1524--------1529

60 2 0
                                    

အခန်း (၁၅၂၄ - က)(စာစဉ် ၁၁၉- အပိုင်း ၇)
“ဧကရာဇ်ခန်းမ၏ တိုးတက်မှု”
မန်ယုဂျန်က မိန်းမဖြစ်သူထွက်သွားသည်အထိ စောင့်လိုက်ပြီးနောက်မှ လေသံတီးတိုးဖြင့် -
“တယ် . . . ဒီအသုံးမကျတဲ့ မိန်းမကွာ . . . သေအောင်ကို ရိုက်ပစ်ဦးမယ် . . .”
“ဒီမိန်းမက ငါ့စကားအမြဲနားထောင်ခဲ့တဲ့ မိန်းမပါ အခုကျ ဘာလို့ဒီလိုလုပ်သွားလဲကို မသိဘူး . . .”
“အာ . . . သိပြီ . . . ဒါကဆေးကြောင့်ဖြစ်မယ်၊ သူ့အသံကိုလည်း နားထောင်ကြည့်လိုက်ဦး သူ့ကိုယ်သူများ အတော်ဆုံးလို ပြောသွားတာ၊ ငါကသူ့ကို သူများတွေရှေ့မှာ သူ့ကိုမလုပ်ချင်လို့ပေါ့ အိမ်မှာသာဆိုလို့ကတော့ကွာ မလွယ်ဘူးမှတ် . . .”
မန်ယုဂျန်လည်း တစ်ကိုယ်တည်း ထိုသို့ဒေါသတကြီး ရေရွတ်ပြောဆိုနေပြီးနောက် သူ၏နောက်လိုက်များ ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် အက်ကွဲကွဲအသံကြီးဖြင့် -
“ငါ့ညီတို့ . . . မင်းတို့လည်း မှတ်ထားကြ၊ ယောက်ျားတစ်ယောက်က ကိုယ့်မိန်းမကိုယ် စည်းကမ်းသေဝပ် အောင် လုပ်ထားရမယ်၊ ဒီလိုမှမဟုတ်ရင် အဲဒီမိန်းမကို ထိန်းချုပ်ဖို့က မလွယ်နိုင်ဘူး . . .”
“အခုက မင်းတို့ရှိနေလို့သာပေါ့ကွာ ငါကမင်းတို့ရှေ့မှာ သူ့ကိုပြန်မစော်ကားချင်ဘူးလေ သူက မိန်းမသား မဟုတ်လား ဒါပေမယ့် အိမ်သာပြန်ရောက်လို့ကတော့ကွာ ငါ့ရှေ့ဒူးထောက်တောင်းပန်နေစေရမယ် . . .”
မန်ယုဂျန် ထိုသို့ပြောနေချိန် အခြားလူများမှာ မျက်လုံးအပြူးသားဖြင့် အကြောင်သား ငေးကြည့်နေကြလေ သည်။ အချို့ဆိုလျှင် ပါးစပ်အဟောင်းသားပင် ဖြစ်နေကြ၏။ သို့သော် မန်ယုဂျန်၏မျက်လုံးများကိုမူ မည်သူမျှ စိုက် မကြည့်ဝံ့ကြချေ။
(ဒါကငါတို့ရဲ့ ခေါင်းဆောင်ရော ဟုတ်ပါလေစွ တော်တော်ကို သတ္တိကြောင်တာပဲ . . .)
(သူ့မိန်းမရှိနေချိန်ကျ အသံတောင် မထွက်ရဲဘူး မိန်းမထွက်သွားမှသာ သူ့ကိုယ်သူ အင်အားအကြီးဆုံးလို ဟန်ဆောင်နေတယ်၊ သူ့အသံကိုလည်း နားထောင်ကြည့်လိုက်ပါဦး . . .)
ထိုအချိန် လူတစ်ဦး၏ တံတွေးထွေးလိုက်သည့် အသံကြီးက ရုတ်တရက် ထွက်ပေါ်လာ၏။
“ထွီ . . .”
