1521-----1523

41 0 0
                                    

အခန်း (၁၅၂၁-က)(စာစဉ် ၁၁၈- အပိုင်း ၁၄)
“အဘိုးကြီးများ၏ အစီအစဉ်”
အဘိုးကြီးဆောင်မှာ သွေးများဖြင့် ပြည့်နေသော ခြံဝန်းအတွင်းရှိ မြင်ကွင်းအား ဆရာဂွမ်၏ ဘေးနားတွင် ရပ်ကာ ငေးကြည့်နေမိ၏။
ထိုအခိုက်အတန့်တွင် ဧကရာဇ်ခန်းမမှ လူများမှာ အမှန်တကယ်ကိုပင် စည်းလုံးညီညွတ်နေပြီဖြစ်ကြောင်း သူကောင်းစွာ ခံစားသိမြင်လိုက်ရသည်။
“သိပ်တော်တာပဲ . . .”
အဘိုးကြီးဆောင်မှ ခပ်တိုးတိုး ရေရွတ်လိုက်၏။ ဆရာဂွမ်မှ အဘိုးကြီးဆောင်အား လှမ်းကြည့်လိုက်ရင်း -
“တကယ်ပဲလား . . .”
“ဂွမ် . . . အပိုတွေ ဟန်ဆောင်မနေစမ်းနဲ့၊ ကိုယ့်မျက်နှာလည်း ကိုယ်ပြန်ကြည့်ဦး၊ ပါးစပ်က မေးစေ့ကို ချိတ်တော့မယ်၊ ပြုံးပျော်နေလိုက်တာ . . .”
ဆောင်မှ ဆရာဂွမ်အား ကြည့်ရင်း ပြန်ပြောလိုက်လေသည်။
“မင်းကျေနပ်နေတာ မဟုတ်လား၊ ဝန်ခံလိုက်စမ်းပါ၊ အံ့ဩချင်ယောင်ဆောင်မနေစမ်းပါနဲ့၊ မင်းမျက်နှာ ကြည့်ရင်း ငါအန်တောင်အန်ချင်လာသလိုပဲ . . .”
ထိုစကားကြောင့် ဆရာဂွမ်မှ ဟက်ဟက်ပက်ပက်ပင် ရယ်မောလိုက်လေသည်။ သူ့အဖို့ ဒေါသထွက်ခြင်း အလျဉ်းရှိစရာမလိုပြီ မဟုတ်ပါလား။ ထို့ကြောင့် သူ၏မုတ်ဆိတ်များကိုသာ သပ်လိုက်ရင်း-
“ငါ့ကိုပြောစမ်းပါ မင်းလည်း ကျေနပ်နေတယ်မလား . . .”
“ဟုတ်တယ် . . . ငါကျေနပ်နေတယ်၊ မဟုတ်ဘူးလို့ပြောရင် ငါလိမ်သလို ဖြစ်နေမှာပေါ့ . . .”
“အမှန်တိုင်းပြောရရင် ငါတောင် သူတို့နဲ့အတူပြေးပြီး အောင်ပွဲခံချင်နေတာ၊ ဧကရာဇ်ခန်းမနဲ့ အတူတူ ပျော်ပါးပစ်ချင်တာပေါ့ ဒါပေမယ့် မင်းသိပါတယ် ငါကအခု အသက် ၇၀၀၀ ကျော်နေပြီလေ . . .”
ဆောင်မှ ပြုံးရင်း ပြောလိုက်သည်။
“သူလုပ်ခဲ့တဲ့ လုပ်ရပ်က ငါ့ရင်ကို တော်တော်ထိသွားတယ်၊ ငါတောင်ဒီလိုဆိုမှတော့ ဒီလူတွေဆိုရင် ဘယ် ခံနိုင်ပါ့မလဲ . . .”
