1512-----1514

30 0 0
                                    

အခန်း (၁၅၁၂ - က)(စာစဉ် ၁၁၇- အပိုင်း ၈)
“ရွေးချယ်ခိုင်းခြင်း”
“အခု လူတိုင်းက ဒီနေရာမှာ ရေစက်လာဆုံနေကြပြီ၊ ဒါပေမယ့် ဒီနေရာက ဘယ်သူ့ကိုမဆို သေခြင်းတရား ကနေ ကယ်တင်ပေးနိုင်မလား မပေးနိုင်ဘူးလားဆိုတော့ ကျုပ်လည်း  သေချာမသိဘူး၊ သေချာတာ တစ်ချက်တော့ ရှိတယ် သိပ်မကြာခင်မှာ ဒီနေရာက ငြိမ်းချမ်းတဲ့နေရာ ဖြစ်ချင်မှ ဖြစ်တော့မှာ . . .”
“တိုက်ပွဲစပြီဆိုတာနဲ့ ထိပ်သီးအင်အားစုတွေက တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ကြတော့မှာပဲ၊ အဲဒီအခါကျ ရင် အဆင့်မြင့်ပညာရှင်တွေ တော်တော်များများ ဒီကိုရောက်လာကြတော့မှာ . . .”
“သိုင်းလောကမှာရှိတဲ့ ပညာရှင်တွေဆိုတာ သေခြင်းနဲ့ရှင်ခြင်းကို မလွဲမသေကြုံရမှာပဲ၊ အဲဒီလူတွေအတွက် သေခြင်းနဲ့ရှင်ခြင်းကြားက ပိုင်းခြားထားတဲ့စည်းကို ချိုးဖျက်ဖို့မဖြစ်နိုင်ဘူး ဒါပေမယ့် သေခြင်းနဲ့ရှင်ခြင်းခန်းမက ဒီစည်းကို အားနည်းသွားအောင် လုပ်နိုင်လိမ့်မယ် . . .”
မန်ယုဂျန်မှ သက်ပြင်းချရင်း ပြောလိုက်၏။
“သေခြင်းနဲ့ရှင်ခြင်းခန်းမရဲ့ အံ့ဖွယ်သမားတော်က မယုံနိုင်လောက်အောင်ကို အရည်အချင်းရှိတယ်၊ ဒီလို သမားတော်မျိုးရှိတဲ့ ဒီနေရာက ကမ္ဘာကြီးပေါ်မှာ ထူးခြားတဲ့နေရာတစ်ခု ဖြစ်နေမှာပဲ . . .”
မန်ယုဂျန်ပြောသော စကားများကို နားထောင်ရင်း ဘူရှန်းဖန်စိတ်ထဲ အံ့ဩတုန်လှုပ်သွားသည်။
ရဲရှောင်၏ အတွေးအမြင်များက ထိုမျှလောက်ထိ နက်နဲသိမ်မွေ့နေလိမ့်မည်ဟု သူမထင်ထား၍ဖြစ်၏။
(သခင်လေးက ငါ့ကို လူသုံးယောက်လောက်ပဲပြောဖို့ မှာခဲ့တာ ဒါတောင် ငါကမလုံလောက်ဘူးလို့ ထင်လို့ နောက်ထပ်လူနှစ်ယောက်ကိုပါ ထပ်ပြောခဲ့သေးတာ၊ အခုတော့ ငါ့လုပ်ရပ်မှားမှန်း ငါသိတော့တယ် . . .)
(တကယ်တော့ လူသုံးယောက်တောင် မလိုဘူး တစ်ယောက်တည်းကို ပြောရုံနဲ့ လုံလောက်နေပါလား . . .)
လက်ရှိအချိန်တွင် ဘူရှန်းဖန်တစ်ယောက် အရာအားလုံးကို နားလည်သွားလေသည်။
(ဒါပေမယ့် ငါနားမလည်နိုင်တဲ့ အချက်တစ်ချက် ရှိသေးတယ်၊ ကျီးကန်းလေးဆိုတာ ဘယ်သူများပါလိမ့်၊ ဘယ်သူများဖြစ်နိုင်မလဲ၊ ဘယ်လိုလူမှ ဒီလိုနာမည်ကို လိုချင်မှာ မဟုတ်ဘူးလေ . . .)
(အဲဒီလူက တော်တော်ကို ထူးခြားတဲ့လူပဲဖြစ်ရမယ်၊ သူက ဘယ်လိုဖြစ်လို့ ဒီသတင်းကိုဖြန်ဖို့ အဲဒီလောက် တက်တက်ကြွကြွ ကြိုးစားခဲ့ရတာလဲ၊ ငါ့ဘက်က သူ့ကို ဒီသတင်လေးဖြန့်ပေးပါဆိုပြီး ဘာမှပေးထားကမ်းထားတာ လည်း မရှိပါဘူး . . .)