“ဘယ်သူလဲကွ . . .”
မန်ယုဂျန်က ဒေါသတကြီးဖြင့် မေးလိုက်သည်။
“အဲဒါဘယ်ကောင်လဲ . . . အခုချက်ချင်းထွက်ခဲ့စမ်း . . .”
ထိုစကားကြားချိန် အားလုံးမှာ ထိတ်လန့်သွားကြလေသည်။
(ငါတို့ဆရာက သူ့မိန်းမရှေ့မှာသာ အင်အားမရှိတဲ့ လူတစ်ယောက်လို ဖြစ်နေတာ ငါတို့ရှေ့မှာကျ နဂါးကြီး တစ်ကောင်လိုပါပဲလား . . .)
ထိုသို့ဖြင့် နောက်ဆုံးတွင် တံတွေးထွေးလိုက်သည့်လူကို သိရှိသွားလေသည်။
ထိုလူကား အခြားမဟုတ် ပိုးကောင်ကြီးပါပင်။ ပိုးကောင်ကြီးက ခေါင်းကိုငုံ့ထားသော်လည်း နောင်တရ သည့် ပုံစံမျိုးတော့ မပေါ်ချေ။
ထိုအချိန်က စိတ်မထိန်းနိုင်၍ တံတွေးထွေးလိုက်မိသော်လည်း သူထိုသို့ ထွေးသည်ကို မည်သူမှ မသိနိုင်ဟု ထင်မှတ်မိခဲ့သည်။ သို့သော် သူ၏အထင်နှင့်အမြင်က တက်တက်စင်အောင် လွဲမှားခဲ့လေသည်။
“ပြောစမ်း . . . ဘာလို့ တံတွေးထွေးရတာလဲ . . .”
“ကျုပ် . . . ကျုပ် . . . လည်ပင်းယားလာလို့ပါ . . .”
“အရေးမပါလိုက်တာ ငါအမှန်အတိုင်းပဲ သိချင်တယ် . . .”
“ကျုပ် . . . ကျုပ် . . . ဆရာက အရမ်းကို ကြီးမြတ်တဲ့ လူတစ်ယောက်ပါ အဲဒီတော့ ဆရာပြောတဲ့အချိန်မှာ ကျုပ်သွေးတွေအရမ်းဆူပွက်လာတယ်၊ အရမ်းကို စိတ်အားတက်ကြွလာတဲ့ သဘောပေါ့ ဒါပေမယ့် အဲဒါကို စကား အရာနဲ့ ဘယ်လိုဖော်ပြရမလဲ ကျုပ်မသိဘူး၊ ကျုပ်က ပညာမှ သိပ်မတတ်တာ . . .”
“အဲဒါနဲ့ပဲ ဆရာ့ကို ချီးကျူးချင်တဲ့ စကားလုံးတွေက နောက်ဆုံးမှာ တံတွေးအဖြစ်နဲ့ပဲ ထွက်သွားတာပါ၊ ဒါကကျုပ်ဆရာ့ကို လေးစားမှုပြလိုက်တာပါပဲ . . .”
ထိုစကားကြားချိန် ကျန်လူများများမှာ ပိုးကောင်ကြီး၏ တစ်ဖက်ကမ်းခပ် တော်လွန်းသော မုသားစကား ကြောင့် အလွန်အမင်းပင် အထင်ကြီးသွားကြလေသည်။
ပိုးဟပ်ကြီး၏ ပုံစံကလည်း မသိပါက သူ့နှလုံးသား အနက်ရှိုင်းဆုံးမှလာသော စကားများကို ထုတ်ဖော်ပြော ဆိုနေသည်နှင့်ပင် တူနေသည် မဟုတ်ပါလား။
“သေလိုက် . . . မင်းကငါ့ကို ငတုံးလို့များ ထင်နေတာလား . . .”
