Episode: 2

317 49 112
                                    

Unicode

ဤဇာတ်လမ်းတွင် ဆောင်းဟန်ဘင်းနှင့် ဆော့မက်ခြူးက ဇာတ်လိုက်
တောင်ကိုရီးယား၏ အချမ်းသာဆုံးသူဌေးသားနှင့် ဆင်းရဲသည့်အိမ်ကကောင်လေး၏
ကျောင်းသား BL အချစ်ဇာတ်လမ်းဖြစ်သည်။ Fanfic ပီသစွာ ရေးထားသည့် အကြောင်းအရာ အတော်များများ တစက်လေးမှ ယုတ္တိမရှိ၊ တကျောင်းလုံးမှ ကျောင်းသူများမှာ ရုပ်ချောသည့်ယောကျ်ားများကို မမြင်ဖူးသည့်နှယ် ဆောင်းဟန်ဘင်းကိုသာဝိုင်းကြိုက်ရသည် ပြီးနောက် ဆော့မက်ခြူးကို မနာလိုဖြစ်ပြီး အနိုင်ကျင့်ရသေးသည်။ ကောင်မလေးတွေအနိုင်ကျင့်သည်ကို ဆော့မက်ခြူးခမျာ ယောကျ်ားလေးတန်မဲ့မျက်ရည်စက်လက်နဲ့ ငြိမ်ခံနေရသေး ဆောင်းဟန်ဘင်း သို့မဟုတ် ဒုတိယမင်းသား ကင်ဂျီဝုန် လာမကယ်တင်မခြင်း သူ့ဘာသူကို မဖြေရှင်းနိုင် ဒီအတိုင်းငိုပြီး ငြိမ်ခံနေရသည်။ ဒီထက်အဓိပ္ပါယ်မရှိသည့် ဇာတ်ကောင်လည်းပါသေးသည်။ ထိုသူသည်ကား ဂျန်ဟာနူး၊ ဂျန်ဟာနူးသည် တော်လည်းတော် လှလည်းလှပြီး ပိုက်ဆံချမ်းသာသည်။ ကျန်းဟောက်လိုလည်း တယောထိုးတတ်သေးသည်။ သို့သော် ကြိုက်စရာလူရှားသည်လားမသိ ကျောင်းက လင်တရူးမများနှင့်အပြိုင် ဆောင်းဟန်ဘင်းကို တမ်းတမ်းစွဲကြိုက်ရသည်။ ကျိကျိတက်ချမ်းသာနေသော ဆောင်းအိမ်သည် သားဖြစ်သူအား မိန်းမမပေးစားပဲ သူတို့နှင့် မတိမ်းမယိမ်းလောက်ချမ်းသာသည့် သူဌေးသား ဂျန်ဟာနူးနှင့် ပေးစားလေ၏ စီးပွားရေးအရသာ လက်ထပ်လိုက်ရသော်လည်း ဆောင်းဟန်ဘင်းသည် ဂျန်ဟာနူးကို မကြိုက်ပေ အမြင်ပင်ကပ်နေသေးသည်။

ထို Fanfic ကို ကျန်းဟောက်ဂိုက်သင်နေကျ တပည့်လေး ဟန်ယူဂျင်းဖတ်နေတာတွေ့တိုင်း အမြဲဆူပူမိသည်။

"ယူဂျင်း အားတဲ့အချိန်ဆို အိပ်တာပဲဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားအားကစားတခုခုလုပ်တာပဲဖြစ်ဖြစ်လုပ်လိုက် ဒီလိုအမှိုက်သရိုက်နဲ့တူတာတွေ မဖတ်နဲ့ အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားတယောက်ရဲ့ အချိန်ဆိုတာ ဘယ်လောက်တောင် အဖိုးတန်လိုက်လဲ ဒါမျိုးတွေဖတ်ပြီး ဖြုန်းတီးလိုက်တာ နှမြောဖို့အရမ်းကောင်းတယ် ---"

FanficWhere stories live. Discover now