“မင်းပြောတာမှန်တယ် သူတို့က လုံးဝ စည်းလုံးသွားကြပြီ၊ စစ်သည်တော်ဝိညာဉ် ကိန်းအောင်း သွားကြပြီ”
အဘိုးကြီးဆောင်၏ စကားအား ဆရာဂွမ်မှ ခေါင်းညိတ်လျက် ထောက်ခံလိုက်၏။
“စစ်သည်တော်ဝိညာဉ် . . . ဒီကောင်လေးရဲ့ လုပ်ရပ်က ဒီလူတွေကို စစ်သည်တော်ဝိညာဉ် ကိန်းအောင်း သွားစေတာပဲ၊ သိပ်ကို တန်ဖိုးရှိတဲ့ အရာပေါ့ . . .”
ဆောင်မှ သက်ပြင်းချရင်း ပြောလိုက်သည်။
“မင်းသိလား . . . ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ဆိုတာ တည်ရှိခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ၊ ဂိုဏ်းတွေဆိုတာကလည်း နှစ်ရာထောင်ချီ တည်ရှိခဲ့ကြတာ၊ ဒါပေမယ့် ဒီဂိုဏ်းတွေ အင်အားစုတွေ အားလုံးမှာ ဒီလို စစ်သည်တော်ဝိညာဉ် ကိန်းအောင်းတယ်ဆိုတာ မရှိဖူးဘူး၊ ဒီဧကရာဇ်ခန်းမမှာတော့ သခင်လေးရဲက တစ်ရက် တည်းနဲ့ စစ်သည်တော်ဝိညာဉ် ကိန်းအောင်းသွားအောင် လုပ်နိုင်လိုက်တယ် . . .”
“ဒါကိုလည်း သူက လူတွေကို ဒုတိယအသက်ပေးရင်း၊ သေစေနိုင်တဲ့ ဒဏ်ရာတွေကို ကုသရင်း၊ လူတွေကို စုဆောင်းရင်း ကမ်းလှမ်းရင်းနဲ့ စတင်ခဲ့တာ၊ ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလဲ . . .”
“နောက်ဆုံးမှာတော့  ၁ ရက်အတွင်းမှာပဲ သူက အဲဒီလူတွေအားလုံးကို စစ်သည်တော်ဝိညာဉ် ကိန်းအောင်း လုပ်နိုင်ခဲ့တယ်၊ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ အရည်အချင်းမျိုးလဲ၊ ဒါတွေအတွက် ငါဂုဏ်ယူတယ် ကျေနပ်တယ် . . .”
“ဒီလူငယ်လေးလောက် အရည်အချင်းရှိတဲ့၊ စွမ်းဆောင်နိုင်တဲ့ လူငယ်လေးမျိုးကို ဒီနှစ်တွေထဲမှာ ငါမမြင်ဖူး သေးဘူး၊ တော်တော်ကို အံ့ဩဖို့ကောင်းတဲ့ လူငယ်လေးပဲ . . .”
အဘိုးကြီးဆောင်က ထိုစကားများအား သက်ပြင်းချလျက် ပြောလိုက်၏။
“ဒါဆို မင်းကဘာလို့ သက်ပြင်းချနေရတာလဲ၊ မင်းပဲ သူ့ကို အများကြီး သဘောကျနေတာ မဟုတ်ဘူးလား”
ဆရာဂွမ်မှ စိတ်အလိုမကျဟန်ဖြင့် မေးလိုက်၏။
“ဒါကငါတို့ အမြင်ချင်ခဲ့ဆုံးအရာပဲ မဟုတ်ဘူးလား . . .”
အဘိုးကြီးဆောင်မှ ဆရာဂွမ်အား မကြည်ကြည့်ကြည့်လိုက်ပြီး -
“မင်းက အရူးပဲ . . . မင်းမမြင်ဘူးလား၊ သူ့မှာ ကိုယ်ပိုင်လူတွေသာရှိသွားရင် သူကအရမ်းကို အင်အားကြီး သွားလိမ့်မယ်၊ ဒါကဘာအဓိပ္ပာယ်လဲဆိုတာ မင်းမသိဘူးလား၊ မင်းတကယ်ပဲ မသိတာလား . . .”
