1451 (က)...(ခ)

83 6 0
                                    

အခန်း (၁၄၅၁ - က)(စာစဉ် ၁၀၈- အပိုင်း ၃)
“အထက်နယ်ပယ်သို့ တက်ခြင်း”
ရဲရှောင်အတွက် ကောင်းကင်ဘုံအထက် လူသားနယ်ပယ်က ချင်းရန်နယ်ပယ်နှင့်မတူဘဲ ကွဲပြားလှသည်။
ချင်းရန်နယ်ပယ်ဆိုသည်က သူ၏မွေးရပ်မြေဖြစ်၍ ထိုနယ်ပယ်သို့ ပြန်တက်လှမ်းချိန် ကိုယ့်အိမ်ကိုယ့်ရာပြန် ရောက်သလိုသာ ရဲရှောင် ခံစားခဲ့ရသည်။
သို့သော် ယခုအခါတွင် နယ်ပယ်အသစ်ဖြစ်သည့် ကောင်းကင်ဘုံအထက် လူသားနယ်ပယ်သို့ တက်ရမည် ဖြစ်၍ အရာအားလုံးက အစိမ်းသက်သက်သာ ဖြစ်နေလိမ့်မည်။
ထိုအရာများထက် သူ့အတွက် ပို၍အရေးကြီးသည့်အချက်တစ်ချက် ရှိနေသည်။
ကောင်းကင်ဘုံအထက် လူသားနယ်ပယ်မှ ပြန်ရောက်ချိန် သူ၏ညီအစ်ကိုများ အသက်ရှင်လျက်ရှိမရှိကို သိ လိုခြင်းပါပင်။
ထို့ကြောင့် လက်ရှိတွင် ရဲရှောင်၏စိတ်ထဲ၌ အတွေးပေါင်းစုံဖြစ်ပေါ်နေမိလေသည်။
အချိန်တန်ကြာပြီးနောက် ရဲရှောင်လည်း သက်ပြင်းချလိုက်ပြီး လန်လန်နှင့် ဇုဝူကျီတို့ရှိရာသို့ ပြန်သွားလိုက် ၏။
ထိုအခါ အိပ်မောကျနေပြီဖြစ်သည့်တိုင် ပါးစပ်မှ ကယောင်ကတမ်းများပြောနေကြသော သူငယ်ချင်းများကို မြင်တွေ့လိုက်ရသည်။
ထိုစကားများက ပလုံးပထွေးဖြစ်နေ၍ မည်သည့်အရာများပြောနေသည်ကိုပင် သိနိုင်ရန် ခက်ခဲလွန်းလှ သည်။
ရဲရှောင်လည်း သူငယ်ချင်းဖြစ်သူများကိုကြည့်ရင်း ခေါင်းခါယမ်းကာ ပြုံးလိုက်မိသည်။
ထို့နောက် သူ၏လက်ကို ဆန့်တန်း၍ ဆေးလုံးအချို့ထုတ်ကာ သူငယ်ချင်းဖြစ်သူများ၏ ပါးစပ်အတွင်းသို့ ထည့်ပေးလိုက်တော့သည်။
“ငါ့ကောင်တို့ . . .”
“ငါတို့တွေ တစ်နေ့နေ့မှာ ပြန်ဆုံနိုင်မယ်လို့ မျှော်လင့်ပါတယ် . . .”
“ဒီလိုညမျိုး ထပ်ပြီးတော့ ရောက်နိုင်မှာပါ . . .”
. . .
