အခန်း (၁၁၉၄) "အဖြူရောင် အမွှေးအမျှင်"

117 6 2
                                    

အခန်း (၁၁၉၄)(စာစဉ် ၈၆- အပိုင်း ၄)

“အဖြူရောင် အမွှေးအမျှင်”

ဝုဖမှာ ယုံကြည်ချက် ရှိလာ၍ စိုးရိမ်ပူပန်မှုလည်း အလျဉ်း မရှိတော့ပေ။
(ငါ့ရဲ့စွမ်းအင်တွေ တော်တော်များ ကုန်ဆုံးသွားရင် တောင် ၇ ရက်လောက်ကို ငါပျံသန်းနိုင်ဦးမှာ၊ ဒီအရိပ် က ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ . . .)
(သူ့ရဲ့အရှိန် နည်းနည်းလောက် နှေးသွားရင်ဖြင့်ကို ငါမီနိုင်ပြီ . . .)
ထိုသို့ဖြင့် နေမင်းကြီးပင် အိပ်စက်သွားပြီး ငွေစန္ဒာ လမင်းကြီး အလှည့်ကျ တာဝန်ယူရသည့် အချိန်သို့ပင် ရောက်လာလေသည်။
ဝုဖနှင့် အဖြူရောင် အရိပ်တို့မှာ ချင်းနယ်ပယ်တွင် သတ်မှတ်ထားသည့် နှုန်းထက်ကို ပိုမိုကျော်လွန်သော နှုန်းများဖြင့် ပျံသန်းမြဲ ပျံသန်းနေဆဲပါပင်။
ထိုသို့ ပြေးလွှားနေရင်းဖြင့် အချိန်များက ကုန်မှန်း မသိကုန်သွားပြီး နေမင်းကြီး ပြန်ထွက်ပေါ်လာသည့် အချိန် ဝုဖမှာ အတော်ကြီး အံ့ဩသွားရလေသည်။
သူ၏ရှေ့၌ သူရင်းနှီးနေသည့် တောင်ကြီးကို တွေ့ လိုက်ရ၍ဖြစ်ပြီး ထိုတောင်ကြီး၌ အနက်ရောင် တိမ် တိုက်များ၊ အခိုးအငွေ့များက ဖုံးလွှမ်းထားသည်။
(ဒါဒါကငါ့နေရာကို ငါပြန်ရောက်လာတာလား)
ထိုတောင်ကြီးမှာ တိမ်မဲတောင်ကြီးပင် ဖြစ်၏။
ဝုဖမှာ သူမြင်နေရသည့် မြင်ကွင်းကို မျက်စိဖြင့် အတပ်မြင်နေရသည့်တိုင် မယုံနိုင်ကြည်နိုင်အောင် ဖြစ် နေမိသည်။
သူ့အဖို့ တစ်ရက်လုံးလုံး မရပ်မနား ပျံသန်းခဲ့ရပြီး အဖြူရောင် အရိပ်သို့နောက်သို့ မိုင်ပေါင်း ၁၃၀၀၀ ခန့် လိုက်ပါခဲ့ရသည်။
ထိုမိုင်ပေါင်း ၁၃၀၀၀ ဆိုသည်က ကောင်းကင်လှေ ကားနှင့် သူနေထိုင်သည့် နေရာ၏ကြား အကွာအဝေး အတိအကျပင် ဖြစ်၏။
ထို့ကြောင့် သူ့စိတ်ထဲ၌ အဖြူရောင်အရိပ်ကို ကြိတ် ၍ ချီးကျူးလိုက်မိသည်။
တကယ်တမ်း အတိအကျ ဆိုရလျှင် အစပိုင်းတွင် အကွေ့အကောက်များစွာဖြင့်ပါ ပျံသန်းခဲ့ရ၍ မိုင်ပေါင်း ၂၀၀၀၀ ခန့်လောက်ပင် ဖြတ်သန်းခဲ့ပြီးပြီဟု ဆိုနိုင် သည်။
(ဒီလို အရည်အချင်းမျိုးက ငါ့ထက် နည်းနည်းပဲ အားနည်းတဲ့ ရွှမ်ပိုင်တောင် လုပ်နိုင်မယ် မထင်ဘူး)
(ဒါပေမယ့် မင်းကတော့ ဘယ်လောက်ပဲ မြန်မြန် လမ်းမှားသွားခဲ့ပြီ၊ အဲဒီတော့ မင်းရဲ့ ကံကောင်းမှုတွေ က ဒီနေရာမှာပဲ အဆုံးသတ်ရတော့မယ် . . .)
(ဒီတိမ်မဲတောင်အကြောင်း ဒီကမ္ဘာမှာ ငါ့ထက်ပိုပြီး ဘယ်သူမှ ပိုမသိနိုင်ဘူး၊ မင်းက ကိုယ့်သေတွင်းကိုယ် တူးလိုက်မိပြီပဲ . . .)
(တိမ်မဲတောင်ကြီးထဲ ရောက်သွားရင် ငါတို့ရဲ့ ပြေး တမ်းလိုက်တမ်း ကစားပွဲကြီးက အဲဒီအခါမှ တကယ် စတင်တော့မှာကွ ဟား ဟား ဟား . . .)