(ကျီးကန်းဆိုတဲ့အမျိုးက သတင်းကောင်း ပြောလေ့ရှိတဲ့ အမျိုးမဟုတ်ဘူး ဒါပေမယ့် ဒီကျီးကန်းကကျ ဘာ ဖြစ်လို့ သတင်းကောင်းကို လိုက်ပြောနေရတာလဲ . . .)
ထိုအချိန်မှာပင် အခန်းထဲမှနေ၍ ရဲရှောင် ထွက်လာလေသည်။
သေခြင်းနှင့်ရှင်ခြင်းခန်းမအတွင်းရှိစဉ်က သူ့ကိုယ်သူ ခရမ်းရောင်ချီဓာတ်များဖြင့် ကာရံထားခဲ့သဖြင့် မည်သူ မှ သူ၏မျက်နှာကို မြင်တွေ့ခြင်း မရှိခဲ့ပေ။ သို့သော် ယခုအခါတွင် သူ့ကိုယ်သူ ရုပ်လုံးပြလိုက်ချေပြီ။
ထို့ကြောင့် မြင်တွေ့လိုက်ရသော လူအပေါင်းအဖို့ ရဲရှောင်အား မချီးကျူးဘဲကို မနေနိုင်ကြတော့ချေ။
(အလိုလေး . . . တော်တော်ကို ချောမောခန့်ညားတဲ့ လူငယ်တစ်ယောက်ပဲ . . .)
“ကျေးဇူးတင်ပါတယ် သခင်လေး . . .”
“ကျုပ်တို့အသက်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ် သခင်လေး . . .”
လူအများအပြားမှာ ရဲရှောင်ကို မြင်သည်နှင့် ချက်ချင်းပင် အော်ဟစ်လိုက်ကြ၏။
၎င်းတို့၏ အသက်ကို ကယ်တင်ပေးခဲ့သည့် အံ့ဖွယ်သမားတော်အား မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီ မဟုတ်ပါလား။ အချို့ဆိုလျှင် ဝမ်းသာစိတ်နှင့်အတူ စိတ်မထိန်းနိုင်၍ မျက်ရည်များပင် ကျဆင်းလာကြ၏။
(ငါသေလုမျောပါးဖြစ်ခဲ့ရတယ် ဒါပေမယ့် ဒီသခင်လေးကြောင့်သာ ငါအသက်ရှင်နိုင်ခဲ့တာ . . .)
(ငါဘယ်လိုများ ကျေးဇူးမတင်ဘဲ နေနိုင်ပါ့မလဲ . . .)
“ဂုဏ်ယူပါတယ် . . . ကိုယ့်လူတို့ . . . အခုဆိုရင် ခင်ဗျားတို့အားလုံး နေကောင်းသွားကြပြီ . . .”
ရဲရှောင်မှပြုံးလျက် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ခင်ဗျားတို့အားလုံး သိထားတဲ့အတိုင်းပဲ ကျုပ်က သေခြင်းနဲ့ရှင်ခြင်းခန်းမကို တည်ထောင်ခဲ့တယ်ဆိုတာ အရည်အချင်းရှိတဲ့ လူတွေကို စုဆောင်းဖို့အတွက်ပဲ၊ အဲဒီတော့ ဆေးရုံတစ်ခုလိုဖြစ်နေတဲ့ ဒီနေရာမှာ လူတွေ ဒီအတိုင်း သေသွားမှာကို ကျုပ်ကြည့်မနေနိုင်ဘူး . . .”
“အဲဒီလိုလုပ်ပေးတဲ့အတွက် ခင်ဗျားတို့ကို ကျုပ်အဖွဲ့ထဲဝင်ဖို့ လုံးဝတွန်းအားမပေးဘူး ဒါပေမယ့် ဒီကထွက် သွားပြီးရင် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျုပ်ကို အတိုက်အခံမလုပ်ဘူး၊ မဆန့်ကျင်ဘူးလို့တော့ ကတိပေးခဲ့ရမယ်၊ ပြီးရင် ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ ကျုပ်အတွက် ကိစ္စတစ်ခုလုပ်ပေးရမယ်၊ နောက်ဆုံးတစ်ချက်က ထွက်မသွားခင် မှာ ကျသင့်တဲ့ ဆေးဖိုးတော့ ပေးသွားပေါ့ . . .”
