အပိုင်း (2)

4.2K 170 3
                                    

ကိုကို့ အတွက် လှောင်အိမ်......(2)🚫🚫🚫🚫

လွန်ခဲ့တယ်ဆယ်နှစ်က Jimin လေး အသက်က 18 နှစ်ပေါ့ အမေအဖေမရှိ တစ်ကောင်ကြွက်ဘဝနဲ့ ဖြတ်သန်းလာရင်း

ဖက်ထုပ်ဆိုင်သေးသေးလေးတစ်ခုတော့ နောက်ဆုံးအဖွားချန်ခဲ့တယ့် အမွေအနေ နဲ့ ဆက်လုပ်ဖြစ်ခဲ့တယ်....

တစ်နေ့မှာတော့....

Jimin လေးက ညဘက်အပြင်သွားရင်း ပြန်လာ
တယ့်အချိန် ကလေးတစ်ယောက်ငိုသံကြားခဲ့သည်။

"ကလေးအသံ...."

Jimin က သွားကြည့်တော့ ဆယ်နှစ်အရွက်ကလေးကို သတ်ဖို့လုပ်နေတယ့် လူတစ်ယောက်ကို တွေ့လိုက်ရတယ်.....

မြင်မြင်ချင်း အရမ်းကိုလန့်သွားခဲ့တယ်...ကလေးကိုများ....ဒီလူကတော့

ကလေးကလဲ ဝမ်းနည်းစွာ  အော်ဟစ်ငိုကြွေးနေသည်။

Jimin က တွေ့တယ့် အုတ်ခဲ ဖြင့်ကောက်ပေါက်ကာ ရတယ့်အားနဲ့ခုခံပြီး ကလေးကို ချီကာပြေးခဲ့သည်။

ခုခံရင်း ဒဏ်ရာ ရခဲ့ ပေမယ့် ကလေးကိုတော့
ကယ်နိုင်ခဲ့သည်။

ကလေးကို အိမ်ခေါ်ပြီးနောက်....ရေအရင်ခတ်တိုက်ကာဖြင့်

"ကလေး နာမည် ဘယ်လိုခေါ်လဲ... "

"Jungkookie"

"ကလေး ဘာစားချင်လဲ...ဗိုက်ဆာနေလား"

"အင်း....သားသား..ဗိုက်ဆာတယ်"

ကလေးမှာ မျက်ရည်သီးတွေကျကာဖြင့် ငိုနေရှာသည်။

Jimin က Banana Milk နဲ့ ဖက်ထုပ် ပူပူလေး လုပ်ကျွေးခဲ့သည်။

ကလေးက မျက်ရည်လေးတွေကျကာ....ဗိုက်ကဆာလို့...အတင်းစားရှာတာ...မျက်ရည်တွေကလဲကျရင်း....

Jimin ကလေးကို လူပျောက်မတိုင်ခဲ့ဘူး...ဘာလို့ဆိုရင် ကလေးကိုလာသတ်မယ့်သူတွေနဲ့စိတ်မချလို့ပါ

ဘာလိုမို့ ဒီကလေးကို အန္တရာယ်ပေးချင်ကျနေတာလဲ

မျက်ရည်တွေနဲ့ မုန့်လေးကို ဗိုက်အရမ်းဆာလို့ယူစားနေတယ့်ပုံရိပ်လေးက....

ယခုသူရှေ့မှာ ထမင်းစားနေတယ့်ပုံရိပ်ကို ယှဥ်ကာ
Jimin မျက်ရည်တွေ ကျလာခဲ့သည်။

ကိုကို့ အတွက် လှောင်အိမ်...🚫🚫🚫 (Z+U)Where stories live. Discover now