မော်တယ်ကမ္ဘာရှိ နေ့ရက်များက ကုန်ဆုံးသည်မှာ မြန်ဆန်လွန်းလှသည်။
တခဏအတွင်းမှာပင် ၁၀ ရက်တာမျှ အချိန်ကုန်လွန်သွားပြီ မဟုတ်ပါလား။
ထိုနေ့ရက်များတွင် ရဲရှောင်က ညီအစ်ကိုနှစ်ယောက်နှင့်အတူ ပျော်ရွှင်စရာများကိုသာ ပြုလုပ်ခဲ့သည်။
အရက်များသောက်ကာ လောင်းကစားများ ပြုလုပ်သည်။
ဥယျာဉ်များသို့ လည်ပတ်ကာ ကစားပွဲများ ပြုလုပ်သည်။
သူတို့အဖို့ ယခင်နေ့ရက်များက ပြုလုပ်ခဲ့သည့် ထိုအရာများကို မမောနိုင်အောင်ပင် ပြုလုပ်ခဲ့ကြလေသည်။
သို့သော် ချန်နိုင်ငံတော်၏ ဘုရင်မင်းမြတ်မှာမူ ထိုအတောအတွင်း ဒုက္ခရောက်နေသည်ဟု ဆိုနိုင်သည်။
ညီလာခံက ဇုဝူကျီမရှိဘဲ မစတင်နိုင် ဖြစ်နေသည် မဟုတ်ပါလား။
ထိုသို့ဖြစ်နေသည့်တိုင် ဇုဝူကျီက ဘုရင်မင်းမြတ်ကို နေမကောင်းဖြစ်နေသည်ဟုဆိုကာ အလုပ်မှန်သမျှကို မေ့ဖျောက်ထားခဲ့လေသည်။
တကယ်တမ်းတွင် ထိုနေမကောင်းသည့်လူက အိပ်ရာထက်တွင် ရှိမနေ။
အမြဲတစေ ပျော်ပါး၍သာ ရှိနေ၏။
လူတိုင်းကလည်း ထိုမြင်ကွင်းကို အမြဲတစေ မြင်နေကြလေသည်။
သို့သော် ၎င်းတို့အဖို့ လန်လန်ကိုသာ သိကြပြီး ငယ်ရွယ်ချောမောသည့် လူငယ်လေးကိုမူ မသိကြချေ။
မည်သို့ပင်ဆိုစေကာမူ ဇုဝူကျီအတွက် ထိုလူများမှလွဲ၍ မည်သည့်အရာကမှ အရေးမကြီးသည့်ပုံပါပင်။
ထို့ကြောင့် ချန်နိုင်ငံတော်အတွင်းရှိ မှူးမတ်များအားလုံးမှာ အံ့ဩနေကြလေသည်။
“ဘယ်လိုဖြစ်တာလဲ . . .”
“ဒီလူငယ်လေးက အဲဒီလောက်တောင်ပဲ ဆွဲဆောင်မှုရှိတာလား . . .”
“ငါတို့နိုင်ငံရဲ့ အရေးကြီးဆုံး လူနှစ်ယောက်ကို သူကသိမ်းပိုက်ထားနိုင်တာပဲ . . .”
“တစ်ချို့တွေဆိုရင် ပြောကြသေးတယ် ဇုဝူကျီနဲ့ လန်လန်တို့က ဒီကောင်လေးအတွက်နဲ့ ရန်ဖြစ်နေကြတာ တဲ့၊ ဒါပေမယ့် အဲဒီကောင်လေးက ဝင်ရောက်ဖျန်ဖြေလိုက်တာနဲ့ သူတို့က စိတ်လျှော့သွားကြတယ်၊ ဒါကြီးက မယုံ နိုင်စရာပဲ . . .”
“ဒီကောင်လေးက ဘယ်သူများလဲ၊ သူကဘာဖြစ်လို့ ဒီလောက်ထိ အရည်အချင်းရှိနေရတာလဲ . . .”
“သူက မော်တယ်ကမ္ဘာကြီးကို ကယ်တင်ခဲ့လို့လား၊ အဲဒီလိုမှမဟုတ်ရင် နိုင်ငံတော်ရဲ့အရေးကြီးဆုံး လူနှစ် ယောက်က ဘာလို့ သူ့စကားကိုဆို နားထောင်နေရတာလဲ၊ ဒါကတော့ မယုံနိုင်စရာပဲ . . .”
