1515-------1517

59 3 0
                                    

အခန်း (၁၅၁၅ - က)(စာစဉ် ၁၁၈- အပိုင်း ၁)
“ကောင်းကင်ဘုံအထက် လူသားနယ်ပယ်၏ ဧကရာဇ်”
ရဲရှောင်၏စကားကြောင့် ဆရာဂွမ်၏ရင်ထဲ မြင်းအကောင်ရေ ထောင်ပေါင်းများစွာ ပြေးလွှားနေသလိုပင် ခံစားလိုက်ရ၏။
ထို့ကြောင့် မျက်လုံးအပြူးသားဖြင့် -
“ကျုပ်တို့သာ သူတို့အားလုံးကို စည်းရုံးနိုင်မယ်ဆိုရင် ကျုပ်တို့ဆီကို ရောက်လာနိုင်တာက လူဦးရေသိန်းနဲ့ ချီလောက်တယ်နော်၊ အဲဒီပမာဏက တော်တော်ကိုများတဲ့ ပမာဏပဲ . . .”
ရဲရှောင်မှ မထူးခြားသည့်ဟန်မျိုးဖြင့် -
“အဲဒီတော့ ဘာဖြစ်လဲ . . . လူတစ်သိန်းဆိုတော့ရော ဘာဖြစ်လို့လဲ၊ ဘာပြဿနာများရှိနိုင်လို့လဲ၊ အဲဒါက တကယ်တော့ များတဲ့ပမာဏ မဟုတ်ပါဘူး၊ ကျုပ်ရဲ့ကြီးကျယ်တဲ့ အနာဂတ်နဲ့နှိုင်းယှဉ်ရင်ပေါ့ . . .”
ရဲရှောင်မှ လေးလေးနက်နက်ဖြင့် ပြောလိုက်၏။
မော်တယ်ကမ္ဘာတွင် စစ်သည်အများအပြားကို ဦးဆောင်ခဲ့သည့် ရဲရှောင်ပင် မဟုတ်ပါလား။ ထို့ပြင် သူ၏ အမိန့်အောက်၌ ထိုစစ်သည်သိန်းပေါင်းများစွာ ရှိခဲ့ဖူးသည်။ ထို့ကြောင့် ရဲရှောင်က ယခု လူဦးရေ ၁ သိန်းလောက်ကို များပြားသည်ဟု မထင်မိခြင်းဖြစ်၏။
ထိုမျှမက ချင်းရန်နယ်ပယ်တွင်ရှိစဉ်အခါကလည်း ထိပ်သီးပညာရှင်များစွာကို ဦးဆောင်၍ မိစ္ဆာများအား တိုက်ခိုက်ခဲ့ဖူးပြန်၏။ ထိုအချက်များကြောင့် ရဲရှောင်ထံ၌ လူများစွာကို ဦးဆောင်နိုင်သည့် အရည်အချင်းရှိရုံမက အခြားလူများနှင့်မတူ တမူထူးသည့် သတ္တိများလည်း ရှိနေခြင်းဖြစ်သည်။
ဆရာဂွမ်မှာမူ ယုံကြည်မှုအပြည့်ရှိနေသော ရဲရှောင်ကိုကြည့်ရင်း နှုတ်ဆိတ်လျက်သာရှိနေသည်။
(ဆရာကြီးရဲတောင် ဒီလူငယ်လေးလောက် သတ္တိရှိလိမ့်မယ် မထင်ဘူး . . .)
(ဧကရာဇ်ခန်းမက လွန်ခဲ့တဲ့ လဝက်လောက်ကမှ စတည်ထောင်ခဲ့တာ ဒါပေမယ့် အခုသူကငါ့ကို လူ ၁ သိန်း လိုချင်တယ်လို့ ပြောနေပြီ ပြီးတော့ သူလိုချင်နေတဲ့ လူ ၁ သိန်းဆိုတာ ကျင့်ကြံမှုပညာရှင်တွေ မဟုတ်ဘူး အုပ်ချုပ် ရေးရာပိုင်းကလူတွေ အဲဒီတော့ သူတို့က အားနည်းကြတယ် . . .)
(ပြဿနာက သူကသာ လိုချင်နေတာ ရောက်လာမယ့် အဲဒီလူတွေကို ထားနိုင်မယ့် လုံလောက်တဲ့နေရာမှ မရှိတာ၊ ဒုတိယအချက်က သူတို့ကိုပေးနိုင်မယ့် လုံလောက်တဲ့ ပိုက်ဆံကလည်း ရှိမှာမဟုတ်ပြန်ဘူး . . .)
(အရေးအကြီးဆုံးအချက်က သူ့မှာလုံလောက်တဲ့ ကျင့်ကြံမှုပညာရှင်တွေက ရှိနေလို့လား . . .)
