အခန်း ၂၀

409 43 0
                                    

သူ ဘယ်သူလဲ?

ဘာသာပြန် - Zeus

အခန်း(၂၀) ဝမ်ရှုမျှော်စင်

ယန်အိမ်တော်သို့ ဝင်ရောက်ပြီးသောအခါတွင် ချမ်းသာသော မိသားစုဆိုသည်မှာ မည်သို့ဖြစ်ကြောင်းကို လီချန်ချင်းက ကောင်းကောင်းကို နားလည်သွားခဲ့တော့လေသည်။

ဒီနေရာ၏ အကျယ်အဝန်းမှာ မြို့လေးတမြို့စာလောက်ပင် ရှိနေသည်ဟု ခံစားခဲ့ရတော့သည်။

သူက ချမ်းသာသောမိသားစုများ၏ ခြံဝင်းများကို အရင်ဘဝတုန်းက ရုပ်ရှင်များတွင် မြင်ဖူးသည့်တိုင် လူကိုယ်တိုင် မြင်ရသည့် အတွေ့အကြုံမှာ ရုပ်ရှင်နှင့် မတူညီစွာ လုံးဝကို ခြားနားနေခဲ့တော့လေသည်။

အလုပ်ရှုပ်နေသော အစေခံများစွာတို့ကို နေရာအနှံ့တွင် တွေ့မြင်ရပေသည်။များစွာသော ခန်းမဆောင်များနှင့် မျှော်စင်များ၊ခမ်းနားသော နံရံကပ် ဆေးပန်းချီများနှင့် ရွှေရောင်မင်္ဂလာကြိုးများစွာတို့ရှိကြသည်။အားလုံးမှာ တန်ဖိုးကြီးမားကာ ခမ်းနားလှသည့် ပုံစံရှိသည်။

လီချန်ချင်းသည် လမ်းနည်းနည်း ပတ်လျှောက်ကြည့်လိုက်လေသည်။တံတားကို ဖြတ်ကာ ခြံဝင်းများနှင့် ပန်းခြံများစွာတို့ကိုလည်း ဖြတ်ကျော်ခဲ့ပါသည်။

သူ တကယ်ကို လမ်းပျောက်နေခဲ့ချေပြီ။

အစေခံများစွာတို့သည် လမ်းပျောက်နေသော လီချန်ချင်းအား သတိထားမိကြသော်လည်း မည်သူမျှ သူ့ထံသို့ လာမကူညီကြပေ။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ထိုအဖြစ်မျိုးနှင့် ရင်းနှီးနေပြီးသောကြောင့် ဖြစ်သည်။ဖြစ်နိုင်သည်မှာ ယန်အိမ်သို့ လာပြီး အကျိုးအမြတ်တခုခု ရရှိရန်အတွက် အကူအညီလာတောင်းသူ ဖြစ်ရပေမည်။

သူသာ ထိုကဲ့သို့ လျှောက်သွားနေခဲ့ပါက ယန်မိသားစု၏ ကင်းလှည့်အဖွဲ့နှင့် ကြုံရပြီး အိမ်အပြင်သို့ မောင်းထုတ်ခံရလိမ့်မည် ဖြစ်လေသည်။

သူ ဘယ်သူလဲWhere stories live. Discover now