အပိုင်း (5)

3.5K 140 7
                                    

ကိုကို့ အတွက် လှောင်အိမ်......(5)🚫🚫🚫🚫

Namjoon က Jimin လာမှန်းသိကတည်းက
နေရာအနှံ့ လိုက်ရှာနေတာ....

ဆိုင်မှာလဲမရှိ သူ့အိမ်မှာလဲ မရှိ....
ဘယ်ရောက်နေတာလဲ.....

Seokjin က Joon အနောက်လိုက်ကာ

"Joon.....အဆင်ပြေရဲ့လား.."

"သူ အထင်လွဲသွားပြီ ထင်တယ်"

"အကို့ အမှားပါ....အကို ရှုပ်မိသွားတာပါ"

Kim SeokJin နာမည်ကြီး မင်းသား...Joon နဲ့ ငယ်သူငယ်ချင်း ပါ....တစ်ခါတစ်လေ Joon အိမ်ကို အလည်လာတယ်....ဇာတ်ညွှန်းလေ့ကျင့်ရင်း နှစ်ယောက်သား မနမ်းပါဘူး....ခေါင်းလေးစောင်းရုံမျှပါ
အနမ်းပေးတယ့်ပုံစံလေးဟန်ဆောင်ယုံလေးပါ။
"Joon....."

"အကို ပြန်တော့....အကို က နာမည်ကြီး မင်းသား သူများတွေတွေ့ရင် သတင်းတွေ ထွက်လာလိမ့်မယ်"

"ဟင့်အင်း...ငါမသွားဘူး...Joon...ငါ မျက်နှာက Mask နဲ့ ဦးထုပ်လဲပါတယ်..ဘယ်သူမှ မမှတ်မိဘူး"

"အကို လိမ်မာစမ်းပါကွာ"

"ဒါဆို မင်းပါလိုက်ခဲ့...ငါစိတ်မချဘူး"

"အကို ကျွန်တော့် ကို မရှုပ်ပါနဲ့"

"မင်းမရှုပ်စေချင်ရင် အခုပြန်လိုက်ခဲ့....."

Jin ရဲ့ ဒေါသထွက်နေတယ့် ပုံစံကို Joon အနည်းငယ်ရှိန်ကာ ​ကြောက်မိတာတော့ အမှန်ပဲ

"ဒါပေမယ့် "

"မင်းချစ်သူက အရွယ်ရောက်ပြီးသား ကောင်လေးတစ်ယောက် နာမည်ကြီး စားသောက်ဆိုင် ပိုင်ရှင်... အရူးမဟုတ်ဘူး...အချိန်တန်ရင် မင်းဆီ ပြန်လာလိမ့်မယ်"

"ဒါပေမယ့် "

"ဘာမှ ဒါပေမယ့် မနေနဲ့...အခုပြန်မယ်...လိုက်ခဲ့..မင်းအဲ့လို အရူးလို လိုက်ရှာနေယုံနဲ့..ဟိုကပြန်လာမယ်ထင်နေတာလား..."

Jin က ဆွဲခေါ်သွားလိုက်သည်။

Namjoon က Jin အနောက်ကို ပါသွားသည်။

**************❤❤❤❤*****************

Jimin က အခန်းထဲမှာ ကုတင်ပေါ်ဝယ်လှဲလျောင်းကာဖြင့် မျက်ရည်တွေ ကို သုတ်နေသည်။

သူဘာလို့...ဒီဘဝ ကို ရောက်နေရတာလဲ....
Jimin က Jungkook ကို ကြောက်လို့ သေလို့တောင်ရနေပြီ....

ကိုကို့ အတွက် လှောင်အိမ်...🚫🚫🚫 (Z+U)Where stories live. Discover now