညွှန်ပြလိုက်သည်။

" အဲဒါဆိုလည်း သွားပြန်ပြီးတော့တန်းစီလိုက်တော...မကြာခင်ပဲအဲ့နေရာကဖွင့်တော့မှာ..."

ယောင်စစ် ထိုသူ၏ အပြုအမှုကိုဗွေမယူနေတော့ချေ။သူမလှည့်ကြည့်လိုက်လေရာ အခန်းငယ်၏အရှေ့တွင်တားဆီးထားသောတိမ်များက တဖြေးဖြေးချင်းလွင့်ပြယ်နေသည်ကို တွေ့လိုက်ရသည်။

ထို့ကြောင့် ထိုသူကိုအလျင်အမြန်ကျေးဇူးတင်လိုက်ပြီး သွားရောက်တန်းစီလိုက်၏။
စာရင်းပေးသွင်းပြီးနောက်ထိုနေရာမှ အဝါရောင်အဆောင်ပြားလေးတစ်ခုရလာလေသည်။ ၄င်းတွင် မထွက်ခွာမှီပြုလုပ်ရမည့် လုပ်ဆောင်မှုများကို ရိုးရှင်းစွာညွှန်ပြထားလေသည်။

ယောင်စစ်က သူမလက်ထဲမှ ပို့ဆောင်ရေးလက်မှတ်ကိုကြည့်လိုက်ပြီး ထွက်ခွာသွားလိုက်သည်။

သူမနောက်တွင်ကျန်ခဲ့သော ထိုသက်ကြီးပိုင်းလူကြီး၏မျက်နှာပေါ်ရှိလှောင်ပြောင်ကောက်ကျစ်သောမူအရာကိုပင်သတိမထားမိခဲ့ပေ။

ငါ့ပစ္စည်းတွေမဝယ်ချင်ဘူးဟုတ်လား...
နင်အဆုံးကျရင် ငိုရအောင်လုပ်ပစ်မယ်...

ဤပို့ဆောင်ရေးနေရာဆိုသည်ကားမြေပြင်ပေါ်တွင်ပုံဆွဲထားသောနေရာတစ်ခုမျှသာဖြစ်သည်။

ယောင်စစ် သူမလက်ထဲမှ အဆောင်များကိုင်၍ ထိုနေရာသို့လျှောက်ဝင်လိုက်သည်။သူမထိုနေရာတွင်ရပ်လိုက်သည့်ခဏ၌ လက်ထဲမှ အဆောင်ပြားကအလင်းများတောက်လာပြီးပျောက်ကွယ်သွားလေသည်။
နောက်ခဏတွင် မြေပြင်ပေါ်တွင်ဆွဲထားသောလိုင်းများမှအလင်းများတောက်ပလာသည်။

ငါ့ဖေဖေကကြာဝဠာမင်းသားချောလေးWhere stories live. Discover now