ရဲရှောင်မှ ခေတ္တမျှနားရင်း ပြောလိုက်၏။
“သေခြင်းနဲ့ရှင်ခြင်းခန်းမက ခင်ဗျားတို့ကို သေရာကနေရှင်အောင် ပြန်လုပ်ပေးခဲ့တယ်၊ ကုသတဲ့နေရာမှာ ကျုပ်သုံးခဲ့တဲ့ ဆေးလုံးတွေ၊ ဆေးပစ္စည်းတွေအားလုံးက တန်ဖိုးရှိတဲ့အရာတွေချည်းပဲ၊ ဒါကိုလည်း အတွေ့အကြုံရှိ တဲ့ ခင်ဗျားတို့က ကျုပ်ပစ္စည်းတွေ ဘယ်လောက်ကောင်းလဲဆိုတာကို သိမှာပါ . . .”
“ဒါပေမယ့် ခင်ဗျားတို့ကို အဲဒီတန်ဖိုးတွေအကြောင်း မပြောချင်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ ကျုပ်ခင်ဗျား တို့ကို ပေးခဲ့တဲ့အရာတွေက အနှိုင်းမဲ့အရာတွေမလို့ပဲ ဒါကထားပါ အခုအရေးကြီးတာ ပြောချင်တာက ခင်ဗျားတို့မှာ  လုံလောက်တဲ့ ငွေကြေးလည်းမရှိဘူး ကျုပ်အဖွဲ့ထဲလည်း မဝင်ချင်ဘူးဆိုရင် ကျုပ်ကို အသိပေးပါ . . .”
“ကျုပ်ရဲ့သေခြင်းနဲ့ရှင်ခြင်းခန်းမဆိုတာ လူ့အသက်တွေကို ကယ်တင်တဲ့နေရာ တောင်းစားတဲ့နေရာတစ်ခု မဟုတ်ဘူး၊ အဲဒီတော့ ကျုပ်က ပြောစရာရှိတာတွေကို အကုန်ပွင့်ပွင့်လင်းလင်းပြောရမှာပဲ . . .”
ထိုစဉ် မန်ယုဂျန်မှ -
“သခင်လေးရဲက ကျုပ်တို့ကို ဒီလောက်ထိ ကျေးဇူးပြုပေးခဲ့တာ အဲဒီအတွက် ကျုပ်ဘက်က လုံလောက်တဲ့ ငွေကြေးနဲ့ လုံလောက်တဲ့အင်အား ပြန်မပေးနိုင်မှာကိုတောင် ရှက်ရွံ့မိပါတယ် . . .”
“ဒီလိုအခြေအနေမှာ ဒီခန်းမကနေ ကျေးဇူးကြွေးကို ပြန်မဆပ်ဘဲ ထွက်သွားဝံ့တဲ့လူရှိရင် မန်ယုဂျန်ဆိုတဲ့ ကျုပ်က အလွတ်မပေးဘူးလို့သာ မှတ်ထားလိုက် . . .”
“ဟုတ်တယ် . . . ဒီလိုဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်မျိုးကို လုပ်လို့ကတော့ အဲဒီလူကို အသက်ရှင်ရက်နဲ့ ထွက် မသွားစေရဘူး . . .”
ရဲရှောင်မှ ခေါင်းညိတ်လိုက်ရင်း -
“ကိုယ့်လူတို့ . . . သိပ်ပြီးတော့လည်း ခံစားမနေပါနဲ့ ကျုပ်ပြောခဲ့သလိုပဲ ကျုပ်က ဘာမှကြီးကျယ်တဲ့အရာ မျိုးတွေ လုပ်မနေချင်ဘူး၊ တကယ်လို့ ခင်ဗျားတို့မှာ လုံလောက်တဲ့ငွေကြေးမရှိဘူးဆိုရင် ကျုပ်ကိုပြော အဲဒီလိုပြောဖို့ အတွက်လည်း တွေဝေမနေနဲ့ ကျုပ်က ငွေနောက်လိုက်နေတဲ့ ငွေကျွန်တစ်ယောက်မဟုတ်ဘူး . . .”
“ဒါပေမယ့် သေခြင်းနဲ့ရှင်ခြင်းခန်းမမှာက စည်းမျဉ်းတွေရှိတယ် အဲဒီတော့ လူတစ်ယောက်က ဒီခန်းမရဲ့ နာမည်ဆိုးစာရင်းဝင်သွားပြီဆိုတာနဲ့ အဲဒီလူ မသေခင်အထိ သူရော သူနဲ့ပတ်သက်သမျှ လူမှန်သမျှ အကုန်လုံး ဒီ ခန်းမရဲ့ ကုသမှုကို ဘယ်တော့မှ ခံရမှာ မဟုတ်ဘူး၊ ဒါကဒီနေရာရဲ့ စည်းမျဉ်းတွေထဲက တစ်ခုပဲ၊ ခင်ဗျားတို့အားလုံး ဒါကိုနားလည်လိမ့်မယ်လို့ ထင်ပါတယ် . . .”
