Episode: 1

627 49 76
                                    

Unicode

ညအချိန်မတော် လရောင်ပျပျအောက်တွင် ကျန်းဟောက်တယောက် တောနက်ထဲ အသက်လုပြီး ပြေးနေရသည်။ အားကစားမလိုက်စားခဲ့သည့်အကျိုးက ခုအချိန်မှပင် ထိလေသည်။ သူဘယ်လောက်ပြေးပြေး မလွတ်ချေ။ ချောက်ကမ်းပါးစွန်းနားတွင် မောဟိုက်စွာရပ်နေသော ကျန်းဟောက်ကို လူဆိုးဂိုဏ်းသား ဆယ်ယောက်ကျော်လောက်က ဖမ်းဆီးရန်စောင့်နေ၏ ဂိုဏ်းစတားများ၏ ရက်စက်စွာသတ်ဖြတ်ခြင်းကိုခံမည်လော သို့တည်းမဟုတ် အမြင့်​ပေမှန်းမရသည့် ချောက်ကမ်းပါးထဲသို့ ခုန်ချမည်လော သူနှစ်ခါပင်မတွေးပါချေ မျက်စိမှိတ်ကာ ချောက်ကမ်းပါးအစွန်မှ ခုန်ချလိုက်တော့သည်။

သူ ဘာများမှားသွားသနည်း
ဆင်းရဲသည့်မိသားစုမှ ကြိုးကြိုးစားစားနေလာခဲ့ပြီး ပညာသင်ဆုရသည့်တိုင် အချိန်ပိုင်းအလုပ်တွေလုပ်ရင်း မိသားစုကိုလည်း ထောက်ပံ့ခဲ့ရသည်။ မတရားတာမြင်လျှင် မနေနိုင်သည့်သူက မူးယဇ်ဆေးမှုတခုအတွက် မျက်မြင်သက်သေဖြစ်လာရသည်။ ရဲတွေ၏ ကာကွယ်ပေးမည်ဟူသော ကတိကိုယုံမိသဖြင့် အခုလိုသနားစဖွယ်သေရတော့မည်။

"မိုးနတ်မင်းကြီး ဒီအတိုင်းပဲကြည့်နေတော့မှာလား ကျနော်ဒီလောက်လိမ်လိမ်မာမာနေခဲ့ရဲ့သားနဲ့ ပိုက်ဆံမချမ်းသာခင် အလုပ်အကိုင်ကောင်းကောင်းလေးတခုတောင်မရခင် ရည်းစားလေးတယောက်တောင် မရလိုက်ခင် ကျနော့်ကို ဒီအတိုင်း ပေးသေလိုက်တော့မှာပါလား မိုးနတ်မင်း---"

စိတ်ထဲမကျေမနပ် ရေရွတ်လိုက်ရင်း ကျန်းဟောက်ရဲ့ ခန္တာကိုယ်လေးဟာ ချောက်ကမ်းပါးအောက်မှ ပင်လယ်ရေပြင်ထဲသို့ ပလုံခနဲ ပြုတ်ကျကာ နစ်မြုပ်သွားတော့သည်။

သေခါနီး ထင်ယောင်ထင်မှားမြင်တာလားတော့မသိပါ ခန္တာကိုယ်တောင့်တောင့်နှင့် အမျိုးသားတစ်ဦးက သူ့ကိုလာကယ်သည်တဲ့ ကျန်းဟောက်ရူးသွားတာဖြစ်မည် လုံးဝကို မဖြစ်နိုင်ဘူးမဟုတ်လား

---------

အထိအတွေ့သည် နူးညံ့၏ တိမ်တွေပေါ်အိပ်စက်နေရသလိုပင် နှာခေါင်းထဲမှာလည်း Grade Fruit အနံ့လေးရနေသလိုလို
မဟုတ်မှလွဲ နောင်ဘဝများလား ဒီလောက်သာယာနေရင်ဖြင့် နတ်ပြည်ဖြစ်လိမ့်မည် ဟုတ်သား သူဒီလောက် ကောင်းကောင်းမွန်မွန်နေခဲ့တာ နတ်ပြည်ရောက်သင့်သည်ပေါ့
အထင်နှင့် သူမျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်လိုက်တော့ သူနဲ့ရွယ်တူလောက် ကောင်လေးက သူလဲလျောင်းနေသည့် အနားမှာငုတ်တုတ်​လေးထိုင်နေတာ တွေ့လိုက်ရသည်။

FanficWhere stories live. Discover now