ငါ့အဖေကစကြာ၀ဠာမင်းသားချောလေး(ယောင်စစ်)

229 16 1
                                    

Chapter 116
လူထောင်ချီ ကလဲ့စားချေခြင်း

ယောင်စစ် ချွီဇယ်ကို မကြိုက်ပေ။ ထို့အပြင် ပထမဆုံးတွေ့ချိန်တွင် သူတို့ကို လှည့်စားခဲ့သော လူကို မည်သူက ကြိုက်မည်နည်း။ ထို့အပြင် ယခုအကြိမ်က သူ သူမကိုလှည့်စားသော ဒုတိယအကြိမ်ဖြစ်၍ မည်ကဲ့သို့ ခွင့်လွှတ်ပေးရမည်နည်း။

"သခင်မလေး ကျွန်တော်သခင်မလေးကို ဘယ်လောက်တောင် လွမ်းနေကြောင်းသိမှာ မဟုတ်__ အား... သခင်မလေး ဘာလုပ်တာလဲ... မလုပ်ပါနဲ့ မလုပ်နဲ့ မလုပ်နဲ့လို့... အကြမ်းမဖက်ပဲ စကားပဲပြောကြမယ်လေ.... မျက်နှာကို  မထိုးပါနဲ့ နာတယ် နာတယ် နာပါတယ်ဆို..."

ယောင်စစ် ချွီဇယ်၏ မျက်နှာကို ပယ်ပယ်နယ်နယ် ထိုးလိုက်သည်မှာ ချွီဇယ်၏ အော်သံက ကွင်းပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့သည်။ သူ၏ပြုံးဖြီးနေသော မျက်နှာကြီး ရုပ်ပျက်ဆင်းပျက်ဖြစ်သွားမှ ထိုးနေသည်ကို ရပ်လိုက်သည်။

"နင်က အထိုးခံရဖို့ ယားနေမှတော့ နင့်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့..."

"သ..ခင်..မ..လေး....."
ချွီဇယ် သူ၏ ယောင်ကိုင်းနေသော မျက်နှာကို အုပ်ကိုင်ကာ မျက်ရည်များ ဝဲနေသော မျက်လုံးဖြင့် ကြည့်လာသည်။
"သခင်မလေးက လူဆိုးမကြီး... ချီဇယ်လေးနာသွားရပြီ..."

"ပြောရဲရင်နောက်တစ်ခွန်း ထပ်ပြောကြည့်လိုက်စမ်း..."
ယောင်စစ် အံတင်းတင်းကြိတ်ကာ လက်သီးလက်မောင်းတန်း၍ ပြောလိုက်သည်။ ချွီဇယ်ကို နောက်တစ်ကြိမ်ရိုက်နှက်ရလည်း  စိတ်မရှိပေ။

"မဟုတ်ဘူး.. မဟုတ်ဘူး မဟုတ်ပါဘူးဗျာ..."
ချွီဇယ်ခုန်ရှောင်လိုက်ကာ မရှိသည့် မျက်ရည်များကို သုတ်လိုက်သည်။
"အိုင်း... နှစ်တွေဒီလောက်ကြာသွားတော့ သခင်မလေးက ပြောင်းလဲသွားခဲ့ပြီပဲ... အပြစ်ကင်းစင်တဲ့ cutie လေးလုံးဝမဟုတ်တော့ဘူး..."

"လစ်လိုက်တော့..."
သူပြောချင်တာ ငါက လှည့်စားခံရဖို့ ထိုက်တန်တယ်လို့ ပြောချင်တာလား...
"ပြောစမ်း.. ငါတို့ကို ဟိုသုံးယောက်နဲ့ ဘာလို့ ပြန်ပေးဆွဲခိုင်းရတာလဲ..."

"ငါတို့တဲ့လား..."
ချွီဇယ် ပိုင်ရိကို စိတ်ရှုပ်ထွေးဟန် မျက်စိမှေးကြည့်လိုက်သည်။
"အာ.. မေတ္တာလက်ဆောင်လေးပါ ပါလာသေးတာပဲ... မင်းတို့ဝန်ဆောင်မှုက တကယ်မဆိုးဘူး..."
သူ ပြန်ပေးဆွဲသမားသုံးယောက်ကို ကျေနပ်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။

ငါ့ဖေဖေကကြာဝဠာမင်းသားချောလေးWo Geschichten leben. Entdecke jetzt