လူတိုင်းမှာ ဇုဝူကျီတို့နှင့်အတူရှိနေသော လူငယ်လေးအကြောင်းကိုသာ ပြောဆိုနေကြလေသည်။
တကယ်တမ်းတွင် ရဲရှောင်က လူငယ်လေးတစ်ဦးပုံစံ ရုပ်ဖျက်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် ဇုဝူကျီနှင့် လန်လန်တို့သာ သူ၏သရုပ်မှန်ကို မြင်ရပြီး အခြားလူများမှာမူ ငယ်ရွယ်နုပျိုသော လူ ငယ်တစ်ဦးအဖြစ်သာ မြင်တွေ့နိုင်ကြ၏။
ရဲရှောင်က ရုပ်ဆင်းသွင်ပြင်နှင့်ပတ်သက်လျှင် များစွာ ဂရုစိုက်တတ်သူတစ်ဦးဖြစ်သည်။
သူ့အဖို့ အလွန်အမင်း ချောမောခန့်ညားနေသည်ကိုလည်း မလိုလားချေ။
သို့သော် အနည်းဆုံးမူ ကြည့်ကောင်းရမည်ဆိုသည့်အချက်ကို လက်ကိုင်ထား၏။
ထို့ကြောင့် သူ့ကိုယ်သူ ရုပ်ဖျက်သည့်အခါတိုင်း ကြည့်ကောင်းသည့်ပုံစံမျိုးသာ ရုပ်ဖျက်လေ့ရှိလေသည်။
ထိုသို့ဖြင့် မော်တယ်ကမ္ဘာမှ သူပြန်ထွက်ခွာချိန်တွင်မူ လူငယ်လေးတစ်ဦးက ချန်နိုင်ငံတော်၏အရေးပါဆုံး ပုဂ္ဂိုလ်နှစ်ဦးကို စည်းရုံးခဲ့သည့် ဇာတ်လမ်းတစ်ပုဒ် ကျန်ရစ်ခဲ့တော့၏။
တကယ်တမ်းတွင် ထိုဇာတ်လမ်းက သမိုင်းပင်တွင်ခဲ့သည်ဟု ဆိုနိုင်သည်။
ထို့ပြင် လန်လန်နှင့် ဇုဝူကျီတို့အတွက်လည်း ရှင်းမရအောင်ရှုပ်သည့် ဇာတ်လမ်းတစ်ခုဖြစ်ခဲ့လေသည်။
အခြားနိုင်ငံများမှ လန်လန်နှင့် ဇုဝူကျီတို့ကို လာတွေ့ဆုံသည့်အခါတိုင်း ငယ်ရွယ်ချောမောသော ယောက်ျား လေးများကို ခေါ်လာကြသည် မဟုတ်ပါလား။
ထိုအခါတိုင်း လန်လန်နှင့် ဇုဝူကျီတို့က ထိုယောက်ျားလေးများကို အိမ်ရှေ့ထိရောက်အောင် မောင်းထုတ် ပစ်ကြရလေသည်။
ထိုအပြုအမူကြောင့် လူတိုင်း၏စိတ်ထဲတွင် လန်လန်တို့က ယခင်လူငယ်လေးမှလွဲ၍ အခြားလူများကို မည်သည့်နည်းနှင့်မျှ အစားမထိုးနိုင်ကြောင်း တထစ်ချ ယုံကြည်သွားကြသည်။
ရဲရှောင် ထွက်သွားသည့်တိုင် ကောလဟလများက ဇုဝူကျီတို့ထံ၌ အရိပ်ပမာ လိုက်ပါလျက်ရှိနေပါတော့ သည်။
. . .
တစ်နေ့တွင် ကောင်းကင်ထက်၌ မိုးခြိမ်းသံများကို လူတိုင်းကြားလိုက်ကြရ၏။
“ကျွန်မတို့လည်း မိုးကြိုးကပ်ဘေးကို ကြုံတွေ့ကြရတော့မယ်ထင်တယ် . . .”
ရွှမ်ပိုင်နှင့် ကျွင့်ယင်းလျန်တို့က ရဲရှောင်အား လှမ်းကြည့်ရင်း ပြောလိုက်သည်။
“ကျွန်မတို့တွေ ရှင်နဲ့အတူတူ လိုက်ပါခွင့်ရတာ ကျွန်မတို့ရဲ့ ကံတရားပဲ . . .”
ရဲရှောင် ခေါင်းညိတ်လိုက်ပြီး မိန်းကလေးနှစ်ဦး၏လက်ကို ကိုင်ကာ -
“ငါတို့တွေ အတူတကွ အမြဲတမ်း နေသွားကြမယ် . . .”
“ကျွန်မတို့ နေသွားမှာပါ ကျွန်မတို့ ဘဝဆုံးတဲ့အထိ ဘယ်တော့မှမခွဲဘူး . . .”
ထိုသို့ပြောနေချိန် မိန်းကလေးနှစ်ဦး၏ မျက်လုံးများမှာ တဖိတ်ဖိတ်တောက်ပနေကြသည်။
“ဂျိမ်း . . .”
မိုးကြိုးကပ်ဘေး၏ အရိပ်အယောင်ပေါ်လာပြီဖြစ်၍ သူတို့အဖို့ မော်တယ်ကမ္ဘာတွင် မည်သို့မှ ဆက်နေခွင့် ရတော့မည် မဟုတ်ချေ။
မူလတာအိုအဆင့်၏ မိုးကြိုးကပ်ဘေးမှာ မော်တယ်ကမ္ဘာကြီးတစ်ခုလုံးကိုပင် ပျက်စီးသွားစေနိုင်သည် မဟုတ်ပါလား။
တကယ်တမ်းတွင် ထိုကဲ့သို့ အရိပ်အယောင်ပေါ်လာသည်ကပင် အန္တရာယ်များလွန်းလှ၏။
ထို့ကြောင့် ရဲရှောင် အထက်သို့မတက်ခင် ညီအစ်ကိုနှစ်ဦးကို နှုတ်ဆက်စကားဆိုရတော့ပေမည်။
သူတို့အဖို့ မဖြစ်မနေ အထက်သို့ တက်ရတော့မည်အခြေအနေနှင့် ကြုံနေရခြင်းပင် ဖြစ်ပါတော့သည်။
. . .
