အပိုင်း (8)

686 62 6
                                    

အရှင်မင်းကြီး ရဲ့ Baby
(OR)
ကိုကို့ အတွက် လှောင်အိမ် S2

အပိုင်း (8)

ရှင်ဘုရင် ဟာ သူ့အဆောင်ကို ပြန်လာတော့ jimin က မရှိတော့ချေ။

သူ့အထိန်းတော်ကို ကြည့်ကာ

"သခင်လေးသုံး ဘယ်ရောက်သွားတာလဲ "

"သခင်လေးသုံးက သူ့အိမ်တော်မှာ အရေးကြီးကိစ္စရှိကြောင်း နှင့် အရှင်မင်းကြီး ကို အနှောက်ယှက်မပေးလိုတယ် လို့ ပြောကြားသွားပါတယ် "

ဂျွန်က မျက်မှောက်ကြုံသွား ၏ ။

"ပြေးထားဦးပေါ့ အဟက် ....."

💝💝💝💝💝💝💝💝💝💝

အိမ်တော်သို့ရောက်သွားသည့်အခါ၀ယ်

Jimin က မျက်နှာလေးကို ဖုံးကာ အိမ်ကသူတွေမတွေ့အောင် မနည်း လွတ်အောင် ပြေးရင်း နောက်ဆုံးတော့ သူ့အဆောင်ကို ရောက်သွား၏ ။

အူယောင်း က ခိုးကြောင်ခိုး၀ှက်သခင်လေးကို မြင်တော့

"သခင်လေးသုံး ....."

jimin က လန့်သွားသည်။ သူ့ရင်ဘက်လေးကို သပ် ဘေးဘက်က အစေခံတွေကို ကြည့်ကာရှောင်ရင်း အူယောင်းလက်ကိုဆွဲကာ အခန်းထဲ ပြေး၀င်သွား ၏

"သခင်လေး ကိုယ့်အိမ်ကို ခိုး၀င်နေတာ ထူးဆန်းနေတယ် မထင်ဘူးလား "

jimin က သူ့ ပ၀ါလေးကို ဖြည်ကာ

"အူယောင်း ဒီမှာကြည့်အုံး "

အူယောင်း မှာ လွန်စွာ အံ့သြသွားရသည်။

"သခင်လေးသုံး သခင်လေးသုံးကို ဘယ်သူရိုက်တာလဲ "

"ရှူး.....အိမ်ကသူတွေ မသိစေနဲ့ "

အူယောင်း က jimin ကို မျက်လုံးပြူး ကြောင်တောင်တောင်ကြည့်ပြီးသကာလ

လစ်ခနဲ အပြင်ကိုပြေးထွက်သွားသည်။

jimin မှာ ကြောင်တောင်တောင်လေး ကျန်ခဲ့ရင်း

"အခု ဘာ.....ဖြစ်.....သွား....တာ....လဲ "

မိနစ်အပိုင်းအကြာ

အမေဖြစ်သူက ဆေးတွေယူကာ ရောက်လာပြီး လိမ်းပေးရင်း မျက်ရည်တွေကျနေသည်။

ကိုကို့ အတွက် လှောင်အိမ်...🚫🚫🚫 (Z+U)Where stories live. Discover now