ထိုစကားကြောင့် ဆရာဂွမ်မှာ အကြီးအကျယ်ပင် တုန်လှုပ်သွားပြီး မျက်နှာတစ်ခုလုံး ဖြူရော်ရော်ဖြစ်သွား သည်။ ထို့ပြင် အတန်ကြာလည်း နှုတ်ဆိတ်သွား၏။
အဘိုးကြီးဆောင်လည်း ဆရာဂွမ်အားကြည့်ကာ သက်ပြင်းချလိုက်ရင်း -
“သူသာ အရမ်းကို အင်အားကြီးသွားရင် ဘယ်လိုတွေ ဆက်ဖြစ်မလဲ၊ ဒါကိုမင်းမသိဘူးလား ဒါမှမဟုတ် မင်းစိတ်လွတ်သွားတာလား . . .”
ထိုစကားကြားချိန် ဆရာဂွမ်မှာ ထပ်မံ၍ တုန်လှုပ်သွားပြန်လေသည်။ သို့သော် ယခုအကြိမ်တွင်မူ နှုတ်ဆိတ် မနေတော့ဘဲ ဒေါသတကြီးဖြင့် -
“သေလိုက်တော့ . . . ဒါတွေအားလုံးက မင်းရဲ့အမှားတွေပဲ အရူးကောင်ရဲ့ . . .”
“မင်းက မြေအောက်က ကြွက်တစ်ကောင်လိုပဲ အရမ်းကို သတိကြီးလွန်းနေတယ်၊  ဘယ်တော့မှ ကူညီချင် စိတ်လည်း မရှိဘူး၊ မင်းတို့ရဲ့ အကျိုးစီးပွားကို မထိခိုက်ဘူးဆိုတာ သေချာရင် ဘာလုပ်ရလုပ်ရ လုပ်မယ့်လူမျိုးပဲ၊ သူတို့လိုအပ်နေတဲ့အချိန်မှာ ကူညီရင်း သူတို့ရဲ့ ယုံကြည်မှုရအောင် ယူချင်ခဲ့တာ မဟုတ်လား၊ မျိုးနွယ်စု ၇ စုကို အရင်တုန်းကလို အင်အားကြီးစေချင်နေတာလေ . . .”
“အခု မင်းကျရှုံးသွားပြီဆိုတာကို မင်းသိလား၊ မင်းတို့က တကယ့်ကို အရူးပဲ၊ မင်းလုပ်နိုင်တဲ့အရာ ဘာမှ မရှိတော့ဘူး၊ ကြီးမြတ်တဲ့လူတစ်ယောက်ဆိုတာ ကိုယ့်လူတွေကို စည်းရုံးသိမ်းသွင်းတဲ့နေရာ ဘယ်တော့မှ ပြဿနာ မရှိဘူး၊ အခုတော့ မျိုးနွယ်စု ၇ စုက မျိုးဆက်သစ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီးလိုက်ပြီပေါ့ . . .”
ဆောင်၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး -
“ဒီလောက်ထိ မြန်ဆန်လိမ့်မယ်လို့ ငါမထင်ထားမိဘူးလေ၊ တစ်ရက်ပဲ ရှိသေးတာ မဟုတ်လား။ ငါတို့တွေ အဆင်သင့် မဖြစ်သေးဘူး၊ မပြင်ဆင်ကြရသေးဘူး၊ လုပ်စမ်းပါကွာ မင်းလူတွေတောင် သူ့အဖွဲ့အစည်းထဲ ရောက် နေပြီမဟုတ်လား၊ ငါတို့ . . .”
