အပိုင်း ၄၈

263 34 0
                                    

အခန်း (၄၈)

“အမိန့်အတိုင်းပါ”

ပုံရိပ်များစွာသည် အလွန်ကျယ်လောင်သော ပဲ့တင်သံတစ်ခုနှင့် အတူ တုံ့ပြန်လာကြသည်။

"သခင်ကြီးရဲ့ အစီအစဉ်က မကြာခင်မှာ အကောင်အထည် ဖော်တော့မယ်၊စန်းယွမ် နယ်မြေ တစ်ခုလုံးဟာ ကြီးမားတဲ့ အပြောင်းအလဲကြီးတစ်ခု ကိုကြုံတွေ့ရတော့မှာပဲ" အနက်ရောင်ဝတ်ရုံနှင့်လူ၏အသံသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ထွက်ပေါ်လာခဲ့သည်။ " သခင်ကြီးပြန်လာတဲ့နေ့မှာ အရာအားလုံးကို အသစ်ပြန်ရေးလိမ့်မယ်!"

"သခင်ကြီးက တကယ့်ကို ပြိုင်ဖက်ကင်းတစ်ယောက်ပဲ! "

အောက်မှလူများထံမှလည်း တက်ကြွသော ကြွေးကြော်သံများထွက်ပေါ်လာခဲ့သည်။

...

သူတို့သည် နမ့်ရှန်တောင်တန်းနယ်မြေမှ အပြန်တွင် ဖေး ၏ကျောပေါ်မှစီးပြီး ပြန်လာခဲ့သောကြောင့် ချန်ထင် မြို့အစွန်သို့ရောက်ရန် အချိန်တစ်နာရီသာကြာမြင့်ခဲ့သည်။

"အစ်ကို ချန်ချင်း ကျွန်တော်အခု ပိုကောင်းလာပါပြီ။ မလိုလားအပ်တဲ့ ပြသနာတွေမတက်အောင် အမြန်ဝင်ကြတာပေါ့"  ရှမူဟိုင်က လီချန်ချင်းကို အနည်းငယ် အားနည်းနေသေးသည့်အသံဖြင့် ပြောလိုက်သည်။

"ကောင်းပြီလေ"

ထိုအချိန်မှသာ လီချန်ချင်းသည် ရွှေလင်းလန်သားရဲကို စီးနင်းကာ ချန်ထင်မြို့ထဲသို့ ပျံသန်းဝင်ရောက်ခြင်းသည် လူအများ၏အာရုံစူးစိုက်မှုကို အတော်လေး ခံရနိုင်သည်ကို တွေးလိုက်မိသည်။

ထို့ကြောင့် ဖေး ဆင်းသက်ရန်အတွက် မြို့ပြင်ရှိ ချောင်ကျသောနေရာတစ်ခုကို ရှာဖွေကာ ဆင်းသက်လိုက်ကြသည်။

သူ ဘယ်သူလဲWhere stories live. Discover now