“မင်းလိမ်နေတယ်ဆိုတာကို ငါသိတယ် ငါမသိဘူးများ မင်းက ထင်နေတယ်ပေါ့ ခွေးကောင် . . .”
“မင်းရဲ့မိဘက တခြားလူတွေကို တံတွေးထွေးပြီး လေးစားမှုပြပေးရမယ်လို့ သင်ပေးထားတာလား . . .”
မန်ယုဂျန်မှ ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။
“ကောင်းပြီလေ . . . မင်းပြောတာ အမှန်ပဲ ထားလိုက်ပါတော့၊ ဒီလိုဆိုတော့လည်း ငါကမင်းကို ဆုချီးမြှင့်ပေး ရသေးတာပေါ့၊ သွားပြစ်ဒဏ်ပေးဌာနကို သွားတော့အခု၊ မင်းကြိမ်ဒဏ် ၁၀ ချက် အပြစ်ပေးခံရမယ် . . .”
“ဟာဆရာ . . . ကျုပ်က တံတွေးလေးပဲ ထွေးမိတာလေ၊ အဲဒါက ဘာဖြစ်လို့လဲ ဘာများမှားသွားလို့လဲ . . .”
“ဘာလဲ . . . မင်းက ငြင်းချက်ထုတ်ဖို့ ကြိုးစားနေတာလား၊ မင်းက ကိုယ့်အထက်ကလူကိုတောင် တံတွေး ထွေးပြီး မလေးမစားလုပ်ဝံ့တာလေ၊ ဒါကခွင့်မလွှတ်နိုင်တဲ့ကိစ္စပဲ . . .”
မန်ယုဂျန်အဖို့ လက်ရှိအချိန်တွင် ဒေါသပုံချစရာလူကို တွေ့သွားပြီဖြစ်၍ အခွင့်အရေးကို မည်သို့မှ လက် လွတ်မခံနိုင်တော့ချေ။ ထို့ကြောင့် ပိုးကောင်ကြီးကိုသာ ဒေါသများပုံချပြီးရင်း ပုံချနေလေ၏။
“ကြိမ်ဒဏ် ၁၀ ချက်သွားခံ . . . ၁ ချက်တောင် မလွဲစေနဲ့ . . .”
ထိုအချိန် အခြားဂိုဏ်းတစ်ခုမှ ဂိုဏ်းချုပ်တစ်ဦး ရောက်ရှိလာသည်။ ထိုအခါ မန်ယုဂျန်၏ စကားများကို ကြားလိုက်ရ၍ ထိုလူမှာ အလွန်အမင်းပင် ထိတ်လန့်သွားလေသည်။
(ဧကရာဇ်ခန်းမက သိပ်ကိုစည်းကမ်းတင်းကြပ်တာပါလား၊ ကြောက်စရာကောင်းတာပဲ . . .)
(တခြားလူရှေ့မှာ တံတွေးထွေးမိတဲ့လူက ကြိမ်ဒဏ် ၁၀ ချက် ရိုက်ခံရမယ် ဟုတ်လား . . .)
(တကယ်လို့ ငါတို့သာ . . .)
(ငါမခန့်မှန်းနိုင်တော့ဘူး၊ ငါတို့အသက်မပါနိုင်ပေမယ့် သေချာပေါက်ကို ဒဏ်ရာအပြင်းအထန်ရမှာ . . .)
“ခေါင်းဆောင်မန်ဆိုတာ ဘယ်သူများလဲ . . .”
ရောက်လာသည့်လူမှ မေးလိုက်၏။
“ဘာလဲ . . . ကျုပ်ပဲ . . .”
မန်ယုဂျန်က ဒေါသအရှိန်မပြယ်သေးရွေ့ တစ်ဖက်လူအား ခပ်ဆတ်ဆတ်ပင် ပြောလိုက်၏။
“ခင်ဗျားက ဘယ်သူလဲ ဘာလိုချင်လို့လဲ . . .”