(သူက လူဦးရေ ရာဂဏန်းလောက်ရှိတဲ့ ပညာရှင်တွေအတွက် ဒီလူ ၁ သိန်းကို လိုအပ်နေတာလား . . .)
(ဒါကအတော်ရယ်ဖို့ကောင်းနေတယ် ဒါပေမယ့် ရယ်စရာကောင်းတယ်ဆိုပေမယ့် ရယ်ရတဲ့အရာတော့ မဟုတ်ဘူး၊ ဒီကိစ္စက ပေါ့သေးသေးမှ မဟုတ်တာ . . .)
“ဆရာဂွမ် . . . ခင်ဗျား ဘာကိုစိုးရိမ်နေတယ်ဆိုတာ ကျုပ်သိပါတယ် ဒါပေမယ့် ကျုပ်ကိုသာ ယုံကြည်ထား၊ အရာအားလုံးက အဆင်ပြေသွားလိမ့်မယ် . . .”
ရဲရှောင်မှ လက်ကိုဝေ့ယမ်းရင်း ပြောလိုက်၏။
“ပထမဆုံး ရှင်းရှင်းလင်းလင်း အရင်ပြောကြရအောင် . . .”
“ဒီလူတွေအားလုံးက ထူးချွန်တဲ့လူတွေဖြစ်နေလို့ ကျုပ်သူတို့ကို လုံးဝလက်လွတ်မခံနိုင်ဘူး၊ တကယ်လို့ သူတို့ကို တခြားလူတွေကသာရသွားရင် ကျုပ်တို့အတွက် နစ်နာဆုံးရှုံးမှုကြီး တစ်ခုဖြစ်သွားနိုင်တယ်၊ ကျုပ်တို့ရဲ့ ရှေ့မှာ ရတနာတွေနဲ့ ပြည့်နှက်နေတဲ့ တောင်ကြီးတစ်တောင်ရှိနေရက်နဲ့ အရမယူနိုင်ရင် အဲဒါကို အဆုံးရှုံးခံလိုက်ရ သလို ဖြစ်သွားမှာပေါ့ . . .”
ဆရာဂွမ်မှ -
“သခင်လေး . . . သခင်လေး ဖြစ်ချင်တာက ဟုတ်ပါပြီ ဒါပေမယ့် သူတို့တွေကို ဘယ်နေရာမှာ ထားမှာလဲ၊ အခု ကျုပ်တို့ပြောနေတာက လူဦးရေ ၁ သိန်းအကြောင်း ပြောနေတာနော် . . .”
(ဒီလို လူပမာဏက ဘယ်သူမှတော့ တစ်ချိန်တည်း စည်းရုံးသိမ်းသွင်းနိုင်မယ်လို့ ငါမထင်ဘူး . . .)
ရဲရှောင်မှ သူ၏ပတ်ပတ်လည်ကို လက်ညှိုးညွှန်ပြလိုက်ရင်း -
“ဒီမှာကြည့် . . . ကျုပ်တို့မှာ လူ ၄၀၀ နီးပါးရှိနေပြီ အဲဒီတော့ ကျုပ်တို့မှာ လုံလောက်တဲ့နေရာတော့ ရှိနေပါ ပြီလေ . . .”
တကယ်တမ်းတွင် လူဦးရေ ၁ သိန်းဆိုသည့် ပမာဏမှာ အလွန်များပြားသော ပမာဏသာဖြစ်၏။ ထို့ကြောင့် ယခုနေရာတွင် ထိုကဲ့သို့ လူအများအပြား နေထိုင်နိုင်ရန် လုံလောက်မှုမရှိပေ။
ထိုအခိုက်အတန့်တွင် ရဲရှောင်စိတ်ထဲ မော်တယ်ကမ္ဘာနှင့် ချင်းရန်နယ်ပယ်တွင် နေထိုင်ခဲ့သည့် အချိန်များ ကို ပြန်လည်၍ လွမ်းဆွတ်သွားမိ၏။ ထိုနယ်ပယ်များတွင် နယ်မြေနှင့်ပတ်သက်လျှင် သူ့အဖို့ စိုးရိမ်စရာမလိုခဲ့ပြီ မဟုတ်ပါလား။ ထိုအချိန်က သူလိုအပ်သည့်အချိန်တိုင်း နေရာလွတ်များစွာကို ရရှိနိုင်ခဲ့သည်ချည်းသာ။
သို့သော် ယခုအခါတွင်မူ ထိုအချက်ကို သူစိုးရိမ်နေရလေပြီ။ ထို့ကြောင့် ရဲရှောင်က သူ၏ ဦးနှောက်အား ကောင်းကောင်းပင် အလုပ်ပေးနေရ၏။
“ဆရာဂွမ် . . . ခင်ဗျားလိုအပ်တဲ့ လူတစ်ချို့ကို စုစည်းပြီး အုပ်စုဖွဲ့လိုက်ပါ ပြီးတော့ ကျင့်ကြံမှုပညာရှင်တွေ ကို မတူညီတဲ့ အုပ်စုတွေခွဲလိုက်၊ လူတိုင်းက သူတို့နေရာမှာသူတို့ အကောင်းဆုံး ရှိနေပါလေ့စေ . . .”
