အခန်း ၇

390 44 0
                                    

သူ ဘယ်သူလဲ?

ဘာသာပြန် - Zeus

အခန်း(၇) တစ္ဆေကျင့်ကြံသူ ယန်ဒေါင်ချန်

စာပါအကြောင်းအရာကြောင့် လီချန်ချင်း၏ ဆံပင်မွှေးများမှာ မိုးကြိုးပစ်ခံရသလိုကို ထောင်ထသွားတော့သည်။

လီချန်ချင်းသည် တစ္ဆေများနှင့် နတ်ဘုရားများကို ယုံကြည်သောသူတစ်ယောက် ဖြစ်လေသည်။ထို့ကြောင့် တစ္ဆေများရှိသည်ဟု သူကြားလိုက်သည်နှင့် လီချန်ချင်းသည် တခဏကြာအောင် ကြောက်လန့်သွားလေတော့သည်။

သူ၏ တပိုင်းတစထုလုပ်ထားသော ပန်းပုအရုပ်ကို ကြည့်ပြီးနောက်တွင် လီချန်ချင်းသည် ဆက်လက်၍ ပန်းပုဆက်မထုတော့ရန် ဆုံးဖြတ်လိုက်လေတော့၏။ထိုအစား နောက်ထပ် သစ်သားတုံးတတုံးကို ရှာဖွေလိုက်လေတော့၏။

ထို့နောက်တွင် သူသည် လွန်စွာလေးနက်နေသည့် အမူအရာနှင့် ပန်းပု စထုတော့လေသည်။

သူက စိတ်ဝင်တစားနှင့် လေးနက်စွာ ပန်းပုထုနေသောကြောင့် လီချန်ချင်း၏ နဖူးထက်တွင် တောက်ပနေသော အပြာရောင်အလင်းတန်းမှာ ပို၍ ပို၍ လင်းလက်လာကာ ဆန်းကြယ်သော အရှိန်အဝါများ ထုတ်လွှင့်လာလေတော့၏။သို့ပေမယ့် လီချန်ချင်းကိုယ်တိုင်ကမူ ထိုဖြစ်ရပ်ကို သတိမပြုမိပါချေ။

သူ၏ လှုပ်ရှားမှုများမှာ ကျွမ်းကျင်မှုအပြည့်နှင့် ဖြစ်နေကာ သူ သုံးပြုသည့် ကိရိယာများသည်လည်း သူ၏ ကျွမ်းကျင်သော ကိုင်တွယ်မှုအောက်တွင် တရိပ်ရိပ် ပြေးနေခဲ့လေသည်။

ညနေစောင်းသောအခါတွင် လူတဝက်လောက်အမြင့်ရှိသော ပန်းပုရုပ်ထုတရုပ်မှာ လီချန်ချင်း၏ ထုလုပ်မှုအောက်တွင် ပေါ်လာခဲ့တော့သည်။

၎င်းတွင် ကြာပန်းပုလ္လင်နှင့်ဖြစ်ပြီး ထိုပုလ္လင်ပေါ်တွင်တော့ ရဟန်းတပါး ထိုင်နေပေ၏။

ထိုရဟန်းကိုယ်တော်သည် သင်္ကန်းကို သပ္ပာယ်စွာရုံထားပြီး ညာလက်တွင် ရွှေသပိတ်ကို ကိုင်ထားလေ၏။ပုတီးကုံးကို လည်တွင်ဆွဲထားပြီး သူ၏ မျက်လုံးများကို ပိတ်ထားလေ၏။ထို ရုပ်ထုမှ ဒေါသဟူ၍လုံးဝမရှိပဲ မေတ္တာဓာတ်နှင့် ကြင်နာသော အရှိန်အဝါများသာ ထွက်ပေါ်နေလေတော့သည်။

သူ ဘယ်သူလဲWhere stories live. Discover now