အခန်း (၁)

1.7K 45 2
                                    

ခေါင်းစဉ် - သူ ဘယ်သူလဲ




အခန်း(၁) ပါရမီရှင်တွေက သူတို့ရဲ့ ပါရမီကြောင့်ပဲ သေဆုံးကြရတယ်

လီချန်ချင်းသည် သူငယ်ရွယ်စဉ် ကျောင်းနေစဉ်ကာလတုန်းက ဖတ်ရှုဖူးခဲ့သော စာကြောင်းလေးတကြောင်းကို မှတ်မိနေသေးပေ၏။

ပါရမီရှင်တွေက သူတို့ရဲ့ ပါရမီကြောင့်ပဲ သေဆုံးကြရတယ်။

ထိုစဉ်တုန်းကတော့ ဘာလို့ ပါရမီရှင်တွေက သူတို့ရဲ့ ပါရမီကြောင့် သေဆုံးရတာလဲဆိုတာကို သူနားမလည်နိုင်ခဲ့ပေ။

ယခုတော့ သူကောင်းကောင်းကြီး နားလည်သွားခဲ့ချေပြီ။ပန်းပုဆရာတယောက်ဖြစ်သော သူသည် ဗီရိုပေါ်ရှိ သူထုလုပ်ထားသော ရုပ်ထုက သူ့အပေါ်သို့ ပြုတ်ကျပြီး သေဆုံးခဲ့ရလေတော့သည်။ထိုအချက်ကိုကြည့်ခြင်းအားဖြင့် သူ၏ ပါရမီနှင့် သူ သေဆုံးခဲ့ရသည်ဟု ပြော၍ရနိုင်သည် မဟုတ်ပါလား။

သူ သေအံမူးမူးအချိန်ကာလတွင် လီချန်ချင်းသည် စိတ်ပေါ့ပါးသွားမှုကိုသာ ခံစားခဲ့ရလေတော့သည်။

သူက ဘဝတလျှောက်လုံးတွင် ပန်းပုထုရန်ကို အလွန်အမင်း အရူးအမူးဖြစ်နေခဲ့တော့၏။သူ၏ ပန်းပုပညာမှာ တဖတ်ကမ်းခတ်အောင် ကျွမ်းကျင်သည့် အနေအထားသို့ ‌ေရာက်နေပြီ ဖြစ်သည့်တိုင် ထိုကျွမ်းကျင်မှုမှာ သူ့အား ကောင်းမွန်သော ဘဝတခုကို ရရှိအောင် မကူညီပေးနိုင်ခဲ့ပေ။

သူ့ ဇနီးမှာ အကြီးအကျယ်ဖျားနားနေကာ သူမကို ကုသရန်အတွက်လည်း သူ့တွင် လောက်ငှသော ငွေကြေးရှိမနေခဲ့ပေ။နောက်ဆုံးမှာတော့ သူမ ဆုံးပါးသွားခဲ့ရလေတော့သည်။သူ၏ တဦးတည်းသော သားမှာလည်း ကြီးပြင်းလာသောအခါ အပေါင်းအသင်းမှားတော့လေသည်။သူ့သားမှာ အလုပ်မလုပ်ပဲ သူ့ထံမှ ပိုက်ဆံကိုသာ တွင်တွင်သာ တောင်းနေတတ်တော့လေသည်။ပိုက်ဆံ မရပါက အိမ်ရှိတန်ဖိုးကြီး ပစ္စည်းများကို ခိုးယူတော့လေ၏။အချုပ်လဲ မကြာခဏကျတတ်လေသည်။ထောင်နှင့်အိမ်မှာ အိမ်ရှေ့နှင့် အိမ်နောက်ကို သွားနေသကဲ့သို့ပင် ဖြစ်နေပြီး သူ့သားအတွက် မဆန်းတော့ပေ။

သူ ဘယ်သူလဲWhere stories live. Discover now