ရဲရှောင် ထိုသို့ပြောလိုက်ချိန် ရှိနေသော လူများအားလုံးမှာ တုန်လှုပ်သွားကြလေသည်။
သေခြင်းနှင့်ရှင်ခြင်းခန်းမ၏ ချမှတ်ထားသော စည်းမျဉ်းက အလွန်တရာ ရက်စက်လွန်းနေသည် မဟုတ်ပါ လား။ ထိုစည်းမျဉ်းကြောင့် နာမည်ဆိုးစာရင်းဝင်နေသော လူသာ ကုသမှု မခံယူရသည်သာမက ထိုလူနှင့် ပတ်သက် သည့် လူမှန်သမျှပါ ကုသမှုမှ ကင်းဝေးရမည်ဖြစ်၏။
လူအချို့အနေဖြင့် လက်ရှိအချိန်တွင် ဝေဒနာများမှ သက်သာသွားပြီဖြစ်၍ သေခြင်းနှင့်ရှင်ခြင်းခန်းမ၏ အကူအညီကို မလိုအပ်တော့ဟု တွေးကောင်း တွေး၍ရနိုင်သည်။ သို့သော် သူတို့၏ မိသားစုဝင်များနှင့် မိတ်ဆွေများ မှာမူ ယခုခန်းမ၏ အကူအညီကို မယူနိုင်ဟု တရားသေတွေး၍ မရနိုင်ပေ။
နောက်ဆုံး ထိုလူနှင့် သူ၏မိသားစုဝင်များ၊ မိတ်ဆွေများက အကူအညီကို မလိုအပ်နိုင်သည့်တိုင် သေခြင်း နှင့် ရှင်ခြင်းခန်းမကို မျက်နှာလုပ်လိုသည့်လူများက ထိုလူများကို သတ်ဖြတ်ပေးကြမည်သာ။ ထို့ကြောင့် ဤသည် က ရက်စက်လှသော စည်းမျဉ်းတစ်ခုဟုပင် ဆိုနိုင်၏။
ရဲရှောင်မှ -
“ကိုယ့်လူတို့ . . . ခင်ဗျားတို့လည်း ဒီကိုရောက်တာ အချိန်တစ်ခုတော့ကြာပြီဆိုတော့ ခင်ဗျားတို့ ဆုံးဖြတ်ပြီး ပြီလို့ထင်တယ်၊ အဲဒီတော့ အပိုစကားတွေမပြောဘဲ ခင်ဗျားတို့ရဲ့ ဆုံးဖြတ်ချက်အတွက်ပဲ အာရုံစိုက်ကြပါ . . .”
ရဲရှောင် ထိုသို့ပြောလိုက်ချိန် ဂွမ်တိုင်မန်နှင့် သူ၏လူများမှာ စားပွဲနှစ်လုံးကို သယ်လာ၏။ စင်စစ် အဆိုပါ စားပွဲများက အဆုံးအဖြတ်များကို ဆောင်ရွက်ပေးမည့် စားပွဲများပါပင်။
စားပွဲတစ်လုံးက သဘောတူညီမှုနှင့် ငွေကြေးလက်ခံမှုကို ဆောင်ရွက်ပြီး အခြားစားပွဲတစ်လုံး၌မူ ဧကရာဇ် ခန်းမ၏အဖွဲ့ဝင်စာရင်းတွင် နာမည်စာရင်းရေးသွင်းမည်ဖြစ်၏။
သေချာသည်မှာ နာမည်စာရင်းတွင် ရေးသွင်းလိုက်ရမည့် လူများစွာရှိနေမည်မှာမူ ငြင်း၍မရနိုင်ပါချေ။
“ကျုပ်ရဲ့စကားတော့ ကျုပ်မပြောင်းလဲဘူး ဧကရာဇ်ခန်းမရဲ့အဖွဲ့ထဲ မဝင်ချင်တဲ့ လူတွေဆိုရင် ထွက်လာခဲ့ ကြပါ၊ ဘယ်သူ့ကိုမှ ကျုပ်က ဟိုဟာဒီဟာလုပ်ပါ မတိုက်တွန်းဘူး ဒါပေမယ့် စည်းမျဉ်းအရတော့ ထွက်သွားချင်တဲ့ လူတွေက ကျသင့်ငွေပေးပြီး ကတိတစ်ခုပြုဖို့ပဲ အဲဒါဆိုရင် ခင်ဗျားတို့လည်း လွတ်လွတ်လပ်လပ် သွားလို့ရပြီ . . .”
