အပိုင်း (6)

721 60 6
                                    

အရှင်မင်းကြီး ရဲ့ Baby
(OR)
ကိုကို့ အတွက် လှောင်အိမ် S2

အပိုင်း (6)

စိတ်ထဲမှာ ၀မ်းနည်းသလိုလို ဒေါသထွက်နေသလိုလို ခံစားလာရသည်။

သူ ဘေဘီရဲ့ အဓိပ္ပာယ်ကို သိတာပေါ့
ငါက ရယ်ချင်လို့ ခေါ်ခိုင်းလိုက်ပေမယ့်
သူက သိနေတာပဲ

အဲ့တော့ ငါက သူ့အပေါ် ခံစားချက်မျိုးရှိလို့
အဲ့လို ခေါ်ခိုင်းတယ်လို့များထင်သွားလား

ဒါမှမဟုတ် ကြိတ်ပြီးလှောင်နေမလား

ငါက အရူးလုပ်ခံလိုက်ရတယ်

အစကတည်းက သိရမှာ သူ baby လို့ ခေါ်လိုက်တုန်းကအသံက ပီပြင်ပြီး လုံး၀ accent အသံလိုဖြစ်နေတာ ငါလဲ တစ်ချက်ချက် မေ့မေ့သွားတယ် ငါရောက်နေတာ နောက်ထပ်ကမ္ဘာတစ်ခု အချိန်နောက်ပြန်လာတာမဟုတ်ဘူးဆိုတာ

ဘယ်ထင်ပါ့မလဲ သူက English လို ပြောတတ်မယ်လို့ အဲ့တာမို့ သူကို ဂျွန် လို့ခေါ်ခိုင်းတာကို ဂျောင်ဂုအစား Jeon က John အသံတူနေတာ

ငါ့စောက်ဦးနှောက်က အဲ့ချိန်တုန်းက သေနေတာလား

သူကတော့ ငါ့ကိုလှောင်နေလောက်မှာ ဘေဘီ လို့ခေါ်လိုက်တိုင်း ပြန်တွေးရင်း

jimin က ဂျွန် ကြည့်ရင်း မျက်မှောက်လေးကြုံ နှုတ်ခမ်းလေးက ဆူလာကာ သူတွေ့တယ့် အရှေ့က အခန်းထဲ ၀င်သွားတော့သည်။

ဂျွန် ဆိုသည်မှာ လုံး၀ ကြောင် အ သွားရသည်။

ဂျွန်လဲ သူရှေ့က သူတွေအား လက်ဟန်ပြကာ ထွက်သွားဖို့ အမိန့်ပေးလိုက်ပြီး jimin အနောက်သို့ လိုက်တော့သည်။

အကုန်လုံးက ဂျွန်ကို အရိုသေပေးပြီး ထွက်သွားတော့သည်။

"ဘေဘီ.....ဘေ....."

Jimin က ဂျွန်ဘက်ကို လှည့်ကာ ခေါင်းကိုငုံထားပြီး

"ဘယ်မလဲ ရေခဲရေ "

"ဘေဘီ ဘာဖြစ်လို့လဲ
ဘာတွေအလျင်လိုနေတာလဲ "

Jimin က ဘာမျှ မပြောပဲ ခေါင်းကိုသာ ဆက်ငုံနေသည်။

"ဂျီမင်း မျက်နှာမော့ပြီး ကိုယ့်ကို ကြည့်စမ်း "

ဂျွန် ရဲ့ အသံအနေထားက အေးစက်ပြီး အမိန့်ပေးနေသည့်အတွက် မဖြစ်မနေ မော့ကြည့်လိုက်ရ၏ ။

ကိုကို့ အတွက် လှောင်အိမ်...🚫🚫🚫 (Z+U)Where stories live. Discover now