သုံးရက်ကြာပြီးနောက်တွင် မိုးကြိုးလျပ်စီးများ လင်းလက်လာသည်။
ထိုမိုးကြိုးများကြောင့် ကမ္ဘာတစ်ခုလုံးကလည်း သွက်သွက်ခါနေတော့၏။
စင်စစ် မိုးကြိုးကပ်ဘေးနှစ်ခုက တစ်ပြိုင်တည်းပေါ်လာခဲ့ခြင်းကြောင့် ထိုသို့ဖြစ်သွားရခြင်းပါပင်။
ဤသို့သော အဖြစ်မျိုးကလည်း ရှားပါးလွန်းလှ၏။
ရဲရှောင်တုန်းကထက်ပင် မိုးကြိုးကပ်ဘေးက ပို၍အင်အားကြီးနေသည် မဟုတ်ပါလား။
ထို့ပြင် တိမ်တိုက်များက မိုးကြိုးများကို စုစည်းနေ၍ ချင်းရန်နယ်ပယ်တစ်ခုလုံးပင် တုန်ခါလျက်ရှိသည်။
သို့သော် ချင်းရန်နယ်ပယ်သို့ သူပြန်ရောက်လာသည်ကို ရဲရှောင်က မည်သူ့ကိုမှ မပြောခဲ့ချေ။
အကြောင်းမှာ မိန်းကလေးနှစ်ဦး၏ မိုးကြိုးကပ်ဘေးလုံခြုံမှုရှိစေရန် စောင့်ကြပ်ပေးနေရခြင်းကြောင့်ပါပင်။
လက်ရှိတွင် ရဲရှောင်တို့က မိုးကြိုးကပ်ဘေးကို နှင်းတောင်ထိပ်၌ ဖြတ်ကျော်ကြတော့မည် ဖြစ်သည်။
တကယ်တမ်းတွင် ထိုနေရာက လျှို့ဝှက်နေရာတစ်ခုဖြစ်၍ စိတ်ချရသည်ဟုလည်း ဆိုနိုင်သည်။
“ဂျိမ်း ဂျိမ်း . . .”
မိုးကြိုးသံများ အဆက်မပြတ်ထွက်ပေါ်နေချေပြီ။
ရဲရှောင်ပင်လျှင် မိုးကြိုးကပ်ဘေးနှစ်ခု တစ်ပြိုင်တည်းပေါ်သည့် စွမ်းအင်မျိုးကို မမှန်းဆနိုင်ချေ။
ထိုအချိန် ချင်းရန်နယ်ပယ်မှ ပညာရှင်များမှာ ကောင်းကင်ထက်မှ စွမ်းအင်လှိုင်းများကို ခံစားလိုက်မိကြ၍ အံ့ဩတုန်လှုပ်သွားကြ၏။
ထို့ကြောင့် လူတိုင်းမှာ ပါးစပ်အဟောင်းသားဖြင့် ထိုမြင်ကွင်းကို ငေးမောကြည့်ရှုနေကြလေသည်။
ထို့ပြင် စိတ်ထဲ၌လည်း ထိုကပ်ဘေးကို ဖြတ်ကျော်သည့် မည်သူမဆို အန္တရာယ်ကင်းစွာဖြင့် အထက်နယ် ပယ်သို့ တက်လှမ်းနိုင်ပါစေဟု ဆုတောင်းနေမိကြပြန်သည်။
ထိုသို့ဖြင့် မိုးကြိုးကပ်ဘေးမှာ ၁ ရက်လုံးလုံးပင် ကြာမြင့်ခဲ့လေသည်။
ထိုရက်ကျော်လွန်ပြီးနောက်တွင်မူ ကောင်းကင်ထက်၌ သက်တန့်တစ်ခုဖြစ်ပေါ်လာပြီး မိုးစက်မိုးပေါက်များ ကျဆင်းလာသည်။
မသိပါက ငြိမ်းချမ်းသော ချီဓာတ်များ ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားသလိုပါပင်။
ထို့ကြောင့် ပညာရှင်များလည်း ဝမ်းမြောက်ဝမ်းသာဖြင့် လက်ခုပ်လက်ဝါးတီးလိုက်ကြပါတော့သည်။
“ပြီးသွားပြီ . . .”