“ကဲ . . . ခင်ဗျားတို့တွေ အကောင်းဆုံး ရွေးချယ်မှုလုပ်နိုင်မယ်လို့ ကျုပ်မျှော်လင့်ပါတယ် . . .”
ရဲရှောင်၏ စကားအဆုံးတွင် လူအုပ်ကြီးမှာ လှုပ်ရှားမှုမရှိ၊ တိတ်ဆိတ်လျက်သာရှိနေ၏။
ရဲရှောင်မှ ထိုမြင်ကွင်းကိုကြည့်ကာ ပြုံးလိုက်ရင်း -
“ကျုပ်တို့အားလုံးရဲ့ ရည်ရွယ်ချက်တွေက မတူနိုင်ကြဘူး အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် သိပ်ပြီးတွန်းအား မပေးကြပါနဲ့၊ ကျုပ်တစ်ခုပြောချင်တာက အဖွဲ့စည်းတစ်ခုထဲဝင်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ကန့်သတ် လိုက်တာပဲ အဲဒီတော့ ဒီအဖွဲ့ထဲ မဝင်ခင်တုန်းကလို ခင်ဗျားတို့ လွတ်လွတ်လပ်လပ် နေရမှာတော့ မဟုတ်ဘူး . . .”
“အဲဒီခံစားချက်က ဘယ်လိုလဲဆိုတာ ကျုပ်လည်း သိပါတယ် အဲဒါကြောင့် သိပ်ပြီးတွေဝေမနေကြပါနဲ့၊ ကျုပ်ကတော့ ကျုပ်ပြောပြီးသားစကားကို မရုတ်သိမ်းတတ်ဘူး . . .”
ထိုအချိန် လူအုပ်ထဲမှ တစ်ယောက်မှ ချီတုံချတုံဖြစ်နေသည့် အသံမျိုးဖြင့် -
“သခင်လေး . . . ကျသင့်ငွေက ဘယ်လောက်လဲဆိုတာ ပြောပြပေးလို့ရနိုင်မလား . . .”
ထိုလူ၏အသံမှာ မဝံ့မရဲဖြစ်နေလေသည်။ စင်စစ် ငွေပမာဏမနိုင်မည်ကို စိုးရိမ်နေခြင်းဖြစ်၏။
ထိုအချိန် အခြားလူများမှာလည်း ထိုလူမေးလိုက်သည့် မေးခွန်း၏အဖြေကို သိလိုချင်နေကြသည်။ သေချာ သည်မှာ ယာယီအသက်ဓာတ်ဆေး တစ်လုံးနှင့်ပင် ကုန်ကျစရိတ်က များပြားနေမည် မဟုတ်ပါလား။
တကယ်တမ်းတွင် ယာယီအသက်ဓာတ်ဆေးမှာ ဒဏ်ရာများကို ကုသပေးနိုင်ခြင်းမရှိချေ။ သို့သော် အသုံးပြု ရာတွင်မူ အကန့်အသတ်မရှိချေ။ ထို့ကြောင့် ထိုသို့သော ဆေးလုံးမျိုးမှာ အသုံးဝင်လှသည်သာမက တန်ဖိုးလည်း ကြီးမြင့်နိုင်လေသည်။
ထိုမျှမက ရဲရှောင်၏ဆေးလုံးများက ထူးခြားအစွမ်းထက်အဆင့်များသာ ဖြစ်နေ၏။ ထိုအချက်များကြောင့် သာမန်ဆေးလုံးများထက် လေးငါးဆခန့် ပိုမို၍ ဆေးမြင့်မည်သာ။
လူတိုင်း၏စိတ်ထဲ၌လည်း ထိုဆေးလုံး မည်မျှတန်ဖိုးကြီးသည်ကို ကောင်းစွာ သိနေကြသည်။ အကယ်၍ သူ တို့သာ ရဲရှောင်ထံမှ ထိုဆေးလုံးများ မရခဲ့ပါက မည်သို့မှ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပါ။
ထို့ကြောင့် သေရွာသို့ရောက်ခါနီးလူများကိုပင် ပြန်ရှင်စေနိုင်သည့် ထိုဆေးလုံးများက ဈေးပေါသောဆေးလုံး များ မဟုတ်သည်ကို လူတိုင်းအဖို့ သိရှိ၍နေပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now