တစ်ဖက်ဂိုဏ်းချုပ်မှာ ဒေါသတရားများနှင့်အတူ ပြင်းထန်သော ချီဓာတ်များကို ခံစားလိုက်ရ၍ သတိလစ် ချင်သလိုပင် ဖြစ်သွား၏။
(ဒါကတော့ မကောင်းဘူးပဲ၊ သူကငါ့ကို သတ်ချင်နေတာလား . . .)
(ဘုရား . . . ဘုရား . . . ငါ့ကိုသတ်ပြီး ငါ့လည်ပင်းကို ယူတော့မှာလား . . .)
“ကျုပ် . . . ကျုပ်က ဒီအိမ်တော်တွေရဲ့ ပိုင်ရှင်ပါ၊ ဒီကိုလာပြီး သဘောတူညီမှု လာယူတာပါ၊ အဲဒီကိစ္စပြော ချင်လို့ ဆရာမန် အခုအားရဲ့လားမသိဘူး . . .”
(ငါအပိုတွေပြောလို့မဖြစ်ဘူး၊ ငါပြောချင်တာကို စကားလုံးနည်းနည်းနဲ့ ပွင့်ပွင့်လင်းလင်းပြောမှ ဖြစ်မယ်)
(ငါသာသူ့ကို အမြတ်ထုတ်ဖို့ ကြိုးစားရင် ငါ့ကိုအစိတ်စိတ်အမွှာမွှာဖြစ်အောင် ခုတ်ပိုင်းပစ်နေဦးမယ်၊ ငါ့ကို သတ်ဖို့ အကြောင်းပြချက် သူ့ကိုသွားပေးလို့မရဘူး၊ ငါသိုသိုသိပ်သိပ်နေမှဖြစ်မယ်၊ အရေးအကြီးဆုံးအချက်က အသက်ရှင်နေဖို့ပဲ . . .)
“ဟင် . . .”
မန်ယုဂျန်မှာ တစ်ဖက်ဂိုဏ်းချုပ်၏ စကားကိုကြားချိန် အံ့ဩသွားလေသည်။
ငှက်ကလေးတစ်ကောင်ကဲ့သို့ သတ္တိမရှိသည့် ပုံစံမျိုးဖြင့်ရှိနေသည့် ဂိုဏ်းချုပ်ဖြစ်သူကိုလည်း အံ့ဩတကြီး ဖြင့် ကြည့်လိုက်မိ၏။ ထိုအခိုက်အတန့်တွင် သူ့စိတ်ထဲ၌လည်း -
(ငါကသူ့ဆီသွားဖို့ရှိသေးတယ် သူကဘယ်လိုလုပ် ဒီကိုရောက်လာရတာလဲ . . .)
(ဘယ်လိုဖြစ်တာလဲ သူကသူ့နေရာတွေကို အတင်းကို ပေးချင်နေပြီလား . . .)
“ကျုပ်တို့နေရာတွေအတွက် ဘယ်လောက်ပေးမလဲ သိချင်လို့ပါ . . .”
ဂိုဏ်းချုပ်ဖြစ်သူမှ သိလိုဟန်ဖြင့် မေးလိုက်၏။
သူ့အဖို့ ထိုမေးခွန်းကိုမေးသည်က တစ်ဖက်မှပေးနိုင်သည့် ပမာဏကို သိလိုသောကြောင့်ဖြစ်သည်။ သို့‌သော် မန်ယုဂျန် ပေးနိုင်သည်ထက် ပိုမတောင်းမိစေရန်မူ သူ့ကိုယ်သူ သတိပေးနေမိလေသည်။
ထိုသို့သာမဟုတ်ပါက သူ့အနေဖြင့် ခေါင်းတခြား ကိုယ်တခြားဖြစ်သွားနိုင်သည် မဟုတ်ပါလား။
(ဘယ်လောက်လဲတဲ့လား . . .)