ဆရာဂွမ်မှ ဒေါသတကြီးဖြင့် -
“ငါတို့ဟုတ်လား . . . မင်းအခု နောင်တရနေပြီလား၊ သိပ်နောက်ကျသွားပြီ၊ မင်းအတွက် အခွင့်အရေး မရှိတော့ဘူး၊ ရွှေကြာပန်း ၇ ပွင့်ဆိုတာ အမြဲလို ကြီးမြတ်တဲ့ မျိုးနွယ်စုတွေအဖြစ် တည်ရှိခဲ့ကြတာ၊ အခုတော့ရော ငါတို့တွေ ထပ်ပြီး တိုးတက်လာနိုင်မယ့် အခွင့်အရေးကို မရှိတော့ဘူး၊ အရင်ကထက်ကို အများကြီး ဆိုးသွားပြီ . . .”
ထိုသို့ပြောပြီးနောက် ဆရာဂွမ်လည်း မကျေမချမ်းဖြင့် လှည့်ထွက်သွားလေသည်။
ဆရာဆောင်မှာမူ အံ့ဩလျက်ရှိနေရာမှ သတိပြန်ဝင်လာပြီး ဆရာဂွမ်၏ လက်ကိုဆွဲကာ -
“မင်းကတော့လုပ်ပြီ  မင်းဒီလိုသွားလို့မရဘူး၊ မင်းကိုယ်မင်း သိပ်တော်နေပြီလို့ ထင်တယ်ပေါ့လေ၊ မျိုးမစစ် အဘိုးကြီး၊ ငါဖြေရှင်းချက် လိုချင်သေးတယ်။ မင်းသွားလို့ မရဘူး . . .”
ဆရာဂွမ်မှ -
“ငါကလား . . . မင်းကိုဘာလို့ ဖြေရှင်းချက် ပေးရမှာလဲ၊ ငါဘာမှပြောစရာ မရှိတော့ဘူး . . .”
ဆောင်မှ အံကိုတင်းတင်းကြိတ်ရင်း ဒေါသတကြီး လေသံဖြင့် -
“အကျင့်မကောင်းတဲ့ကောင်၊ ငါတို့တွေ အတူတူ ကြံစည်ခဲ့ကြတယ်၊ မင်းလည်း သဘောတူခဲ့တယ်လေ၊ ငါတို့အတူတူလုပ်ခဲ့တဲ့ ကိစ္စကို ဘာကြောင့်များ ငါ့ကို အပြစ်တင်နိုင်ရတာလဲ၊ မင်းလူတွေကျ ဧကရာဇ်ခန်းမမှာ ရှိပြီး ငါ့လူတွေကျတော့ မပါရဘူးပေါ့ . . .”
“ငါ . . .”
ဆရာဂွမ်မှ တစ်ခုခု ပြောရန် ပြင်သော်လည်း ဆောင်မှ ဟန့်တားလိုက်ရင်း -
“မပြောနဲ့ဦး . . . မင်းဘာတွေလုပ်ခဲ့လဲ ပြန်စဉ်းစားကြည့်ရအောင်၊ သူက တော်တယ်ဆိုတာကို မင်းသိတယ်၊ ဒါပေမယ့် မင်းငါတို့ကို မပြောခဲ့ဘူး၊ ကောင်းပြီ၊ နောက်တော့ မင်းမိသားစုဝင်တွေ မင်းလူတွေကို တစ်ယောက်ပြီး တစ်ယောက် ဧကရာဇ်ခန်းမထဲ ရောက်အောင် လုပ်ခဲ့တယ် . . .”
ဆောင်မှာ ပြောနေရင်းဖြင့် ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းလျက် ရှိနေသည်။
“ဧကရာဇ်ခန်းမကို မင်းခေါ်လာတဲ့ လူတွေကို ကြည်စမ်း၊ အားလုံးက အရေးကြီးတဲ့ နေရာတွေကို ရထား ကြပြီးပြီ၊ သေချာစဉ်းစားကြည့်စမ်း အားလုံးက မင်းတို့ ဂွမ်မျိုးနွယ်က လူတွေချည်းပဲ၊ မင်းကြောင့် မင်းမျိုးနွယ်စုက အရည်အချင်းရှိတဲ့ လူတွေအကုန်လုံး ဒီကိုရောက်နေပြီ . . .”
