အပိုင်း (19)

2.1K 107 13
                                    

ကိုကို့ အတွက် လှောင်အိမ်......(19)

ဒီ ခရီး အပြီးမှာနှစ်ယောက်လုံး ခံစားချက်တွေကလဲ ထူးဆန်းလာခဲ့သည်။

ကမ်းခြေကပြန်လာပြီးတော့ Jimin နေမကောင်း
ဖြစ်သွားတော့တယ်

ဘယ်လောက်တောင်ဆော့မှန်းမှ မသိတာ

"ကိုကို အဆင်ပြေရဲ့လား"

"ဟင့်အင်း ... ခေါင်းကိုက်နေတယ်"

ဖြူဖတ်ပြီး အားနည်းနေသည့် jimin မျက်နှာလေးကို နူးညံ့စွာကိုင်ရင်း

"ကိုကို နေမကောင်းရင် နားနေ ဘယ်မှ မသွားနဲ့"

"ငါ ဘယ်မှ သွားစရာမရှိပါဘူး"

"ဒါဆို ကျွန်တော် အလုပ်ရှိသေးလို့
သွားမယ်နော်"

Jungkook ခေါင်းလေးက အနားတိုးလာကာ jimin နှုတ်ခမ်းလေးထက် နူးညံ့စွာဖိကပ်လိုက်၏

ဘယ်လောက်ပဲ ဒီနှုတ်ခမ်းသားလေးတွေကို ထိပါစေ
အမြဲ ရင်ခုန်နေတုန်းပဲ

jimin ပါးပြင်လေးက ရဲတတ်လာပြီး

နားရွက်လေးတွေကပါ နီလာသည်

"ကိုကို ရှက်နေတာလား"

"မရှက်ပါဘူး ငါက ဘာကိစ္စ ရှက်ရမှာလဲ "

"ဒါဆို ဘာလို့ နီနေတာလဲ"

"အဲ့ဒါက နေမကောင်းလို့လေ ငတုံးရယ့်"

"ဟုတ်ပါပြီ ဗျာ ဗြောင်လိမ်နေတာ သိပေမယ့်
မသိချင်ယောင်ဆောင်ပေးပါ့မယ်"

ပြောကာ ကုတင်မှ ထိုင်ရာက ထကာ ထွက်သွားခဲ့သည်။

*************❤️❤️❤️❤️❤️**************

Jungkook အလုပ်အချို့ပြီးတော့ မတွေ့တာကြာပြီ ဖြစ်တယ့် သူငယ်ချင်းရောက်လာခဲ့သည်။

"ဟေး ဒေးစ် "

"Hey JK မတွေ့တာကြာပြီနော်"

"အင်း "

"မင်း ယောက်ျားရသွားပြီသတင်းကြားတယ်နော် အကျဥ်းပဲ လုပ်လိုက်တယ်ဆို မင်းကွာ ငါကို တောင် လျို့၀ှက်တယ်နော်"

"အဲ့တော့ ...."

"စောက်ခွေးကောင် အရင်တိုင်းပဲ မပြောင်းလဲဘူး လူကို ဒေါသထွက်အောင်လုပ်တယ်"

ကိုကို့ အတွက် လှောင်အိမ်...🚫🚫🚫 (Z+U)Where stories live. Discover now