“နောက်ပြီးတော့ ဖရိုဖရဲမြို့ရဲ့ မြို့အစောင့်အရှောက်အိမ်တော်မှာ အလုပ်လုပ်ခဲ့တဲ့လူတွေကို ဆက်သွယ်၊ သူတို့က ကျုပ်တို့အဖွဲ့ထဲဝင်ဖို့ လက်ခံတယ်ဆိုရင် သူတို့တွေ လေးငါးရက်အတွင်း လာလို့ရတယ်၊ သူတို့တွေ ကျုပ် တို့ရဲ့ စစ်ဆေးမှုတွေကို အောင်မြင်နိုင်တာနဲ့ ကျုပ်တို့ရဲ့အဖွဲ့ဝင်ဖြစ်ပြီ . . .”
ဂွမ်တိုင်မှ ခေါင်းညိတ်လိုက်ရင်း -
“အဲဒါတွေက ကိစ္စတော့မရှိပါဘူး ဒါပေမယ့် ဌာနခွဲတွေကိုတော့ ဘယ်လိုများ ခွဲချင်လဲ၊ အဲဒါလေးကို ပြောပြ လို့ရမလား၊ ကျုပ်တို့လိုအပ်တဲ့ ဌာနခွဲ ဘယ်နှစ်ခုလောက်များရှိမလဲ . . .”
ထိုစကားပြောချိန် ဂွမ်တိုင်မှာ ရဲရှောင်၏မျက်နှာအား စေ့စေ့ပင် စိုက်ကြည့်လျက်ရှိသည်။
(သူဘယ်လိုလုပ်ချင်လဲဆိုတာ ကြည့်ရသေးတာပေါ့ . . .)
ရဲရှောင်လည်း မျက်မှောင်ကြုတ်လိုက်ပြီး ဂွမ်တိုင်မန်၏ မေးခွန်းအတွက် ရှည်လျားသော အဖြေများကို စတင်၍ ပြောပါတော့သည်။
“ပထမဦးဆုံး ကျုပ်တို့တွေ တိုက်ခိုက်ရေးဌာနလိုအပ်မယ်၊ အဲဒီဌာနရဲ့အလုပ်က ရန်သူတွေကို တိုက်ခိုက်ဖို့နဲ့ နယ်မြေ ချဲ့ထွင်ဖို့ပေါ့၊ ပြီးတော့ အဲဒီတိုက်ခိုက်ရေးဌာနရဲ့အောက်မှာ အဖွဲ့ယူနစ် ၁၂ ခုရှိရမယ် . . .”
“နဂါးယူနစ်၊ ကျားယူနစ်၊ မြွေယူနစ်၊ နွားယူနစ်၊ မြင်းယူနစ်၊ လိပ်ယူနစ်၊ ကြွက်ယူနစ်၊ ယုန်ယူနစ်၊ မျောက် ယူနစ်၊ ကြွက်ယူနစ်နဲ့ ဝက်ယူနစ်ပေါ့၊ ပြောရမယ်ဆိုရင် ရာသီခွင် ၁၂ ခုကို ကိုယ်စားပြုထားတဲ့ အကောင် ၁၂ ကောင်ပေါ့ . . .”
“တိုက်ခိုက်ရေးဌာနက အဲဒီယူနစ် ၁၂ ခုကို ဦးဆောင်ရမယ် ပြီးတော့ တိုက်ခိုက်ရေးဌာနမှာ ဗဟိုဌာနချုပ် ဆိုတာ ရှိရမယ်၊ အစောင့်အရှောက်ဌာနခွဲနဲ့ . . .”
“ . . .”
ထိုစကားများကို နားထောင်ရင်း ဂွမ်တိုင်မန်မှာ တုန်လှုပ်လျက်ပင် ရှိနေသည်။
(ဘယ်လို . . . ဌာနခွဲတစ်ခုနဲ့ ယူနစ် ၁၂ ခု ဒါဆိုရင် ခေါင်းဆောင်တွေလုပ်ဖို့ အစောင့်အရှောက်တွေလုပ်ဖို့  လူတွေအများကြီး လိုမှာပေါ့၊ သူ့မှာဖြင့် လူဘယ်နှစ်ယောက်များရှိလို့လဲ . . .)
“နောက်ပြီးတော့ ပြစ်ဒဏ်ပေးဌာန၊ ဥပဒေသတ်မှတ်ရေးဌာန၊ ဝေခြမ်းရေးဌာန . . .”
