အခန်း ၂၄

394 43 0
                                    

သူ ဘယ်သူလဲ

ဘာသာပြန် - Zeus

အခန်း (၂၄) ဘာလို့များ တခြားပန်းချီကားတွေက မရှိနေတာလဲ

“ကျေးဇူးပါပဲ.. ကျုပ်လည်း ဗိုက်နည်းနည်းဆာနေခဲ့တာ” လီချန်ချင်းသည် သူ ဗိုက်ဆာနေသည်ကိုပင် သတိမထားမိခဲ့ပါချေ။

ဟင်းပွဲများကို ကြည့်ပြီးမှသာ သူက စာအုပ်များကို အငမ်းမရ ဖတ်ရှုမိနေခြင်းကြောင့် ဆာလောင်မှုဝေဒနာကို မေ့လျှော့နေမှန်းကို သတိပြုမိလာတော့သည်။

“ဆရာကြီးက ကျင်းဟုန်မျှော်စင်က ဟင်းလျာတွေကို နှစ်သက်တယ်ဆိုတာကို မိသားစုခေါင်းဆောင်က သိလို့ လူလွှတ်ပြီးတော့ ဝယ်ခိုင်းထားတာတွေပါ။ဖြေးဖြေးချင်း သုံးဆောင်လိုက်ပါဦး။ဟင်းခွက်ပန်းကန်တွေကို နောက်မှပဲ ကျုပ်လာသိမ်းပေးပါ့မယ်”

အကြီးအကဲမှာ ယဉ်ကျေးစွာ ဆိုလိုက်လေသည်။

“အလုပ်ရှုပ်စေမိပါပြီ” လီချန်ချင်းသည် ချက်ချင်းပြန်ပြောလိုက်သည်။

သူက နေရာတနေရာကို ရှာကာ ထိုင်ပြီး စားသောက်လိုက်သည်။

အကြီးအကဲ၏ အမူအရာမှာ အနည်းငယ် ကူကယ်ရာမဲ့နေဟန်တော့ ရှိနေခဲ့သည်။ဝမ်ရှုမျှော်စင်သည် ယန်အိမ်တော်၏ အရေးပါသော နေရာတနေရာ ဖြစ်ပါသည်။သခင်လေးများနှင့် မိသားစုဝင်များပင်လျှင် ဤနေရာ၌ အစားအသောက်စားသောက်ခြင်းကို ခွင့်မပြုထားခဲ့ပေ။ဤနေရာ၌ နှာချေမိလျှင်ပင် အပြစ်ပေးခံရမည့် အထွတ်အမြတ်နေရာမျိုးလည်း ဖြစ်ပါသည်။

အဘယ်ကြောင့်ဆိုသော် စာအုပ်များအပြင် ဤနေရာ၌ တန်ဖိုးကြီးကာ အဖိုးမဖြတ်နိုင်သည့် ပန်းချီကားများလည်း ရှိနေခြင်းကြောင့်ပင်။

လီချန်ချင်းသည် ယန်အိမ်တော်၏ သမိုင်းတလျှောက်တွင် ဝမ်ရှုမျှော်စင်၌ ပထမဦးဆုံးသော အစားအသောက်စားသည့်သူပင် ဖြစ်လေသည်။

သူ ဘယ်သူလဲWhere stories live. Discover now