ထိုသို့ဖြင့် တိမ်မဲ တောင်ကြီးထံသို့ ခဏအတွင်းမှာ ပင် ရောက်ရှိသွားသွားသည်။
အဖြူရောင် အရိပ်မှာလည်း လျင်မြန်စွာ ထွက်ပြေး လျက်ရှိပြီး ခဏအကြာတွင် အရှေ့ဘက်၌အလင်းတန်း တစ်ခု လင်းလက်သွားလေသည်။
စင်စစ် အဖြူရောင် အရိပ်မှာ အလင်းတန်းနှင့်အတူ တောင်အတွင်းရှိ လှိုဏ်ဂူတစ်ခုအတွင်းသို့ တိုးဝင်သွား ခြင်း ဖြစ်သည်။
အဆိုပါ တိမ်မဲတောင်မှာ အဝင်လွယ်သလောက် အထွက်ခက်လှပြီး မူလတာအို အဆင့်ကိုး ပညာရှင်ပင် လျှင် ထွက်ခွာချင်ပါက အချိန်ယူရလိမ့်မည်။
ထို့ကြောင့် ယခုကဲ့သို့ အချိန်တွင် အဖြူရောင်အရိပ် မှာ အရှိန်နှေးသွားသည်နှင့် ဝုဖအဖို့ အမီလိုက်နိုင်မည် ဖြစ်သည်။
ဝုဖကို ကောင်းကင်ဘုံကမျက်နှာသာ‌ပေးလိုက်ခြင်း လော သို့တည်းမဟုတ် သူကိုယ်တိုင်ပင် ကံကောင်းနေ ခြင်းလော။
ထိုအခြင်းအရာကို မည်သူမှ အတိအကျ အဖြေ ထုတ်နိုင်လိမ့်မည် မဟုတ်ပါ။
ဝုဖလည်း နောက်မှ လိုက်နေရင်းဖြင့် သူ့ကိုယ်သူ အောင်သူတစ်ဦးပမာပင် ခံစားနေရလေသည်။
ထို့ကြောင့် ကျယ်လောင်စွာ ရယ်မောလိုက်ရင်း -
“ဟား ဟား ဟား အခုမှ တကယ့်ပြေးတမ်းလိုက် တမ်း စတော့မှာ၊ မင်းဘယ်ကို ပြေးမလဲ သိချင်လာပြီ”
ဝုဖလည်း လှိုဏ်ဂူ အပေါက်ဝတွင် ရပ်တန့်လိုက် ပြီး အတွင်းဘက်သို့ လှမ်းကြည့်လိုက်သည်။
လက်ရှိတွင် အဖြူရောင် အရိပ်အဖို့ ပုန်းခိုသည့် နေ ရာမရှိနိုင်၊ အနှေးနဲ့ အမြန်ဆိုသလို သူ၏ လက်အတွင်း သက်ဆင်းရနိုင်ပေသည်။
ထို့ကြောင့် ဝုဖလည်း သူ၏လှိုဏ်ဂူအတွင်းသို့ အေး အေးလူလူဖြင့်ပင် ဝင်သွားလိုက်သည်။
သို့သော် ခဏအကြာတွင် မျက်မှောင်ကြုတ်လိုက်မိ ပြီး -
“ဟင် ဘယ်ရောက်သွားတာလဲ . . .”
လှိုဏ်ဂူအတွင်း၌ မည်သည့်အရာမှမရှိ၊ အဖြူရောင် ဝတ်ရုံတစ်ထည်သာ ကျန်ခဲ့၍ သူ့အဖို့ အံ့ဩတကြီး ဖြစ် သွားရသည်။
ဝတ်ရုံမှာမူ မြေပြင်၌ ကျန်ခဲ့ပြီး လူမှာ ပျောက်ဆုံး သွားခြင်း ဖြစ်သည်။
ဂူအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် ထွက်ပြေးစရာ လမ်းဟူ၍ မရှိသဖြင့် ယခုဖြစ်ရပ်က ထူးဆန်းလွန်းနေ သည် မဟုတ်ပါလား။
(ဘယ်လိုဖြစ်သွားတာလဲ၊ ဘယ်ရောက်သွားတာပါ လိမ့်၊ တော်တော်ထူးဆန်းသွားပြီ . . .)
ဝုဖလည်း တွေဝေမနေတော့ဘဲ သူ၏ စိတ်စွမ်းအင် များကို ထိုနေရာအနှံ့ လွှမ်းခြုံလိုက်ပြီး အပေါက်ဝသို့ ပြန်လာခဲ့လိုက်သည်။
(နေစမ်းပါဦး သူက ဘယ်လိုပျောက်သွားရတာလဲ၊ သူက ခေါင်းစည်းအဆင့် ဆိုရင်တောင် ဒီလိုမျိုးပျောက် သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး . . .)
