အပိုင်း (15)

621 52 8
                                    

အရှင်မင်းကြီး ရဲ့ Baby
(OR)
ကိုကို့ အတွက် လှောင်အိမ် S2

အပိုင်း (15)

"ဂျွန် ရောက်လာပြီ "

တဂယ်ကို ရောက်လာတာပဲ

     ထူးချွန်ပြောင်မြောက်တယ့် အထူးတပ်သားတွေကို ရန်သူကို ရှင်းလင်းနေချိန် အလည်ကနေ ငြိမ့်ညောင်းစွာ ဖြင့် အထဲသို့ လျှောက်၀င်လာနေသည်။

       သူမြင်နေရတာက အထဲမှာ အားနည်းနေတယ့် ချစ်ရသူ Jimin က သူ့ကို ကြိုးစားပြီးပြုံးပြနေသည်။

       ဂျွန် က သူ့၀တ်ရုံကို Jimin ခေါင်းစ ခြေအဆုံးဖုံးပေးရင်း ဒူးအောက်ကနေပွေ့ချီကာ ထိုနေရာကနေထွက်ခွာသည်။

      "အရှင် ကျွန်တော်မျိုးတို့ဒီနေရာကို ဘယ်လိုလုပ်လိုက်ရမလဲ "

      "မီးရှို့လိုက်"

      "ဟုတ်ကဲ့ "

      ~~~~~~~~~~~~~~~~~~~~

      ဂျွန်က အမတ်ချုပ်ကြီးအိမ်တော်ကို ပြန်ခေါ်သွားသည်။

      အကိုဖြစ်သူ ဂျယ်လ်ဟွန်းက ညီဖြစ်သူ သတင်းရသည်နှင့် ချက်ချင်းကို အိမ်ပြန်လာခဲ့တာ

      ဂျယ်လ်ဟွန်းက ဂျွန် လက်ထဲကနေ Jimin ကို တောင်းသည်။

      "အရှင်မင်းကြီး ကျွန်တော်မျိုး ညီငယ်ကို ကျွန်တော်ပဲ သူ့အခန်းကိုခေါ်သွားလိုက်ပါ့မယ် "

     ဂျွန်က ဘာစကားမျှ မပြောဘဲ မျက်ထောင့်နီဖြင့်ကြည့်နေသည်။

      အမတ်ချုပ်ကြီးက ဂျွန်ကို ကြည့်ကာ

      "အရှင် ကျွန်တော်တို့ စကားပြောဖို့လိုနေပြီး
သားငယ်ကို ကျွန်တော်မျိုးသားအကြီးဆီ လွဲပေးလိုက်ပါ"

      ဂျယ်လ်ဟွန်း က Jimin ကို ဂျွန်လက်ထဲကနေယူကာ ထိုနေရာကနေ ထွက်ခွာသွားသည်။

     ဂျွန်နဲ့အမတ်ချုပ်တို့ကစကား စပြောသည်။
ပြီးတော့ ဖြစ်ကြောင်းကုန်စဥ် ရှင်းပြလေသည်။

      "ဒါဆို အခုတလော အမတ်တွေသေဆုံးတာက အရှင်မင်းကြီး လျို့၀ှက်သက်ပစ်တယ်လား"

      "ဟုတ်တယ် "

     အမတ်ချုပ်ကြီးက ခေါင်းခါကာဖြင့် ဂျွန်ကို သင်ပြလေသည်။

ကိုကို့ အတွက် လှောင်အိမ်...🚫🚫🚫 (Z+U)Where stories live. Discover now