အပိုင်း (2)

884 69 11
                                    

အရှင်မင်းကြီး ရဲ့ Baby

အပိုင်း (2)

အမတ်ချုပ်ကြီးက မြင်းလှည်းနှင့်အတူ
သူ့အိမ်တော်ကို ပြန်သည်။

လမ်းတစ်လျှောက်စဥ်းစားနေတာက
ရှင်ဘုရင် က သူ့သားအငယ်ကိုတွေ့ပြီး ကိုယ်လုပ်တော်အဖြစ်ထားမှာကို
သေမတတ်စိုးရိမ်နေမိတယ်။

အိမ်တော်ကိုပြန်ရောက်တော့ ဇနီးဖြစ်သူက
ကြိုနေခဲ့သည်။

"သခင်ကြီး....."

"ရှင်မ...."

ဇနီးဖြစ်သူဟာ ခင်ပွန်းမျက်နှာက စိုးရိမ်မှုကိုမြင်လိုက်ရတော့.....တပ်အပ်သိလိုက်သည်။

"အရှင်မင်းကြီးက အိမ်တော်ကို ကြွဖို့
ထပ်ပြောတာလား "

"ဟုတ်တယ်.... ဒီတစ်ခါတော့ ငါ မတားနိုင်ခဲ့တော့ဘူး "

ဇနီးဟာ ခင်ပွန်းရင်ခွင်ထဲသို့၀င်ကာပွေ့ဖက်လိုက်သည်။

"ဒါ သခင်ကြီး အမှား မဟုတ်ပါဘူး ပြီးတော့ အရှင်မင်းကြီးက မင်းကောင်းမင်းမြတ်ပါ
အဲ့လိုတော့မလုပ်လောက်ပါဘူး "

နှစ်ယောက်သား ဖြေသိမ့်နေကြသည်။

💝💝💝💝💝💝💝💝💝💝💝

Jimin က အူယောင်းကိုကြည့်ကာဖြင့်
သူမသိတာတွေ ထပ်မေးနေသည်။

သူတို့လက်ကလဲ လက်ဆောင်ဘူးတွေ
ဖောက်ရင်းဖြင့်

"ငါ သိချင်တာ တစ်ခုရှိတယ် ဒီကမ္ဘာက တဂယ်တည်ရှိနေတာလား စိတ်ကူးယဥ်ကမ္ဘာလား ပြီးတော့ ငါ့၀ိဉာည် က မှားယွင်းရောက်လာတယ်ဆိုတော့ ဒီခန္ဓာကိုယ်က ငါ့ခန္ဓာမဟုတ်ဘူး ဘယ်သူ့ဟာလဲ ဘာလို့ ငါနဲ့ ရုပ်တူနေရတာလဲ နာမည်လဲတူနေတယ် "

အူယောင်းက လက်ဆောင်တွေက သူ့နေရာသူထားကာဖြင့် jimin အမေးကို ပြန်ဖြေသည်။

"ဒီကမ္ဘာက တဂယ်တည်ရှိနေတာပါ အစက ဒီခန္ဓာကိုယ်ရဲ့ ၀ိဉာည်က ပျောက်သွားတာပါ
တဂယ်ဆို သူရဲ့သေနေ့မစေ့သေးပဲ ဘာတွေကြောင့် အဲ့လိုဖြစ်သွားလဲမသိပါဘူး "

အူယောင်းကလဲ ခေါင်းလေးကုတ်ကာဖြင့် ပြန်ဖြေသည်။ တဂယ်တော့ သူလဲ အဲ့လောက်ထိမသိဘူး

ကိုကို့ အတွက် လှောင်အိမ်...🚫🚫🚫 (Z+U)Where stories live. Discover now