(အနည်းဆုံးတော့ ခြေရာလက်ရာ လှုပ်ရှားမှုတွေ ကျန်ခဲ့ရမှာပဲ၊ အခုကျ လေနဲ့အတူ ပျောက်ကွယ်သွား တာကတော့ မဖြစ်နိုင်လိုက်တာ . . .)
ထိုသို့တွေးရင်း ကျန်ရစ်ခဲ့သည့် အဖြူရောင် ဝတ်ရုံ ကို ကောက်ကိုင်ကာ ဝုဖမှာ အတော်လေးပင် ပေါက် ကွဲလာမိလေသည်။
(ဘယ်လိုများ ဖြစ်သွားတာလဲ၊ ဒါကပုံရိပ်ယောင် များလား၊ ငါကလူမဟုတ်တဲ့ ပုံရိပ်ယောင်နောက်ကို တစ်ချိန်လုံး ပြေးလိုက်ခဲ့မိနေတာလား . . .)
(မဖြစ်နိုင်ဘူး ဒါကဝတ်ရုံအစစ်ဆိုတော့ အရိပ်က လည်း အစစ်ပဲ ဖြစ်ရမယ်၊ ဒါပေမယ့် စဉ်းစားစရာပဲ သူ က ခြေရာလက်ရာ မကျန်အောင် ဘယ်လိုများ ထွက်‌ ပြေးသွားနိုင်ရတာလဲ . . .)
ဝုဖလည်း ဝတ်ရုံစကို ကိုင်ရင်း တွေးတောနေရင်း ဖြင့် စိတ်ထဲ၌ မခံချိမခံသာပင် ဖြစ်လာမိသည်။
ထို့ကြောင့် ကောင်းကင်ထက်သို့ ရုတ်တရက် ပျံ သန်းလိုက်ပြီး တောင်ကြီးတစ်ခုလုံးကို သူ၏ လက်ဝါး ဖြင့် ရိုက်ချပစ်လိုက်သည်။
“ဘုန်း . . .”
ထိုရိုက်ချက်က တောင်ကြီးအား ချွန်ထက်လှသော ဓားကြီးဖြင့် ထက်ခြမ်းခွဲလိုက်သလိုပါပင်။
နောက်ဆုံးတွင် တိမ်မဲတောင်ကြီး တစ်ခုလုံးမှာ ဝုဖ ၏ ဒေါသူပုန်ထွက်မှုများအောက်တွင် တစစီ ပြိုဆင်း၍ သွားရတော့သည်။
ထို့ကြောင့် ဖုန်များ၊ သဲများမှာ ကောင်းကင်ယံထိ တိုင်အောင် ဖုံးလွှမ်းသွားပြီး အလင်းရောင်ကိုပင် ပိတ် ဆို့သွားလေသည်။
ဝုဖလည်း ကောင်းကင်ထက်တွင် ရပ်နေရင်း ထိုနေ ရာနှင့် ၁၀ မိုင်ပတ်လည်ကို အာရုံခံ၍ ကြည့်နေမိသည်။
သို့သော် အဖြူရောင် အရိပ်နှင့် တူသည့်အရာဟူ၍ မည်သည့်အရာကိုမှ မတွေ့၊ စုံးစုံးမြှပ်အောင် ပျောက်ရှ သွားလေသည်။
အဆုံးသတ်၌ သူ၏ နေရာဖြစ်သော တိမ်မဲတောင် ကြီးသာ ပြိုပျက်သွားရသည် မဟုတ်ပါလား။
“တောက် . . .”
“ဘယ်လိုတောင် ပျောက်သွားတာလဲ . . .”
ဝုဖ မကျေမချမ်းဖြင့် တောက်တစ်ချက် ခေါက်ရင်း ရေရွတ်လိုက်မိသည်။
ထိုအချိန် သူ၏ မျက်လုံးများကလည်း ဒေါသများ ကြောင့် မီးဝင်းဝင်း တောက်နေပြီ ဖြစ်သည်။
ထို့နောက် သူ့လက်ထဲရှိ ဝတ်ရုံကို ကြည့်လိုက်ပြီး ထပ်မံ တွေးလိုက်မိပြန်သည်။
(မဟုတ်သေးပါဘူးကွာ ဘယ်လိုဖြစ်ရတာလဲ . . .)
ထိုအချိန် ဝုဖလည်း အတွေးပေါ်သွား၍ ဝတ်ရုံကို အသေအချာ စစ်ဆေးကြည့်မိလိုက်သည်။
ထိုအခါ သူ၏ မျက်လုံးများက ပြူးကျယ်သွားပြီး အရောင်များ တဖိတ်ဖိတ် တောက်သွားလေသည်။
ဝုဖတွေ့လိုက်ရသည့် အရာမှာ မည်သည့်အရာဖြစ် နိုင်ပါသနည်း။
အဖြူရောင် အဆင်းရှိသည့် အမွှေးအမျှင်တစ်ခုပင် ဖြစ်၏။
(ဟင် အမွှေး အမွှေးတစ်ပင်ပါလား . . .)
ထိုအမွှေးအမျှင်ကို ကြည့်ရင်း ဝုဖ၏ ပါးစပ်မှ အော် ဟစ်မိမတတ်ပင် ဖြစ်သွားရပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now