Episode: 5

309 37 104
                                    

Unicode

ကျန်းဟောက်ဂိုက်သင်သောအိမ်တိုင်း မုန့်ကျွေးလေ့ရှိသော်လည်း ဟန်ယူဂျင်းအိမ်မှလွဲရင် မစားဖြစ် ---
ရင်းနှီး၍ဆိုသည်ထက် ယူဂျင်းအိမ်ကကျွေးသောမုန့်များမှာ အမြဲလိုလို ထူးခြားနေလို့လည်းပါမည်။ ကျန်းဟောက်မသေခင်တရက် ကျွေးသောမုန့်မှာမူ Fortune Cookie

"မထင်မှတ်ထားသော ကံကြမ္မာအလှည့်အပြောင်း ကြုံရမည် ဆိုပါ့လား"

ကွတ်ကီးမစားခင် တခြမ်းဖဲ့ပြီး ဟောစာတမ်းစာလိပ်လေးထုတ်ကာ အော်ဖတ်တိုင်း ယူဂျင်းကတော့ ရယ်သည်။

"အစ်ကို ခုနကတခုတုန်းကလည်း ဖူးစာရှင်နှင့်တွေ့မည် ဆို---"

"အေး အဲ့မတိုင်ခင်ဆို ချမ်းသာသည့်ဘဝတွင် နေထိုင်ရမည် တို့ အိမ်ထောင်ဖက်နှင့် အဆင်မပြေဖြစ်ရလိမ့်မည် တို့တောင်ပါသေး ဘယ်လောက်ရယ်ရလဲ FA ဘဝသမားလေးကို လာပြောင်နေသလိုပဲ"

"ဒါပေမယ့် အစ်ကို-- ပထမဆုံးတခုကိုတော့ သတိထားအုံး ရေနစ်ကိန်းရှိသည်ဆိုလို့"

လူကြီးလေးတယောက်လို စိတ်ပူနေသည့် ယူဂျင်းခေါင်းလေးကိုဖွပြီး ကျန်းဟောက်ကတော့ ရယ်လိုက်မိသည်။

(အမယ် ယူဂျင်းကလည်း ငါ့ခေါင်းကို ပြန်လာဖွနေပါ့လား ဒီကလေး ---
အယ် နေပါအုံး ယူဂျင်းက ငါ့ကို အဲလိုမှမလုပ်တတ်တာ မဟုတ်မှလွဲရော)

မသင်္ကါသဖြင့် မျက်စိဖွင့်ကြည့်လေသော် သူ့ခေါင်းကိုလာဖွပြီး ပြုံးနေသော ဆောင်းဟန်ဘင်း

"ရား ---လန့်လိုက်တာ ---- ဘာလုပ်နေတာလဲ မင်း"

"အိပ်ယာလာနှိုးတာလေ --- ဟာအိုလေးရဲ့"

ဆောင်းဟန်ဘင်းစကားကြောင့် သူ့မယ် မျက်လုံးအဝိုင်းသား (ဘာလဲ ဒါကရော အိမ်မက်လား ဒါမှမဟုတ် တခြား Universe တခု ထပ်ရောက်သွားတာလား) သူအံ့သြလို့မဆုံးခင်မှာပင်

"ကိုယ်တောင်းပန်ပါတယ် ဟာအိုရယ်
မင်းရဲ့ Credit Card အကုန်ပြန်ဖွင့်ပေးထားတယ် ---
ဟိုနေ့က ဖျက်စီးမိတဲ့တယောနဲ့ ပုံစံတူလည်း ပြန်ဝယ်ပေးထားတယ် ---"

ဆောင်းဟန်ဘင်းစကားပင်မဆုံးသေး ကျန်းဟောက်မှာ သူ့နဖူးကို လက်ဝါးနှင့် ဘတ်ခနဲလာစမ်းလေ၏

FanficWhere stories live. Discover now