Episode: 7

309 44 72
                                    

Unicode

တသက်လုံး ရွှေဘုံပေါ်မှာထိုင်ကာ ဖူးဖူးမှုတ်ခံထားရသည့် ဆောင်းဟန်ဘင်းမှာ ခုတလောတွင်မှ အတော်လေးဘူနေရပြီ ---

'ကျနော်က ရပါတယ် အစ်ကိုထားခဲ့တဲ့နေရာမှာပဲ ရပ်ကျန်ခဲ့ပါ့မယ်' ဆိုပြီး သူမင်္ဂလာဆောင်ခါနီး ငိုနေခဲ့တဲ့ ဆော့မက်ခြူးလည်း ၇ လမပြည့်ခင်မှာပဲ နောက်တ​ယောက်ထပ်ရသွားခဲ့သလို ---
သူ့ကိုအသေအလဲကြိုက်၍ ယူထားသည့် ကျန်းဟောက်မှာလည်း ရေထဲခုန်ချပြီးတည်းက လုံးဝကို အချိုးပြောင်းနေတော့သည်။

အရင်ကဆို ကျန်းဟောက်က သူ့မျက်နှာတကမ္ဘာ ဆောင်းဟန်ဘင်းမှအပ ဘာကိုမှစိတ်မဝင်စား ---
အခုတော့ဖြင့် ဆောင်းဟန်ဘင်းကလွဲရင် တလောကလုံးကို စိတ်ဝင်စားနေလား ထင်ရသည်။ ကိုရီးယားမင်းသား တရုတ်မင်းသား အနောက်တိုင်းက မင်းသားတွေတင်မက အဆိုတော်ကြီးငယ်အရွယ်မရွေး အကုန်လိုက်ကြိုက်နေတော့၏

အရင်ကများ သူလေသံမာမာမဆိုလိုက်နဲ့ စိတ်ပျော့တဲ့ကျန်းဟောက်က မျက်ရည်တွေဝဲနေပြီ။ အခုတော့ဖြင့် သူတချက်အော်မိရင်တောင် ကျန်းဟောက်က သူ့ထက်နှစ်ဆကျယ်တဲ့အသံနဲ့ ပြန်အော်တာမျိုး နည်းနည်းလေးမှကိုအကြောမခံ ကက်ကက်ကိုလန်နေတာ ---
သူ့ကိုထိမိရင်လည်း တစက်လေးမှမကြိုက် ရိုက်လို့ရရင်ရိုက် မရိုက်ရရင်ကိုက် အဖွားအိမ်က ရန်လိုတတ်တဲ့ ကြောင်ဖြူကြီးမသေပဲဝင်ပူးနေလား ထင်ရအောင်ကို စွာတေးလန်နေသည်။
တယောရိုက်ချိုးလိုက်မိတဲ့နေ့ကများဆို အားရပါးရ ကိုက်ထည့်လိုက်တာများ နောက်နေ့ရုံးသွားတဲ့အထိတောင်မပျောက်

"ဟယ် ဒါရိုက်တာဆောင်းလက်က ဘယ်လိုဖြစ်တာလဲ"

ဓာတ်လှေကားအတူစီးမိသည့် မန်နေဂျာချာဝုန်းကီတောင် မေးယူရသည်အထိ

"ဘာဖြစ်ရမှာလဲ အိမ်က ကျန်းဟာအိုပေါ့--"

ချာဝုန်းကီဆိုတာ သူစိမ်းတော့မဟုတ် ကျန်းဟောက်နဲ့ ကျောင်းတုန်းက Classmate တွေဆိုတော့ ဆောင်းဟန်ဘင်းလည်း သူ့သူငယ်ချင်းကို တိုင်သည့်သဘောနဲ့ ပြောလိုက်လေသော်

"ဟင် ကျန်းဟာအို ကျောင်းတုန်းက အရမ်းရှက်တတ်ပြီး အေးအေးလေးပေမယ့် အခုကျ အဆိုးလေးဖြစ်နေတာပဲ --- ဟီးဟီး ရင်ခုန်စိတ်လှုပ်ရှားစရာ အိမ်ထောင်ရေးလေးပိုင်ဆိုင်ထားတဲ့အတွက် ဂုဏ်ပြုပါတယ်"

FanficWhere stories live. Discover now