“သူတို့အောင်မြင်သွားပြီ . . .”
. . .
ရဲရှောင်စိတ်ထဲ ထူးခြားသလို ခံစားနေရလေသည်။
ထိုသို့ ခံစားနေရသည်မှာလည်း အကြောင်းအရင်းရှိ၏။
မိန်းကလေးနှစ်ဦးထံ ကျရောက်ခဲ့သော မိုးကြိုးကပ်ဘေးက သူနှင့်မတူသောကြောင့်ဖြစ်သည်။
ထို့ပြင် ထိုမိုးကြိုးကပ်ဘေးက မယုံနိုင်လောက်အောင်လည်း အင်အားကြီးလွန်းနေသည်။
ရဲရှောင်ကိုယ်တိုင်လည်း ကပ်ဘေးကို ကျော်ဖြတ်ခဲ့၍ ကွဲပြားခြားနားချက်ကို ကောင်းစွာ သိနေသည်။
ထိုအချိန်က သူ့ထံသို့ကျရောက်သည့် မိုးကြိုးကပ်ဘေးက ပြင်းထန်သော်လည်း နာကျင်ခြင်းအလျဉ်းမရှိပေ။
ထိုအစား ပျက်စီးနေသော အရာများကို ပြန်လည်ပြုပြင်ပေးသလို ဖြစ်ခဲ့ပါသေးသည်။
သို့သော် ရွှမ်ပိုင်နှင့် ကျွင့်ယင်းလျန်တို့ကို သက်ရောက်လာသော မိုးကြိုးကပ်ဘေးမှာမူ သူနှင့်မတူ။
စင်စစ် အန္တရာယ်ကြီးမားနေခြင်းဖြစ်သည်။
ထို့ကြောင့် မိန်းကလေးနှစ်ဦးအဖို့ အသက်ထွက်လုနီးပါပင် ဖြစ်ခဲ့ရလေသည်။
တကယ်တမ်းတွင် ကျွင့်ယင်းလျန် ခံစားခဲ့ရသည့် ကပ်ဘေးက ရွှမ်ပိုင်ထက်ပင် ၂ ဆ ပြင်းထန်နေသည်။
စင်စစ် လူသုံးယောက်က မတူညီသော ကပ်ဘေးသုံးခုကို ရင်ဆိုင်ခဲ့ရသည်ဟု ဆိုနိုင်သည်။
ထို့အတွက်ကြောင့် ရဲရှောင်စိတ်ထဲ အံ့ဩမိသလို ထိတ်လန့်သွားခဲ့ရသည်။
သို့သော် မိုးကြိုးကြောင့် ဒဏ်ရာရရှိခဲ့သည့် မိန်းကလေးနှစ်ဦး၏ ဒဏ်ရာများမှာ လျင်မြန်စွာ သက်သာနိုင်ခဲ့ ကြသည်။
ထိုသို့ဖြစ်နေသည့်တိုင် ရဲရှောင်စိတ်ထဲ စိုးရိမ်စိတ်ဝင်နေမိတုန်းပါပင်။
ပိုင်အာကမူ ကျွင့်ယင်းလျန်လောက် မဆိုးဟုဆိုနိုင်သည်။
ထို့ကြောင့် ကျွင့်ယင်းလျန် မိုးကြိုးပစ်ခံနေရသည့်အချိန်တွင်မူ ရဲရှောင်စိတ်ထဲ အလွန်ထိတ်လန့်ခဲ့ရသည်။
ထို့ပြင် သူမထံသို့ ပြေးသွား၍လည်း ကယ်တင်ပေးလိုသည့် စိတ်များ တဖွားဖွားပင် ဖြစ်ပေါ်ခဲ့လေသည်။
နောက်ဆုံး ကပ်ဘေးပြီးသွားသည့်အချိန်တွင်မူ ရဲရှောင် မအောင့်အီးနိုင်တော့။
ကျွင့်ယင်းထံသို့ တဟုန်ထိုးပြေးသွားပြီး တင်းကြပ်စွာ ပွေ့ဖက်ထားမိလိုက်သည်။
ထို့နောက် ကျွင့်ယင်းလျန်အား စိုးရိမ်သည့်အကြည့်များဖြင့် စိုက်ကြည့်လိုက်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားDonde viven las historias. Descúbrelo ahora