(အင်း . . . ငါ့မိန်းမကပြောတယ် ခရမ်းရောင်ဒင်္ဂါးပြား ၁ သောင်းဆိုရင်တောင် တော်တော်ကို များနေပြီတဲ့)
ဂိုဏ်းချုပ်ဖြစ်သူမှာ စဉ်းစားခန်းဖွင့်နေသည့် မန်ယုဂျန်ကိုကြည့်ရင်း မျက်နှာပျက်ယွင်းလာသည်။
(တစ်ခုခု ပြောလိုက်စမ်းပါ သူမပြောဘဲ ငါကဘယ်လိုလုပ်သိမလဲ . . .)
(အရေအတွက် တစ်ခုခုသာ ပြောလိုက်စမ်းပါ၊ ဒီဘက်က လက်ခံပေးမယ် . . .)
“ခင်ဗျားက ဘယ်လောက်လိုချင်တာလဲ . . .”
မန်ယုဂျန်က မကြည်ကြည့်ကြည့်ရင်း ခေါ်ဈေးအား မေးလိုက်သည်။
ထိုအချိန် ယူနစ် ၁၂ ခုမှ ခေါင်းဆောင်များမှာ ထိုမြင်ကွင်းကိုကြည့်ရင်း ရယ်ချင်နေကြသည့်တိုင် မရယ်ဝံ့ကြ ချေ။ သို့မဟုတ်ပါက ပိုးကောင်ကြီးကဲ့သို့ပင် အပြစ်ပေးခံရနိုင်သည် မဟုတ်ပါလား။
(ခေါင်းဆောင်မန်က သူ့မိန်းမကို ကြောက်တယ်ဆိုတာတော့ ငါတို့သိတယ် ဒါပေမယ့် အဲဒီလိုကြောက်ရတာ ကို တခြားလူတွေ သိသွားမှာကိုလည်း မလိုလားဘူး . . .)
ထိုအချိန် တစ်ဖက်ဂိုဏ်းချုပ်၏ စိတ်ထဲတွင်လည်း -
(ငါဘယ်လောက် ဈေးသတ်မှတ်ရမှာလဲ ငါမပြောဝံ့ဘူး၊ ငါကသူ့ကို ဈေးပေးခိုင်းနေတာလေ တစ်ခုခုကိုသာ ပြောလိုက်စမ်းပါ၊ ဘာပဲပြောပြော ငါလက်ခံမယ် . . .)
“၁ ထောင်ဆိုရင်ရော . . .”
မန်ယုဂျန်က မျက်လုံးများ မှေးစင်းရင်း ပြောလိုက်သည်။
“၁ ထောင်ဟုတ်လား ဘယ်လို ၁ ထောင်လဲ . . .”
ဂိုဏ်းချုပ်ဖြစ်သူမှ မျက်လုံးပြူး မျက်ဆံပြူးဖြင့် မေးလိုက်၏။
(ဒါကိုပဲ ငါစိုးရိမ်တာ ဒါကထူးခြားတဲ့ဈေးနှုန်းတစ်ခုပဲ . . .)
ဂိုဏ်းချုပ်ဖြစ်သူမှာ နှုတ်မှတစ်စုံတစ်ခု ဖွင့်ဟပြောချင်သည့်တိုင် မပြောတော့ဘဲ စိတ်ထဲ၌သာ တွေးနေမိ၏။
(ဒီမှာက မြေကွက်ကြီး ၂ ခုနဲ့၊ အိမ်တော်ကလည်း ၄ ခုတောင်ရှိတယ် ဒါတင်မကသေးဘူး အလယ်မှာလည်း မြေကွက်လပ်ကြီး ရှိသေးတယ်၊‌ ဈေးဆိုင်ခန်းတွေဆိုတာကလည်း အများကြီးပဲ ဒါတွေကိုရနိုင်ဖို့ ငါအများကြီး ကြိုးစားခဲ့ရတာ . . .)
(အခုတော့ ၁ ထောင်ဟုတ်လား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၅ သိန်းဆိုရင်တောင် မလောက်သေးဘူး . . .)
