Episode: 3

290 48 83
                                    

Unicode

"သခင်လေး မနက်စာချက်ဖို့ အဆင်သင့် ဖြစ်နေပါပြီ"

ကျန်းဟောက်မှာ စောစောစီးစီးအိပ်ယာထ ကျယ်ဝန်းသောရေချိုးခန်းကြီးထဲ ဇိမ်ယူကာ ဆေးကြောသန့်စင်အပြီး ထမင်းစားခန်းထဲ တခုခုစားရန် ထွက်လာလာခြင်း အိမ်တော်ထိန်းကြီးပြောသည့်စကားကြောင့် ပါးစပ်အဟောင်းသား

"နားကြားများ မှားသွားလား --- ဒီလို အိမ်တော်မျိုးက သခင်လေးကိုဆို မနက်စာ အဆင်သင့်ဖြစ်နေပါပြီ ပြောရမှာမဟုတ်ဘူးလား"

"သခင်လေးက ဆောင်းသခင်လေးအတွက် အစားအစာကို တခြားလူတွေပြင်ပေးတာမျိုးကို မကြိုက်ဘူးဆိုပြီး အမိန့်ထုတ်ထားပါတယ်"

(ဟ --- ဘယ်လိုတောင် Fanfic ထဲက ကျန်းဟာအိုကတော့ စရေးမပါတာတွေပဲလုပ် ---) စိတ်ထဲကြိတ်ဆဲပြီးမှ

"အခု အမိန့်ပြန်ပြင်လိုက်မယ် --- ဒီနေ့ကစပြီး ဆောင်းဟန်ဘင်းကို ဘယ်သူချက်ကျွေးကျွေးရတယ် --- ငါကတော့ မချက်ဘူး"

"ဟင်" "ဟယ်" "ဘာ"

သူပြောလိုက်သည့် စကားကြောင့် အိမ်တော်ထိန်းကြီးရော အိမ်ဖော်ကောင်မလေးများတင်မက နောက်ကရပ်ကာ နားထောင်နေသည့် ဆောင်းဟန်ဘင်းပါ အာမေဋိတ်သံတွေ ထွက်လာတော့သည်။

"မင်း ဘာပြောလိုက်တာ ---"

ရုတ်တရက်နောက်ကနေ ဆောင်းဟန်ဘင်းအော်လိုက်သည့်အသံကြောင့် အနည်းငယ်လန့်ပြီး တုန်သွားသော်လည်း ချက်ချင်း မထီမဲ့မြင်ပုံစံ ပြန်ကြည့်ပေးလိုက်ပြီး

"အော် ရောက်နေတာလား --- အင်း ကြားလိုက်တဲ့အတိုင်းပဲ ---"

"မရဘူး ကိုယ့်ယောကျ်ားကို မနက်စာပြင်ပေးရမှာ မင်းတာဝန်ပဲလေ"

ဆောင်းဟန်ဘင်း ထိုသို့ပြောလိုက်တော့ အိမ်တော်ထိန်းကြီးနဲ့ အိမ်ဖော်များမှာ တအံ့တသြ ---

ကျန်းဟောက်က မနက်တိုင်း မနက်စာကိုယ်တိုင်ပြင်ပေးခဲ့သည်ဆိုပေမယ့် ဆောင်းဟန်ဘင်းကတော့ ဘယ်တုန်းကမှမစား အမြဲလျစ်လျူရှုခဲ့သည် မဟုတ်ပါလား။ အခုတော့ ဘယ်လိုတွေဖြစ်ပါလိမ့် တွေးနေတုန်းကျန်းဟောက်ကတော့ ခါးထောက်ပြီး

FanficWhere stories live. Discover now