“ကောင်မလေးတွေကရော . . . သူတို့က မင်းမြေးတွေရဲ့ မိန်းမတွေ၊ အမျိုးတော်တဲ့လူတွေချည်းပဲ၊ သေလိုက်တော့ မင်းနဲ့ ပတ်သက်တဲ့ ဆွေမျိုးမှန်သမျှ ဧကရာဇ်ခန်းမကို ရောက်ကုန်ကြပြီ၊ သူက ကြီးမြတ်တဲ့ လူတစ်ယောက်ဆိုတာကို မင်းသိနေတာကိုး . . .”
“မျိုးမစစ်ကောင် . . . မင်းက ဝေစားမျှစားတုန်းကတော့ အတူတူ၊ အပြစ်ဖို့စရာရှိတော့ ငါ့ကို အပြစ်တင် တယ်တဲ့လား၊ ငါ့ကို ဆန့်ကျင်ချင်တာလား . . .”
ဆောင်မှ ဆရာဂွမ်အားကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထို့နောက် ဆရာဆောင်၏ အင်္ကျီစ ကို ဆွဲလိုက်ပြန်ရင်း -
“မင်းက သွားချင်တယ်ပေါ့၊ ဘယ်ကိုသွားမလို့ စဉ်းစားနေတာလဲ၊ ပြောစမ်းပါဦး . . .”
ဆရာဂွမ်မှ -
“နေစမ်းပါဦး၊ ငါ့ဝတ်ရုံစကို မဆွဲနဲ့၊ ဒီလိုဖြစ်ပျက်နေတာကို သူများမြင်လို့ မဖြစ်ဘူးလေ၊ ဒီလိုအခြေအနေ ကြီးက ရှက်စရာကောင်းတယ် . . .”
“ငါဂရုမစိုက်ဘူး . . . ငါတို့ရန်ဖြစ်တော့ရော ဘာဖြစ်လို့လဲ . . .”
ဆောင်မှာ တားမရဆီးမရ ဒေါသထွက်လျက်ပင် ရှိနေသည်။
“ဒါကြီးကတော့ မဟုတ်သေးပါဘူး၊ ဂွမ်မျိုးနွယ်စုကပဲ အကျိုးကျေးဇူးတွေ ရရမှာလား . . .”
ဆရာဂွမ်မှ ဒေါသတကြီး လေသံဖြင့် -
“လွှတ်စမ်းအခု . . . မင်းမလွှတ်ရင် အခုပဲမင်းကို တစ်ခုခုလုပ်ရလိမ့်မယ်၊ မင်းကိုငါ ဘယ်တုန်းက ဆန့်ကျင် ဖူးလို့လဲ၊ မင်းကတကယ်ကို မယုံနိုင်စရာကောင်းတယ် . . .”
“လူတိုင်းငါ့ကို သံသယဖြစ်လို့ရတယ် ဒါပေမယ့် မင်းကတော့ ဖြစ်စရာ အကြောင်းမရှိဘူး၊ ကောင်လေး အကြောင်း မင်းကိုငါ မပြောဖူးလို့လား၊ ငါမြင်တွေ့ခဲ့ရသမျှ အရာအားလုံးကို ပြောပြခဲ့တာပဲလေ၊ အဲဒါတောင် မင်းက မင်းလူနည်းနည်းပဲ ပေးခဲ့တာ မဟုတ်ဘူးလား၊ အခုမှ မင်းငါ့ကို အပြစ်လာတင်မနေနဲ့ . . .”
ဆရာဂွမ်မှ ဒေါသတကြီးဖြင့် ပြန်လည်အော်ဟစ်ပြောဆိုလိုက်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားDonde viven las historias. Descúbrelo ahora