ဂိုဏ်းချုပ်ဖြစ်သူက မန်ယုဂျန်ပြောသည့် ၁ ထောင်ဆိုသည့် ပမာဏကို မကျေနပ်နိုင်ချေ။ သို့သော် မန်ယုဂျန် က သူ့အား စိတ်မရှည်ဟန်ဖြင့် ကြည့်နေပြီး နောက်လိုက်များမှာလည်း ခေါင်းဆောင်ဖြစ်သူအတိုင်း အလိုမကျဟန် ဖြင့် မျက်မှောင်ကြုတ်လျက်သာ ကြည့်နေကြလေသည်။
ထိုအခိုက်အတန့်တွင် ဂိုဏ်းချုပ်ဖြစ်သူမှာ ဉာဏ်ကောင်းသူပီပီ တစ်ဖက်လူများ၏ သဘောထားကို သဘော ပေါက်သွားလေသည်။ မန်ယုဂျန် နောက်လိုက်များ၏ မျက်လုံးထဲရှိ အဓိပ္ပာယ်ကို သူသိနေသည် မဟုတ်ပါလား။
ထို့ကြောင့် ယခုနေသာ သူ့နှုတ်မှ တစ်စုံတစ်ခု ပြောလိုက်ပါက အမှတ်ရရန်အတွက် သူ့ကို သတ်ဖြတ်သွား နိုင်သည်သာ။
(တစ်စုံတစ်ယောက် အမှတ်ရနိုင်ဖို့အတွက် ငါ့အသက်ကို အပါမခံနိုင်ဘူး . . .)
ဂိုဏ်းချုပ်ဖြစ်သူမှာ အတွေးများစွာဖြင့် စိတ်အစဉ်တစ်ခုလုံး မွန်းကြပ်လာလေသည်။
“ခရမ်းရောင်ဒင်္ဂါးပြား ၁ ထောင်ကို ဘာလဲ မလိုချင်ဘူးလား မကျေနပ်ဘူးလား . . .”
မန်ယုဂျန်က ပြုံးလျက်ကြိုးစားရင်းဖြင့် မေးလိုက်သည်။
(ငါ့မိန်းမက မှားနေပြီ သူပြောတာက အဓိပ္ပာယ်ကိုမရှိဘူး၊ ဒီလူပုံစံကိုလည်း ကြည့်ပါဦး သူ့နေရာကို ဈေး နည်းနည်းနဲ့ လုံးဝမရောင်းချင်ဘူးလေ သိပ်ကိုသိသာနေတာပဲ . . .)
(အင်း . . . ၁ သောင်းလောက်တော့ ကြိုးစားကြည့်မှပါလေ၊ ၁ သောင်းနဲ့အဆင်မပြေဘူးဆိုရင်လည်း ငါ ဈေးထက်မြင့်ပေးလိုက်ပါ့မယ်၊ ငါကအခု စေ့စပ်ညှိနှိုင်းနေတာ မဟုတ်လား . . .)
သို့သော် သူဈေးထပ်မြင့်ပေးရန် ပြင်စဉ်မှာပင် တစ်ဖက်ဂိုဏ်းချုပ်မှ -
“မဟုတ်ပါဘူး . . . ၁ ထောင်ဆိုတာ ကောင်းပါတယ်၊ ကျုပ်နေရာကို ကျုပ်ရောင်းချင်ပါတယ်၊ ကျုပ်က ကျေ ကျေနပ်နပ်နဲ့ကို ရောင်းမှာပါ၊ ဧကရာဇ်ခန်းမက သိပ်ကိုရက်ရောတာပဲ ကျုပ်ထင်ထားတဲ့အတိုင်းပါပဲလား . . .”
ထိုစကားကြောင့် မန်ယုဂျန်မှာ ပါးစပ်အဟောင်းသားပင် ဖြစ်သွားပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားOnde as histórias ganham vida. Descobre agora