အခန်း ၉

365 39 0
                                    

သူ ဘယ်သူလဲ?

ဘာသာပြန် - Zeus

အခန်း(၉)

"ငါ့ရဲ့ ပါဆယ်ထုတ်?"

လီဟမ်ရှန်း၏ အမူအရာမှာ အံ့အားသင့်သွားဟန်ရှိလေ၏။ထို့နောက်တွင် သူက သယ်ဆောင်လာသော ထင်းတုံးကြီးနှစ်တုံးကို မြေပြင်ပေါ်သို့ လျင်မြန်စွာ ပစ်ချလိုက်ပြီးနောက် လုချောင်းချောင်း၏ လက်ထဲမှ ပါဆယ်ထုတ်ကို လှမ်းယူလိုက်သည်။ပါဆယ်ထုတ်မှာ အနည်းငယ် လေးလံနေခဲ့သည်။

သူက လမ်းနံဘေးရှိ ကျောက်တုံးတတုံးပေါ်တွင် ထိုင်ချလိုက်၏။ပါဆယ်ထုတ်ပေါ်တွင် သူ့နာမည်ကို မြင်လိုက်သောအခါတွင် သူ့မျက်လုံးများတွင် ပျော်ရွှင်သော ခံစားချက် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့လေသည်။သို့သော် ချက်ချင်းပင် လီဟမ်ရှန်းသည် ခါးသက်သက် ပြုံးလိုက်ပြီး ပါဆယ်ထုတ်ကို ဖွင့်ရန် တွန့်ဆုတ်နေခဲ့တော့လေ၏။

"အကိုလီ ဘာဖြစ်လို့ မဖွင့်သေးတာလဲဟင်" လုချောင်းချောင်းသည် လီဟမ်ရှန်း၏ နံဘေးတွင် တောက်ပစွာ ပြုံးရင်း

"အကို့အဖေက စာပြန်မပို့လို့ အကိုပဲ အမြဲတဗျစ်တောက်တောက်နဲ့ ပြောနေခဲ့တာမဟုတ်ဘူးလား။အခု သူစာပြန်ပို့ပြီလေ အဲ့ဒါကို ဘာလို့ အကို့ရုပ်ကြီးက စူပုတ်နေရတာလဲ"

ထိုစကားကို ကြားသော် လီဟမ်ရှန်းမှာ ခါးသက်စွာပြုံးကာ သက်ပြင်းမောကြီးတချက်ချလိုက်တော့လေသည်။

"ငါ့အဖေက ပန်းချီပညာကို အရမ်းရူးသွပ်လွန်းနေတယ် ဒါပေမယ့် သူ့မှာက ပန်းချီပါရမီ ပါမလားဘူး။အရင်တုန်းက ငါက သူ့ကို ငွေနည်းနည်းပဲ ပို့နိုင်ခဲ့တယ်။သူက ခဏခဏ ငွေထပ်တောင်းပေမယ့် ငါလည်း ဒီမှာ သုံးစွဲဖို့ လိုသေးတာမို့လို့ ငါ သူ့ကို စာပြန်မပို့ခဲ့သလို သူတောင်းခဲ့တဲ့ ငွေတွေကိုလည်း မပေးခဲ့ဘူး။အဲ့ဒါကြောင့် ငါ့အဖေက ငါ့ကို စိတ်ဆိုးပြီး နှစ်ဝက်တိတိ စာလုံးဝ မရေးခဲ့ဘူး"

လုချောင်းချောင်းသည် တိတ်ဆိတ်စွာ နားထောင်နေခဲ့လေသည်။သူမ အရှေ့က လူငယ်လေး၏ ကြမ်းတမ်းခက်ခဲသော ဘဝကို သူမ သိနားလည်ပေသည်။

အစေခံတပည့်ဖြစ်နေသောကြောင့် လီချန်ချင်းသည် တလကို ငွေပြားတစ်ရာကျော်ခန့်သာ ဂိုဏ်းက ကျင့်ကြံခြင်းအရင်းအမြစ်အနေနဲ့ ထုတ်ပေးခြင်းကို ခံရလေသည်။ထိုရရှိသော ငွေကြေးများမှ တဝက်ခန့်ကို တွင်းနက်ကြီးကဲ့သို့ ဘယ်လောက်ထည့်ထည့် မပြည့်နိုင်သော ဖခင်ဖြစ်သူကို ပြန်ပို့ပေးခဲ့ရပြန်သည်။

သူ ဘယ်သူလဲWhere stories live. Discover now