အခန်း ၂၉

349 37 0
                                    

အခန်း (၂၉) နှင်းငှက်မွှေးကိုယ်ဖော့သိုင်း

“စီနီယာလီချန်ချင်း ဒါဆိုလည်း သွားကြရအောင်” ရှမူဟိုင်က ပြောလိုက်လေသည်။

“မိုင်းတွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီးတော့ ကျုပ် ထင်မြင်ထားတာလေးတွေတော့ ရှိတယ်။ဒါပေမယ့် ကျုပ်အထင် မှန်၊မမှန်ကိုတော့ မသေချာပါဘူး။အချိန်ကျလာရင် စီနီယာလီချန်ချင်းရဲ့ အကူအညီနဲ့ လမ်းညွှန်မှုကို လိုလာပါလိမ့်မယ်”

“ကျုပ်တို့ ဒီထက် အချိန်ပိုဆွဲလို့ မဖြစ်တော့ဘူး။သွားရအောင်” လီချန်ချင်းသည် စိတ်ထဲ၌ ကူကယ်ရာမဲ့နေသည့်တိုင် နှုတ်မှ ထုတ်ပြောလိုက်သည်။

ငါ့ရဲ့ အကူအညီနဲ့ လမ်းညွှန်မှုတဲ့

ငါက ဘာမှ မသိဘူးလေ

မင်းကို ဘယ်လို လမ်းညွှန်ပေးရမှာလဲ

ဒါနဲ့ နေပါဦး

နမ့်ရှန်မိုင်းတွင်းက ဘယ်လောက်တောင်မှ ဝေးတာလဲ

ဘာလို့ ကိုယ်ဖော့သိုင်းနဲ့ ပြေးမှာလဲ။ဝေါယာဉ်လေးဖြစ်ဖြစ်၊ကုန်တင်လှည်းလေးနဲ့ ဖြစ်ဖြစ်သွားတာက ပိုမသက်သာဘူးလား။

လီချန်ချင်းသည် ရှမူဟိုင်၏ ဝတုတ်နေသော ကိုယ်ခန္ဓာကို တချက်ကြည့်ကာ၊ပြေးမယ်ဆိုရင်တောင်မှ ရှမူဟိုင်ကို သူ လိုက်မှီကောင်းပါရဲ့လို့ တွေးတောနေခဲ့မိသည်။

စန်းယွမ်တိုက်ကြီးထဲသို့ ဝိဉာဉ်ကူးပြောင်းပြီးကတည်းကိုက ယခုခန္ဓာကိုယ်သည် သူ၏ ယခင်တုန်းက ခန္ဓာကိုယ်ထက် များစွာကို ငယ်ရွယ်လွန်းလှပေသည်။သူ၏ ရုပ်ပိုင်းဆိုင်ရာသန်စွမ်းမှုသည်လည်း ယခင်ဘဝကထက် များစွာတိုးတက်လာခဲ့ပြီ။

ယခု ခန္ဓာကိုယ်နှင့်သာဆိုပါက ဆယ်စက္ကန့်အတွင်း တစ်ရာမီတာ‌ေလာက်အထိတော့ အသာလေး ပြေးလွှားနိုင်သည်ဟု လီချန်ချင်း ခံစားနေရပါသည်။

သူ ဘယ်သူလဲWhere stories live. Discover now