အပိုင်း (5)

836 63 9
                                    

အရှင်မင်းကြီး ရဲ့ Baby
(OR)
ကိုကို့ အတွက် လှောင်အိမ် S2

အပိုင်း (5)

အေးစက်နေတယ့်ရေအေးတွေက နူးညံ့တယ့်ခန္ဓာတစ်ခွင်အပေါ်လောင်းကျလာသည်။အေးစိမ့်ပြီး လက်တွေပါတုန်လာသည်အထိ ခံစားလိုက်ရသည်။

အေးစက်နေတယ့် ရေတွေ က သူ့ခန္ဓာအသားက အက္ခရာတွေပေါ်လာစေသည်။

လျို့၀ှက်စကားလုံးတွေစပေါ်လာသည်။

တဂယ်​တော့ ဒီလျို့၀ှက်စကားလုံးတွေက ရှင်ဘုရင်တစ်ယောက်ပဲ ဖတ်နိုင်တယ်

ဒါပေမယ့် အဲ့စကားလုံးတွေက လျို့၀ှက်စာမို့
စာရွက်တစ်ခုမှာရေးကာ စကားလုံး ပြန်ဖော်
ရပေမည်။

ဒီမှာ က လျို့၀ှက်စကားလုံးအပြင် အဲ့လူရဲ့
ပြစ်မှု သက်သေတွေ ဘယ်နေရာမှာ ဖွတ်ထားတာလဲဆိုတာကိုပါ ရေးထားသည်။

ဒါကြောင့်မယ်တော်ကြီးက အဲ့စာလိပ်ကို ရရချင်း
မဖျတ်ဆီးသေးဘဲ စကားလုံးဖော်ဖိုကြိုးစားနေခဲ့တယ် သူ့ရဲ့သက်သေတွေ ဘယ်မှာ ဖွက်ထားလဲ သိစေဖို့နဲ့ အခြားလူ သက်သေတွေကိုပါ သူက အပိုင်ယူပြီး အကုန် ထိန်းချုပ်ဖို့ကြိုးစားချင်လို့ပေ။

ရှင်ဘုရင်က နာမည်ကို အလွယ်တကူဖော်စရာမလိုပဲ ဖက်နိုင်ပေမယ့် သက်သေတည်ရှိရာကိုတော့ သူအနေနဲ့ အချိန်ယူပြီး စကားလုံးဖော်ရပေမည်။

ဘာလို့ဆို သက်သေတည်နေရာက စကားလုံးများစွာဆိုပေမယ့် သူမြင်ရတာ လျို့၀ှက်စကားလုံး သုံးလုံးသာ။

Jimin အသားလေးက ရဲတတ်လာကာ သူကိုယ်တိုင်က အေးလာသည်။

တစ်ကိုယ်လုံး တုန်ရီလာနေ၏ ။

"ဘေဘီ ရရဲ့လား "

"အင်း ..."

ဘာလို့အရမ်းအေးနေတာလဲ ဒီခန္ဓာကိုယ်က အအေးဓာတ်နဲ့များ မတည့်တာလား

ဒီချိန် ဦးနှောက်ထဲပေါ်လာသည့် မှတ်ဉာဏ်လေး
တစ်ခု

မူရင်းခန္ဓာကိုယ်ပိုင်ရှင်ဟာ အအေးအလွန်ကြောက်ပြီး သူခန္ဓာကိုယ်က အအေးဓာတ်နဲ့ မတည့်ပါ။

ဘုရားရေ ဒီတစ်ယောက်ဘာလို့များ ကိုယ်နဲ့မတည့်တာကို လုပ်ထားရတာလဲ လုပ်တာကသူ
ခံရတာက ငါ။

ကိုကို့ အတွက် လှောင်အိမ်...🚫🚫🚫 (Z+U)Where stories live. Discover now