“ . . .”
“အရေးကြီးဆုံးကတော့ ဧကရာဇ်ခန်းမရဲ့ဌာနချုပ်ပဲ၊ ကျုပ်တို့တွေ အစောင့်အရှောက်တွေနဲ့ အစောင့်တွေ လိုအပ်တယ် . . .”
“ . . .”
ထိုသို့ဖြင့် ရဲရှောင်မှာ ၈ မိနစ်တာမျှကြာအောင်ပင် ပြောဆိုနေလျက်ရှိနေသည်။
ဆရာဂွမ်အား ဧကရာဇ်ခန်းမအတွက် လိုအပ်သည့် နေရာသတ်မှတ်ချက်များကိုသာမက လိုအပ်သည့် လူ များကိုလည်း ပြောနေခြင်းဖြစ်၏။
ဘဏ္ဍာရေး၊ ဥပဒေသတ်မှတ်ရေး၊ အပြစ်ပေးရေး၊ မှတ်တမ်းမှတ်ရာများ စုဆောင်းခြင်းနှင့် လူအင်အားအရင်း အမြစ်များ စုဆောင်းခြင်းအတွက် လိုအပ်သည့် လူများကိုလည်း ပြောဆိုနေခြင်းပါပင်။
ထို့ကြောင့် ဧကရာဇ်ခန်းမအတွက် လိုအပ်နေသည့် လူများမှာ ဒါဇင်မကပင် ချီနေလေသည်။
ဆရာဂွမ်လည်း ထိုစကားများကို နားထောင်နေရင်းဖြင့် စိတ်ထဲတွင် -
(ဒါဒါကဂိုဏ်းတစ်ခု မဟုတ်တော့ဘူး၊ ဒါကသေချာပေါက်ကို ဂိုဏ်းတစ်ခု မဟုတ်တော့ဘူး . . .)
(ဒီကောင်လေး လိုအပ်နေတာက ဒီဌာနတွေနဲ့ ဒီလူတွေဆိုရင် သူလုပ်နေတာက နိုင်ငံတစ်ခုကို တည်ထောင် နေတာပဲ၊ ဘာနိုင်ငံများလဲ . . .)
ဆရာဂွမ်မှာ တွေးနေရင်းဖြင့် စိတ်အလွန်အမင်းလှုပ်ရှားလာလေသည်။
(ဒါဘာကိုဆိုလိုတာလဲ . . . ဆိုလိုတာက ဒီသခင်လေးက သိုင်းလောကမှာ ဂိုဏ်းတစ်ခုကို တည်ထောင်ချင် နေရုံတာမဟုတ်ဘူး၊ သူ . . . သူက ဧကရာဇ်တစ်ယောက် ဖြစ်ချင်နေတာပဲ၊ ဒီစကားက အရမ်းကိုလေးနက်တယ်)
“အင်း . . . ဧကရာဇ်ခန်းမအတွက် ဆောင်ပုဒ်တစ်ခုလည်း ရှိသင့်တယ် . . .”
ရဲရှောင်မှ မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။
‘အဆုံးမဲ့ပင်လယ်ထဲက ပြိုင်ဘက်ကင်း၊ ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ရဲ့ဧကရာဇ်’
“ကျုပ်လိုချင်တာ ဧကရာဇ်ခန်းမရဲ့လူတစ်ယောက်ချင်းစီတိုင်းက ကမ္ဘာပေါ်မှာဧကရာဇ်တစ်ပါးလို လေးစား မှုခံရဖို့ပဲ၊ ကျုပ်တို့အားလုံးက ကမ္ဘာကြီးရဲ့ဘုရင်တွေပဲ၊ ဒါကဧကရာဇ်ခန်းမ ဆက်လုပ်မယ့်အရာ . . .”
ရဲရှောင်မှ တည်ကြည်ပြတ်သားသော အသံဖြင့် ပြောလိုက်၏။
“ကျုပ်တို့မှာ လူအင်အား မလုံလောက်ဘူးဆိုရင် ကျုပ်တို့ပိုပြီးစုဆောင်းရမယ်၊ အဲဒီလိုလုပ်ဖို့ အချိန်ကြာမယ် ဆိုတာကို ကျုပ်သိပါတယ်၊ အနည်းဆုံးတော့ အနာဂတ်အတွက် ပထမဆုံးခြေလှမ်း စလှမ်းရမှာပဲ . . .”
“ကျုပ်တို့တွေ အနာဂတ်အတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်ရမယ် ဘာလို့လဲဆိုတော့ ဒါကအဖွဲ့အစည်းတစ်ခုအတွက် အရေးအပါဆုံးအရာဖြစ်လို့ပဲ . . .”
ရဲရှောင်မှ လေးနက်မှုအပြည့်ဖြင့် ပြောလိုက်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now